မေးလေ့ရှိသောမေးခွန်များ – Yadanarbon Zoo

မေးလေ့ရှိသောမေးခွန်များ

ဘီးတပ်ကုလားထိုင်ဖြင့် ဝင်လိုရသောဝင်ပေါက်ရှိပါသလား။

ရပါတယ်။မသန်စွမ်းသူများအားနွေးထွေးစွာကြိုဆိုပါတယ်။

မြန်မာကျပ်ငွေတစ်ခုတည်းဖြင့်သာဝင်ကြေးကိုလက်ခံပါသလား။

ဝမ်းနည်းပါတယ် မြန်မာငွေတစ်မျိုးတည်းသာ လက်ခံပါတယ်။

ဥယျာဉ်ထဲမှာအနားယူရင်စားသောက်လို့ရမည်နေရာရှိပါသလား။

လူမျိုးဘာသာမရွေးစာသုံးလို့ရအောင် စီစဉ်ပေးထားသောစားသောက်ဆိုင်များရှိပါတယ်။

အခြားကုမ္ပဏီအဖွဲ့အစည်းများအနေဖြင့် အုပ်စုလိုက်ဝင်ချင်ပါကမည်သို့ဆောင်ရွက်ရမည်နည်း။

အုပ်စုလိုက်ဝင်ခွင့်အတွက် ကြိုတင်၍ ဖောင်လျှောက်ထားနိုင်ပါတယ်။

ဥယျာဉ်အတွင်းလှည့်ပတ်ကြည့်ရှုရန် စီးစရာများဘိုကင်ကြိုလုပ်ရန်လိုပါသလား။

မလိုအပ်ပါဘူး၊ ဥယျာဉ်သို့ရောက်မှသာမိမိကြိုက်နှစ်သက် စက်ဘီး ၊ ဘက်ဂီကားများ ငှားစီးနိုင်ပါတယ်။

ဥယျာဉ်အနီးအနားမှာဘာစိတ်ဝင်စားစရာနေရာတွေရှိပါသလဲ။

ဥယျာဉ်အနီးအနားမှာ မန္တလေးနန်းတော် ၊ မန္တလေးတောင် ၊ ရွှေကျောင်း နှင့် အခြားစိတ်ဝင်စားစရာ နေရာအများအပြားရှိပါတယ်။

အလှူငွေများပါဝင်လှူဒါန်းလို့ရပါသလား။

အလှူငွေများပါဝင်လှူဒါန်းလိုပါကနွေးထွေးစွာကြိုဆိုပါတယ်။လက်မှတ်အရောင်းကောင်းတာတွင် အသေးစိတ်မေးမြန်နိုင်ပါတယ်။

တောရိုင်းတိရစ္ဆာန်များကိုလည်းဆက်သွယ်လှူဒါန်းလို့ရပါသလား။

ရပါတယ်။ ဖုန်းဖြင့်ဆက်သွယ်၍ အသေးစိတ်မေးမြန်းနိုင်ပါတယ်။

ဥယျာဉ်ဝင်ကြေးလက်မှတ်ခတွင် အခြားအဖိုးအခများပါဝင်ပါသလား။

အခြားအဖိုးအခများမပါသေးပါ။ အခြားအဖိုးအခများအား သက်ဆိုင်ရာနေရာအလိုက်တွင်ကောက်ခံ ပါသည်။

ပြင်ပမှယူဆောင်လာသော တိရစ္ဆာန်အစားအစာများကြွေးမွေးလှူဒါန်းလို့ရပါသလား။

တိရစ္ဆာန်အစားအစာများကြွေးမွေးလှူဒါန်းလိုပါက အောက်တွင်ဖော်ြပထားသော ဖုန်းနံပါတ်ဖြင့် အုပ်ချုပ်ရေးမှုးရုံးသို့ဆက်သွယ်၍ တိရစ္ဆာန်ထိန်းသိမ်းရေးနှင့် ဆေးကုသရေးဌာန၏ စစ်ဆေးခွင့်ပြုချက် ရရှိပါက ကြွေးမွေး လှူဒါန်နိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။

Copyright 2018. All rights reserved.