မိမိတို့အကြောင်း – Yadanarbon Zoo

မိမိတို့အကြောင်း

တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)သည် မြန်မာနိုင်ငံအလယ်ပိုင်း၊ မန္တလေးမြို့၏ အမြဲတန်း စိမ်းလန်းနေသော နေရာလေးတစ်ခုဖြစ်ပြီး မန္တလေးမြို့ရှိ တော်ဝင်နန်းတော်၏ မြောက်ဘက်နှင့် အထင်ကရဖြစ်သော မန္တလေး တောင်ခြေ၏ အနီးအနားတွင်တည်ရှိပါသည်။ ဥယျာဉ်၏အကျယ်အဝန်းမှာ (၅၃.၂၁) ဧကဖြစ်ပြီး ၁၉၈၉ခုနှစ် ဇန်နဝါရီလတွင် စတင်တည်ဆောက်ခဲ့ကာ တည်ဆောက်ရေးကာလ(၃)လသာကြာမြင့်ပြီး ထိုနှစ်၏ ဧပြီလ တွင်  အများပြည်သူများအပန်းဖြေအနားယူ ကြည့်ရှုနိုင်စေရန် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ဥယျာဉ်၏အနီအနား ပတ်ဝန်းကျင်တွင် များစွာသောသမိုင်းဝင်အထိမ်းအမှတ် အဆောက်အဦများနှင့် နေရာများစွာ တည်ရှိနေသည့် အတွက် အပန်းဖြေအနားယူလည်ပတ်ရန် အလွန်ကောင်းသောမြို့ပြနေရာတစ်ခုဖြစ်ပါသည်။

ဇီဝမျိုးကွဲများ

  • နို့တိုက်သတ္တဝါ (၃၅)မျိုး
  • ကျေးငှက်(၅၂) မျိုး
  • တွားသွားသတ္တဝါ(၁၃)မျိုး

သစ်ပင်ပန်းမန်များ

  • အပင်ပုနှင့်အပင်ကြီး(၃၃)မျိုး
  • သစ်ပင်ပန်းမန်(၅၂)မျိုး

Copyright 2018. All rights reserved.