An auspicious day to you all, Our Zoo introduces a new program for animal lovers. During the pandemic period, you can participate in the food donation program at Yadanabon Zoo. To participate, you may need to register before you come and may need to bring the animal foods that you want to donate. Especially, the following fruits and vegetables are allowed to feed: Corn, Banana, Cucumber, Watercress, Mustard, Tomato. For more details, please dial the given numbers:h-09 977730111,...
The following animals can adopt and be a zoo parent: Lion Hippo Elephant Zebra Tiger Camel Crocodile For more details, please dial the given numbers:h-09 977730111, 09 255564324.
Feeding Program will introduce for animal lovers. To participate, you may need to register before you come For more details, please dial the given numbers:h-09 977730111, 09 255564324.
Our Zoo ctemporaly closed but we provide a special private program for those animals lovers who missing our animals. We limit 2 to 10 person per group and one day prebooking require. Additionally,you can buy "animals food basket". In Private Tour Package: 🎟 Entrance Ticket 🕰 2 Hours visiting pass 🛺 Free Buggy Service 💸 Price - 5000 MMK per person 📞 For your Booking : 09977730111
အပြည်ပြည်ဆိုင်ရာမျောက်လွှဲကျော်များထိန်းသိမ်းရေးနေ့ (International Gibbon Day) တောတွင်းသီချင်းဆိုသူများ (Forest Singer) ဖြစ်ကြသော မျောက်လွှဲကျော်တို့နှင့် ပတ်သက်သည့် အကြောင်းအရာများအား ပညာပေးဆောင်ရွက်ရန်အတွက် အောက်တိုဘာလ (၂၄) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာမျောက်လွှဲကျော်များထိန်းသိမ်းရေးနေ့အဖြစ် နှစ်စဉ် ကျင်းပလေ့ရှိပါတယ်။ ကမ္ဘာပေါ်တွင် Apes အုပ်စုဝင်များဖြစ်သည့် မျောက်လွှဲကျော် မျိုးစိတ်ပေါင်း (၂၀) ရှိပြီး ၎င်းတို့သည် နေရင်းဒေသများ ဆုံးရှုံးခြင်းကြောင့် မျိုးသုဉ်းရန် အန္တရာယ်ရှိသော အခြေအနေမျိုးနှင့် ရင်ဆိုင်နေရပါတယ်။ မျောက်လွှဲကျော်များသည် Seed Disperser (သစ်စေ့ဖြန့်သူ) လည်းဖြစ်ပြီး အပင်မျိုးစိတ်များဖြန့်ပွားခြင်းအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်၍ အမြဲစိမ်း သစ်တောများထိန်းသိမ်းခြင်းနှင့် ပြုစုပေးသော ဥယျာဉ်မှူးများဟုလည်း တင်စားခေါ်ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံတွင် မျောက်လွှဲကျော် မျိုးစိတ် (၄) မျိုးအား တွေ့ရှိရပါသည်။ အနောက်ပိုင်းမျက်ခုံးဖြူမျောက်လွှဲကျော်၊ အရှေ့ပိုင်းမျက်ခုံးဖြူမျောက်လွှဲကျော်၊ Skywalker မျောက်လွှဲကျော်၊ မျောက်လွှဲကျော်လက်ဖြူတို့ဖြစ်ပါတယ်။ ၎င်းနေထိုင်ရာ သစ်တောများလျော့နည်းလာခြင်း (habitat loss) နှင့် သစ်တောများအစိတ်စိတ်ကွဲပြားလာခြင်း (habitat fragmentation) တို့သည် ၎င်းတို့ အဓိက ကြုံတွေ့နေရသည့် ပြဿနာများဖြစ်ပါတယ်။ မျောက်လွှဲကျော်များ ထိန်းသိမ်းခြင်းသည် သဘာဝသစ်တောများနှင့် ဂေဟစနစ်အား ထိန်းသိမ်းခြင်းလည်းဖြစ်သဖြင့် မျောက်လွှဲကျော်များအား ထိန်းသိမ်းကာကွယ်ပေးရန် လိုအပ်ပါတယ်။ မျောက်လွှဲကျော်များကဲ့သို့ မျိုးသုဉ်းရန်...
“မီးရထားကြီး ပျော်ပျော်စီး” တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) ကို လာရောက်သောဧည့်သည်တော်များ အဆင်ပြေစွာ အပန်းဖြေလည်ပတ်နိုင်ဖို့ရာ ဥယျာဉ်ပတ်ကား(Buggy) အပြင် ဥယျာဉ်ပတ်မီးရထားလည်း ပြေးဆွဲပေးလျက်ရှိပါတယ်။ တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ)မှာ နို့တိုက်သတ္တဝါ၊ တွားသွားသတ္တဝါ၊ ရေနေသတ္တဝါများနှင့် ကျေးငှက်မျိုးစိတ်များကို ထိန်းသိမ်းစောင့်ရှောက် ပြသထားရှိပါတယ်။ မီးရထားကြီးပျော်ပျော်စီးပြီး ဥယျာဉ်တစ်ပတ် လျှောက်ကြည့်ရင်း အပန်းဖြေလည်ပတ်နိုင်လို့ တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) ကို လာရောက်လည်ပတ်ဖို့ လှိုက်လှဲစွာဖိတ်ခေါ်လိုက်ပါတယ်။
မလေးရှားနိုင်ငံ၊ Penang၊ Taiping၊ Grand Baron Hotel တွင် (၅−၁၁−၂၀၂၃)ရက်နေ့မှ (၈−၁၁−၂၀၂၃)ရက်နေ့အထိ ကျင်းပပြုလုပ်သည့် အာရှနှင့် အာဆီယံဒေသတွင်း တိရစ္ဆာန်ဥယျာဉ်များနှင့် ငါးပြတိုက်များအစည်းအရုံး (South East Asia Zoos and Aquarium Association-SEAZA) ၏ အကြိမ် (၃၁) ကြိမ်မြောက်ညီလာခံကို အစည်းအရုံးအဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံမှ နိုင်ငံကိုယ်စားပြု Htoo Zoos and Gardens Business Unit မှ အမှုဆောင်အရာရှိချုပ် (CEO) နှင့် ဝန်ထမ်းများ၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ ပါမောက္ခ (ဌာနမှူး)နှင့် သစ်တောဦးစီးဌာန (ရန်ကုန်တိုင်း)မှ ဒုတိယညွန်ကြားရေးမှူး၊ စုစုပေါင်း (၁၅) ဦး တက်ရောက်ခဲ့ကြပါတယ်။ အဆိုပါညီလာခံတွင် နိုင်ငံပေါင်း (၂၅) နိုင်ငံမှ တက်ရောက်သူ (၂၅၉) ဦးရှိခဲ့ပြီး သုတေသနစာတမ်းပေါင်း (၅၉) စောင် ဖတ်ကြားခဲ့ပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြု Htoo Zoos and Gardens Business Unit မှ သုတေသနစာတမ်း (၄) စောင် ဖတ်ကြားတင်သွင်းခဲ့ပါတယ်။
ဆတ်ကျွဲငယ် (Common Wildebeest) မြန်မာအမည်-ဆတ်ကျွဲငယ် အင်္ဂလိပ်အမည်-Common Wildebeest or Blue Wildebeest သိပ္ပံအမည်-Connochaetes taurinus ဆတ်ကျွဲငယ်များသည် ကျွဲ၊ နွားအုပ်စုဝင် တိရစ္ဆာန်များ ဖြစ်ကြပြီး ကျယ်ပြန့်သော လက်ပြင်၊ ဦးချို(ဂျို)နှင့် ကြီးမားကျယ်ပြန့်သည့် နှုတ်သီးများ ပါရှိပါတယ်။ ဦးချို(ဂျို)များသည် အကာအကွယ်မရှိ ကွင်းခတ်ထားသောပုံစံရှိပြီး အထီးများသည် အမများ၏ဦးချို(ဂျို)ထက် ပိုမိုတုတ်ခိုင်ထူထဲပါတယ်။ ဆတ်ကျွဲများတွင် တုပ၍မရသော အနက်ရောင် ဒေါင်လိုက်အစင်းကြောင်းများသည် လက်ပြင်တစ်လျှောက်မှ ဝမ်းဗိုက်နောက်ပိုင်းအထိ ပါရှိပါတယ်။ ယေဘူယျအားဖြင့် ဆတ်ကျွဲများတွင် အဖြူမှ အညိုရင့်ရောင် လည်ဆံမွေးနှင့် မုတ်ဆိတ်မွေးများပါရှိပါတယ်။ ခန္ဓာကိုယ်ပေါ်တွင် ပြာလဲ့လဲ့အရောင်များပြေးနေသည့်အတွက် အပြာရောင်ဆတ်ကျွဲ (Blue Wildebeest) ဟု လည်း ခေါ်ဆိုကြပါတယ်။ ဆတ်ကျွဲများသည် မြက်ကိုသာ အဓိကစားသုံးကြပြီး အသီးအရွက်စား သတ္တဝါဖြစ်ပါတယ်။ အစာရေစာရှားပါးလာသည့်အခါ အစာရရှိနိုင်သည့် နေရာများဆီသို့ ကီလိုမီတာရာနှင့်ချီ သွား၍ ရှာဖွေစားသောက်တတ်ပါတယ်။ တစ်နှစ်လျှင်တစ်ကြိမ်သားပေါက်ပြီး တစ်ကောင်သာမွေးပါတယ်။ သက်တမ်းအားဖြင့် နှစ်ပေါင်း(၂၀)ခန့်ထိ နေထိုင်နိုင်ပါတယ်။ တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ)မှာ နို့တိုက်သတ္တဝါ၊ တွားသွားသတ္တဝါ၊ ရေနေသတ္တဝါများနှင့် ကျေးငှက်မျိုးစိတ်များကို ထိန်းသိမ်းစောင့်ရှောက် ပြသထားရှိပါတယ်။ သူငယ်ချင်း၊ မိသားစုများနှင့်အတူ အနားယူအပန်းဖြေလည်ပတ်နိုင်ဖို့ တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) ကို လာရောက်လည်ပတ်ဖို့...
ဖျံမွေးချော / ဖျံဘဲလက်(Smooth Coated Otter)မြန်မာအမည်-ဖျံမွေးချော / ဖျံဘဲလက်အင်္ဂလိပ်အမည်-Smooth Coated Otterသိပ္ပံအမည်-Lutrogale perspicillata🌎 ကမ္ဘာကြီးဟာ 🌳 သစ်တောများ ၊ ⛰️ တောင်တန်းများ ၊ 🏞️ မြေပြန့်လွင်ပြင် ၊ 🏜️ကန္တာရ နှင့် ကမ်းရိုးတန်းဒေသ တို့အပြင် ကျယ်ပြောလှသော ပင်လယ်သမုဒ္ဒရာတို့နှင့်အတူ 🌻 လှပစွာဖွဲ့စည်းထားပြီး လူသားများအပြင် အခြားသောသက်ရှိ ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်ပေါက်ဖွားကျက်စားနေထိုင်ရာနေရာလည်း ဖြစ်ပါတယ်၊🦦 သဘာဝဂေဟစနစ်ကြီးတွင် အလွန်အရေးကြီးသော အခန်းကဏ္ဍမှပါဝင်နေသည့် မျိုးစိတ်တစ်မျိုးမှာ ဖျံမျိုးစိတ်များ ဖြစ်ကြပါတယ်၊🦦 ဖျံမျိုးစိတ်များဟာ ရေအရည်အသွေးနှင့် အခြားသောဇီဝမျိုးစုံမျိုးကွဲတို့ ပေါများခြင်း/ ရှားပါးခြင်း တို့၏ အမှတ်သင်္ကေတ လက္ခဏာကိုပြသပေးသည့်အတွက် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး လုပ်ငန်းများလုပ်ဆောင်သည့်အခါ အညွှန်းကိန်းပြ သင်္ကေတမျိုးစိတ် (Indicator species) အဖြစ် သတ်မှတ်ကြပါတယ်။🦦 ဖျံများဟာ သွက်လက်သော ပင်ကိုယ်သဘာဝနှင့်အသိဉာဏ်မြင့်မားသော မျိုးစိတ်တစ်မျိုး ဖြစ်ပြီး မြစ်ချောင်းများတွင် နေထိုင်သော မြစ်ဖျံ (River Otter) နှင့် ပင်လယ်ထဲတွင် နေထိုင်သော ပင်လယ်ဖျံ (Sea Otter) ဟူ၍ (၂)မျိုးရှိပါတယ်၊🦦 ဖျံများဟာ ၎င်းတို့၏ သွယ်လျရှည်လျားသော ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံကြောင့် ရေထဲတွင် လျင်မြန်စွာ...
တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့) သာမညဖလသုတ်ခေါ် (ရဟန်းပြုခြင်း၏ အကျိုးတရားကို) မြတ်စွာဘုရားသည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် ဟောပြောတော်မူသည်ကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို သံဃာတော်များနေ့ (သာမညဖလအခါတော်နေ့) ဟု သတ်မှတ်ကျင်းပကြခြင်း ဖြစ်ပါတယ်။ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တန်ဆောင်မုန်းလပြည့်(သမညဖလအခါတော်)နေ့မှာ မြန်မာပြည်သူပြည်သားများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ကြည်သာပြီး မိမိတို့လိုရာဆန္ဒများပြည့်ဝကြစေကြောင်း တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) မိသားစုမှ တောင်းဆုမေတ္တာပို့သအပ်ပါသည်။
🇲🇲 အမျိုးသားနေ့ ဒို့မမေ့ 🇲🇲 🎉 𝐇𝐚𝐩𝐩𝐲 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐚𝐲 🎉 ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၇ရက်၊ ကြာသပတေးနေ့တွင် ကျရောက်သော (၁၀၃)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အား ဂုဏ်ပြုကြိုဆိုရင်း မြန်မာပြည်သူပြည်သားများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ကြည်သာကြစေကြောင်း တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) မိသားစုမှ တောင်းဆုမေတ္တာပို့သအပ်ပါသည်။
အပြည်ပြည်ဆိုင်ရာ မျောက်များနေ့ (International Monkey Day) ၊🐒🐒🐒 ဒီဇင်ဘာလ(၁၄)ရက်နေ့၊ မျောက်များနေ့(Monkey Day)မှာ တိရစ္ဆာန်ဥယျာဉ်ထဲက မျောက်လေးတွေအကြောင်းကို ဗဟုသုတအနည်းငယ်မျှဝေချင်ပါတယ်။ မျောက်တွေကို အမြီးပါမျောက်နှင့် အမြီးမပါမျောက်ဟူ၍ နှစ်မျိုးခွဲခြားထားပါတယ်။ ဒါ့အပြင် အမြီးပါ မျောက်တွေကိုလည်း(၂)မျိုးပြန်ပြီး ထပ်မံခွဲခြားထားပါတယ်။ ဒီနေ့ကျရောက်တဲ့ မျောက်များနေ့(Monkey Day) မှာ အမြီးပါမျောက်ကလေးတွေအကြောင်းကို ဗဟုသုတအနည်းငယ် မျှဝေပါရစေ… ပထမဦးဆုံးအနေနဲ့…အမြီးပါမျောက်တွေကို…အင်္ဂလိပ်လို(Monkeys) လို့ခေါ်ပြီး၊ အမြီးမပါတဲ့ မျောက်တွေကိုတော့ (Ape) လို့ခေါ်ပါတယ်။ အမြီးပါမျောက်နှင့် အမြီးမပါ မျောက်တွေကို သတ္တဗေဒဘာသာရပ်အခေါ်ဝေါ်အနေနဲ့ မျိုးစဉ်(Order) လိုခေါ်တဲ့ ၊ ပရိုင်းမိတ် (Primates) အတွင်းမှာ ပါရှိတဲ့အတွက် ကျွနှ်ပ်တို့လူသားတွေနဲ့ မျိုးစဉ်တစ်ခုတည်းမှာ အတူတည်ရှိနေတာကြောင့် မျောက်တွေဟာ လူတွေနဲ့ပိုမိုနီးစပ်ပြီး အခြားသောတိရစ္ဆာန်များထက် အသိဉာဏ်ကိုမိုမြင့်မားကြပါတယ်။ အမြီးပါတဲ့မျောက်တွေကို ထပ်မံပြီးခွဲခြားပြရရင် ကမ္ဘာဟောင်းမျောက်(Old World Monkeys) နှင့် ကမ္ဘာသစ်မျောက်(New World Monkeys) ဆိုပြီး (၂)မျိုးထပ်မံခွဲခြားကြပြန်ပါတယ်။ ကမ္ဘာသစ်မျောက်တွေဟာ တောင်အမေရိကတိုက်ထဲမှာနေထိုင်ပြီး ကမ္ဘာဟောင်းမျောက်တွေကတော့ အာရှတိုက်နှင့် အာဖရိကတိုက်တွေမှာ နေထိုင်ကြပါတယ်။ ကမ္ဘာသစ်မျောက်နဲ့ ကမ္ဘာဟောင်းမျောက်တွေကို ယခုလို ခွဲခြားလေ့လာနိုင်ပါတယ်။...
🥳Happy New Year🎊 May this year bring new happiness, new goals, new achievements, and a lot of new inspirations on your life. Wishing you a year fully loaded with happiness. Wishing every day of the new year to be filled with success, happiness, and prosperity for you. 🎇🎆
🇲🇲 Myanmar Independence Day 🇲🇲 ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုကြိုဆိုပါသည်။
ကရင်အမျိုးသားနှစ်သစ်ကူးနေ့ (Karen New Year Day) ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျရောက်သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့အား ဝမ်းမြောက်လှိုက်လှဲစွာဖြင့် ကြိုဆိုလိုက်ပါသည်။
မျောက်လွှဲကျော်များအကြောင်း သိကောင်းစရာ (၁၀) ချက် (10 Facts About Gibbon) (၁) မျောက်လွှဲကျော်များသည် ရေသောက်ချိန်၌သာ အောက်သို့ဆင်း၍ အချိန်အများစုကို သစ်ပင်ပေါ်၌သာ ကုန်ဆုံးလေ့ရှိကြပါတယ်။ (၂) မျောက်လွှဲကျော်များသည် ရေမကူးနိုင်ကြပါ။ (၃) မျောက်လွှဲကျော်များသည် အသီးအရွက်များကို အဓိကထား စားသုံးကြသော်လည်း၊ အင်းဆက်ပိုးမွှားများကိုလည်း စားသုံးတတ်ကြပါတယ်။ (၄) မျောက်လွှဲကျော်တို့သည် တစ်ကောင်နှင့် တစ်ကောင်ကို အသံဖြင့် ဆက်သွယ်လေ့ရှိကြပါသည်။ (၅) မျောက်လွှဲကျော်များသည် အမြှီးမပါရှိသည့် မျောက်မျိုးစိတ်များဖြစ်ကြပါသည်။ (၆) မျက်ခုံးဖြူမျောက်လွှဲကျော်များသည် တစ်လင်တစ်မယားစနစ်ကိုသာ ကျင့်သုံးကြပါသည်။ (၇) မျက်ခုံးဖြူ မျောက်လွှဲကျော်များသည် သစ်ပင်တပင်မှ တစ်ပင်သို့၊ သစ်ကိုင်းတစ်ကိုင်းမှ တစ်ကိုင်းသို့ ၎င်းတို့၏ လက်တံရှည်များကိုအသုံးပြုပြီးလွှဲ၍လွှဲ၍ ခုန်သွားလေ့ရှိပါသည်။ (၈) မျက်ခုံးဖြူမျောက်လွှဲကျော် အထီး၏ အမွေးအမှင်သည် အနက်ရောင်ရှိကြပြီး အမ၏ အမွေးအမှင်သည် အဖြူတွင် အဝါရောင်သန်းလျက်ရှိပါသည်။ (၉) မျောက်လွှဲကျော်လက်ဖြူများသည် ကမ္ဘာဟောင်းမျောက်မျိုးစိတ်များ ဖြစ်ကြပါသည်။ (၁၀) မျောက်လွှဲကျော်လက်ဖြူများသည် အရှေ့တောင်အာရှ နိုင်ငံများဖြစ်သော ထိုင်း၊ မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံနှင့် လာအိုနိုင်ငံတို့တွင် ရှင်သန်ကျက်စားနေထိုင်ကြသည်ကို တွေ့ရှိရပါသည်။ မျောက်လွှဲကျော်များရဲ့ သိကောင်းစရာ အချက်များကို ဗဟုသုတရအောင် မျှဝေပေးလိုက်ပါတယ်နော်။🤗...
🐊 တရုတ်မိကျောင်းများအကြောင်း သိကောင်းစရာ (၁၀) ချက် 🐊 မြန်မာအမည် - တရုတ်မိကျောင်း Common Name - Chinese Alligator Scientific Name - Alligator sinensis (၁) တရုတ်မိကျောင်းများသည် သားပေါက်ကြရာတွင် အပူချိန်ပေါ်မူတည်၍ အထီး/အမ လိင်ကွဲပြားနိုင်ကြပါသည်။ (၂) တရုတ်မိကျောင်းတို့၏ မျက်လုံးများသည် ညအမှောင်ထဲတွင် ရောင်ပြန်ဟပ်ကြပါသည်။ (၃) ကမ္ဘာပေါ်ရှိ တွားသွားသတ္တဝါများထဲတွင် တရုတ်မိကျောင်းများသည် အသံအကျယ်ဆုံး ဖြစ်ကြပါသည်။ (၄) တရုတ်မိကျောင်းများသည် IUCN Red List Status မှ Critically Endangered (CR) မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသော မျိုးစိတ်အဖြစ် သတ်မှတ်ခြင်း ခံထားရပါသည်။ (၅) တရုတ်မိကျောင်းအမများသည် အရွက်များ၊ အပင်ငယ်လေးများဖြင့် အသိုက်ပြုလုပ်ကာ အသိုက်ကို စောင့်ရှောက်ကြပါသည်။ (၆) တရုတ်မိကျောင်းများသည် (၅) ပေမှ (၇) ပေခန့် ကြီးထွားနိုင်ကြပါသည်။ (၇) အမေရိကန်နိုင်ငံရှိ တရုတ်မိကျောင်းများ၏ ခြေထောက်တွင် ရေယက်ပါရှိကြသော်လည်း တရုတ်နိုင်ငံရှိ တရုတ်မိကျောင်းများ၏ ခြေထောက်တွင် ရေယက်မပါရှိကြပါ။ (၈) တရုတ်မိကျောင်းများသည် ရေချိုမြစ်ဝှမ်းများတွင်သာ ရှင်သန်နေထိုင်နိုင်ကြပါသည်။ ...
International Zebra Day (အပြည်ပြည်ဆိုင်ရာ မြင်းကျားနေ့) 🦓🦓🦓 ဇန်နဝါရီလ (၃၁) ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ မြင်းကျားနေ့ (International Zebra Day) အဖြစ် ရည်ရွယ်သတ်မှတ်ထားတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ ဒီနေ့မှာတော့ တိရစ္ဆာန်ဥယျာဉ်ထဲက မြင်းကျားလေးတွေရဲ့အကြောင်းကို ဗဟုသုတအဖြစ် အနည်းငယ်မျှဝေပေးချင်ပါတယ်။ 🦓 ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အဖြူနဲ့အမဲ အရောင်ခြယ် အစင်းကျားများကြောင့် ထူးခြားထင်ရှားတဲ့ မြင်းကျားတွေဟာ အာဖရိကတိုက်မှာ အုပ်စုဖွဲ့နေထိုင်ကြပါတယ်။ 🦓 🦓 လူတွေမှာရှိတဲ့ လက်ဗွေဟာ တစ်ယောက်နှင့် တစ်ယောက်မတူသလို မြင်းကျားတွေရဲ့ အစင်းကျားတွေကလည်း တစ်ကောင်နှင့် တစ်ကောင်မတူတဲ့အတွက် အလွယ်တကူခွဲခြားလို့ရပါတယ်။ 🦓 🦓 မြင်းကျားတို့ရဲ့နားတွေဟာ အဘက်ဘက်ကို လှည့်နိုင်ပါတယ်။ 🦓 🦓 မြင်းကျားများကို အိမ်မွေးတိရစ္ဆာန်တွေလို ယဉ်ပါးအောင် မွေးလို့ မရပါဘူး။ 🦓 🦓 မြင်းကျားများဟာ တစ်နာရီကို(၆၅) ကီလိုမီတာနှုန်းနဲ့ ပြေးနိုင်ကြပါတယ်။ 🦓 🦓 မွေးကင်းစမြင်းကျားလေးတွေဟာ မွေးဖွားပြီး (၆) မိနစ် အကြာမှာပဲ မတ်တတ်ရပ်နိုင်ပါတယ်။ 🦓 မြင်းကျားတစ်ကောင်ရဲ့ ကန်ချက်ဟာ ခြင်္သေ့တစ်ကောင်ကိုတောင် သေစေနိုင်လောက်အောင်ထိ ပြင်းထန်ပါတယ်။...
🎊🐲Wish Everyone have happiness, prosperity and good health in this Year of Dragon....🐉🎉
“ချစ်သူများနေ့ (Valentine's Day)” မျက်စိနဲ့လည်းမမြင်နိုင်၊ ထိတွေ့ကြည့်လို့လည်းမရနိုင်သလို ထုထည်ကြီးမားပြီး တိုင်းတာ၍မရနိုင်သည်မှာလည်း ချစ်ခြင်းမေတ္တာတရားပင်ဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာတရားကို အနက်အဓိပ္ပာယ်အမျိုးမျိုးဖွင့်ကြသော်လည်း ချစ်ခြင်းမေတ္တာကို ဖွင့်ဟပြသနိုင်သောနေ့သည် ချစ်သူများနေ့ (Valentine's day) တစ်ရက်သာရှိပါတယ်။ 💕💕 ချစ်ခင်မြတ်နိုးရသူ အချင်းချင်း အပြန်အလှန် လက်ဆောင်အဖြစ် အရုပ်များ၊ ချောကလက်များကို သာမက ရှေးအစဉ်အလာအားဖြင့် ပန်းစည်းများနှင့်သကြားလုံးများကိုလည်း ပေးလေ့ရှိကြပါတယ်။မည်သည့်လက်ဆောင်ပဲဖြစ်ဖြစ် ချစ်ရသူ အမြတ်တနိုး တန်ဖိုးထား၍ ပေးသောစိတ်ရင်းကသာ အဓိကဖြစ်ပါတယ်။💝💝 ချစ်သူနှစ်ဦးအကြား အပြန်အလှန်နားလည်မှု၊ တန်ဖိုးထားလေးစားမှုနဲ့ ကတိကဝတ်တို့ကို အမှတ်ရစေနိုင်သော နေ့ထူးလည်းဖြစ်ပါတယ်။ ချစ်သူများနေ့ (Valentine Day) ဟာ အနောက်တိုင်း ရှေးယဉ်ကျေးမှု အစဉ်အလာနေ့ ဖြစ်ပြီး ယခုအခါ တစ်ကမ္ဘာလုံးမှ အသိအမှတ်ပြုသောနေ့တစ်ခု ဖြစ်ပါတယ်။ 💞💞 ချစ်သူများနေ့(Valentine's day) မှာ ချစ်ရသူလေးနဲ့ ယှဉ်တွဲ လျှောက်လှမ်းပြီး အနားယူအပန်းဖြေရင်း လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော် 🤗🤗
ကမ္ဘာ့ရေမြင်းနေ့ (World Hippopotamus Day) ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၁၅) ရက်နေ့ ကမ္ဘာ့ကုန်းမြေတွင်သာမက ရေပြင်တွင်လည်း ရှင်သန်ကျက်စားကြကာ ဂေဟဗေဒစနစ်ကို ညီညွတ်စေရန် ကူညီထိန်းသိမ်းပေးနေသည့် နို့တိုက်သတ္တဝါတစ်မျိုးဖြစ်သော ရေမြင်းများသည် ကုန်းနှင့်ရေ နှစ်မျိုးစလုံးတွင် ရှင်သန်ကျက်စားကြပြီး ကမ္ဘာ့ကုန်းမြေပေါ်ရှိ နို့တိုက်သတ္တဝါများထဲတွင် တတိယ အရွယ်အစား အကြီးမားဆုံးဖြစ်ပါသည်။ 🦛 ရေမြင်းများသည် အာဖရိကတိုက်တွင် ရှင်သန်ကျက်စား နေထိုင်ကြသည်ကို တွေ့ရှိရပြီး ကမ္ဘာပေါ်တွင် ရေမြင်းပု (Pygmy Hippopotamus) နှင့် ရိုးရိုးရေမြင်း (Hippopotamus) ဟူ၍ ရေမြင်းမျိုးစိတ် (၂) မျိုး ရှင်သန်ကျက်စား နေထိုင်ကြပါသည်။ 🦛 Hippopotamus ဟူသော အမည်သည် ဂရိစကားလုံးမှ ဆင်းသက်လာခဲ့ပြီး River Horse (မြစ်မြင်း) သို့မဟုတ် Water Horse (ရေမြင်း) ဟူ၍ အဓိပ္ပာယ်ရပါသည်။ ယခုလက်ရှိ ကမ္ဘာပေါ်တွင် ရှင်သန်ကျန်ရှိနေသေးသည့် ရေမြင်းမျိုးစိတ်များသည် လွန်ခဲ့သော နှစ်ပေါင်း (၈) သန်းခန့်က အာဖရိကတိုက်တွင် စတင်ပေါ်ပေါ်က်ခဲ့သည်ဟူ၍ သိပ္ပံပညာရှင်များက ယုံကြည်ထားခဲ့ကြပါသည်။ 🦛 ရေမြင်းများသည် အာဖရိကတိုက်ရှိ...
🐻 ပသျှူးဝက်ဝံ (Malayan Sun Bear) 🐻 မြန်မာအမည် - ပသျှူးဝက်ဝံ (ခ) ခွေးဝံ အင်္ဂလိပ်အမည် - Malayan sun bear သိပ္ပံအမည် - Helarctos malayanus 🐻 ပသျှူးဝက်ဝံများကို မြန်မာ၊ ထိုင်း၊ လာအို၊ မလေးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်ပြည်တောင်ပိုင်း၊ ဆူမားတြားနှင့် ဘော်နီယိုကျွန်းများတွင် တွေ့ရှိရပါတယ်။ ပသျှူးဝက်ဝံများသည် ဝက်ဝံမျိုးစိတ် (၈) မျိုးတွင် အရွယ်အစားအသေးငယ်ဆုံး ဝက်ဝံမျိုးစိတ်ဖြစ်ပါတယ်။ ပသျှူးဝက်ဝံများကို တစ်ကောင်တည်းသော်လည်းကောင်း၊ အထီးအမတွဲ၍သော်လည်းကောင်း သွားလာကျက်စားကြသည်ကို တွေ့မြင်နိုင်ပါတယ်။ 🐻 ညဘက်တွေမှာ ပိုမိုကျက်စားတတ်သည့် သတ္တဝါများဖြစ်ကြပြီး တစ်ခါတစ်ရံ နေ့ဘက်၌ သွားလာလှုပ်ရှားကာ အစာရှာတတ်ကြပါသည်။ နေ့အခါတွင် သစ်ခေါင်းများ၊ သစ်ပင်များရှိ ၎င်းတို့၏ အသိုက်တွင် နေတတ်ကြကာ သစ်ပင်တက်ရာတွင် အလွန်လျင်မြန်ဖျတ်လတ်ကြပါတယ်။ 🐻 ပသျှူးဝက်ဝံ၏ လျှာသည် ပုံမှန်ထက် ရှည်လျားပြီး အသီးအနှံများ၊ ခြကောင်များနှင့် အင်းဆက်ပိုးမွှားများ စားသုံးတတ်သော အစုံစားသတ္တဝါဖြစ်သည့်အပြင် ပျားရည်နှင့် ပျားအုံကို လွန်စွာနှစ်သက်ကြပါတယ်။ 🐻 ဟိမဝန္တာဝက်ဝံနှင့်တူသော်လည်း အမွှေးတို၍...
🐒ဒီဘရာဇာမျောက်အကြောင်း သိကောင်းစရာများ🐒 ဒီနေ့ပြောပြပေးသွားမယ့် အကြောင်းအရာလေးကတော့ တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) မှာ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ထားသော မြင်တွေ့ရခက်ခဲလှတဲ့ ဒီဘရာဇာမျောက်တွေရဲ့ အကြောင်းပဲဖြစ်ပါတယ်။ 🤗🤗🤗 မြန်မာအမည် - ဒီဘရာဇာမျောက် အင်္ဂလိပ်အမည် - De Brazza’s Monkey သိပ္ပံအမည် - 𝘊𝘦𝘳𝘤𝘰𝘱𝘪𝘵𝘩𝘦𝘤𝘶𝘴 𝘯𝘦𝘨𝘭𝘦𝘤𝘵𝘶𝘴 🐒 ဒီဘရာဇာမျောက်များသည် အာဖရိကတိုက် အရှေ့ပိုင်းတွင် အများဆုံး ရှင်သန်ကျက်စားကြသည်ကို တွေ့ရှိရပြီး အာဖရိကတိုက်၏ အနောက်ပိုင်းတွင် ရှင်သန်ကျက်စားသည့် အရေအတွက် နည်းပါးကြပါတယ်။ ဒီဘရာဇာမျောက်များ၏ ပျံ့နှံ့ကျက်စားခြင်းသည် အီသီယိုးပီးယားနိုင်ငံ တောင်ဘက်ပိုင်းမှ အန်ဂိုလာနိုင်ငံ မြောက်ဖျားပိုင်းအထိ ကျယ်ပြန့်ကြပါတယ်။ 🐒 ဒီဘရာဇာမျောက်များသည် ကမ္ဘာဟောင်း မျောက်အမျိုးအစားဖြစ်ကြပြီး အလွယ်တကူတွေ့မြင်နိုင်ရန် ခက်ခဲသည့် မျိုးစိတ်တစ်မျိုးဖြစ်ပါတယ်။ လွယ်ကူစွာ မမြင်တွေ့နိုင်သော်လည်း သစ်တောများ၊ မြစ်ချောင်းများ အနီးတစ်ဝိုက်နှင့် ရွှံ့နွံတောများ အနီးတစ်ဝိုက်တွင် တွေ့ရတတ်ပါတယ်။ 🐒 ဒီဘရာဇာမျောက်များသည် သစ်ပင်များပေါ်တွင်သာ အချိန်အများစုကို ကုန်ဆုံးလေ့ရှိတတ်သည့် သတ္တဝါများဖြစ်ကြပြီး မနက်ခင်းနှင့် ညနေခင်းတို့တွင်...
တောင်သူလယ်သမားနေ့ (Peasants' Day) စိုက်ပျိုးရေးကို အခြေခံသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ တောင်သူဦးကြီးများရဲ့ဇွဲလုံ့လဝီရိယ၊ကြိုးစားအားထုတ်မှုနှင့် ကျေးဇူးတရားကို အသိအမှတ်ပြုဂုဏ်ယူသော အထိမ်းအမှတ်ဖြင့် တောင်သူလယ်သမားနေ့ကို မတ်လ (၂)ရက်နေ့တွင် နှစ်စဉ်ကျင်းပခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။
World Wildlife Day (ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့) 🐅🦌🦏🦍 မတ်လ ( ၃ ) ရက်နေ့သည် ကမ္ဘာပေါ်ရှိ ရှင်သန် ကျက်စားနေကြသည့် တောရိုင်းတိရစ္ဆာန်များကို ကာကွယ်ထိန်းသိမ်းရန် အသိပညာပေးသည့်အနေဖြင့် World Wildlife Day ကို စတင်ဂုဏ်ပြုခဲ့သည့် နေ့ ဖြစ်ပါတယ်။ 🤗🤗🤗 ၂၀၁၃ ခုနှစ်မှ စတင်၍ United Nation General Assembly မှ World Wildlife Day ကို မတ်လ ( ၃ ) ရက်နေ့တွင် ဂုဏ်ပြုကျင်းပရန် သတ်မှတ်ခဲ့ကြပါတယ်။ ၂၀၂၄ ခုနှစ်၊ World Wildlife Day ဆောင်ပုဒ်မှာ (Connecting People and Planet: Exploring Digital Innovation in Wildlife Conservation) ဟူ၍ ကွန်ပျူတာ ကိန်းဂဏန်းဆိုင်ရာ အချက်အလက်များဖြင့် ဆန်းသစ်တီထွင်၍ တောရိုင်းတိရစ္ဆာန်များကို ထိန်းသိမ်းကာကွယ်ခြင်း ဖြစ်ပါတယ်။ တောရိုင်းတိရစ္ဆာန်များသည် ဂေဟစနစ်ကို ဟန်ချက်ညီမျှအောင် ထိန်းသိမ်းဆောင်ရွက်ကြရာတွင် အရေးပါသော...
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (International Women's Day) ကမ္ဘာပေါ်ရှိ တိုင်းပြည်အများစုတွင် အမျိုးသားဦးရေထက် အမျိုးသမီးဦးရေ ပိုမိုများပြားလျက်ရှိသည်။ ဤသို့ အမျိုးသမီးဦးရေများပြားလာမှုနှင့်အတူ အမျိုးသားများနည်းတူ အမျိုးသမီးများကိုလည်း တန်းတူရည်တူအခွင့်အရေးပေးနိုင်အောင် ဆောင်ရွက်ကြရသည်။ အမျိုးသမီးများအခန်းကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာကြသည်။ အမျိုးသမီးများ၏ စွမ်းရည်ကို မြှင့်တင်ဆောင်ရွက်လာကြသည်။ ထို့ကြောင့်ပင် နှစ်စဉ်နှစ်တိုင်း မတ်လ ၈ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (International Women’s Day) အဖြစ်သတ်မှတ်ကာ ကမ္ဘာတစ်ဝန်း အမျိုးသမီးကဏ္ဍကို ကျယ်ပြန့်စွာဖော်ထုတ်ရန် အခမ်းအနားများ ကျင်းပလေ့ရှိသည်။ နှစ်စဉ်ဆောင်ပုဒ်တစ်ခုသတ်မှတ်ထုတ်ပြန်လျက် အမျိုးသမီးကဏ္ဍကို မြှင့်တင်ရန် အသိပေးလေ့ရှိသည်။ အမျိုးသမီးများ စွမ်းရည်ကို မြှင့်တင်ပေးပြီး တိုင်းပြည်နှင့် လူမျိုး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကိုင်ဆောင်ရွက်ကြရန် အသိပေးတိုက်တွန်းထားခြင်းဖြစ်သည်။ ကမ္ဘာ့လူဦးရေ တိုးတက်များပြားလာချိန် ဤသို့တိုက်တွန်းလိုက်ခြင်းသည် အလွန်ပင် အကြောင်းအကျိုး ဆက်စပ်မှုရှိလာသည်။ ခေတ်ကာလ အခြေအနေအရ လိုက်လျောညီထွေရှိလှသော တိုက်တွန်းဆော်ဩမှုပင်ဖြစ်သည်။ အမျိုးသမီးများ၏ ပင်ကိုဗီဇသည် များသောအားဖြင့် အားနွဲ့ကြသူများဖြစ်သော်လည်း အမျိုးသားများနှင့်အပြိုင် ကာယအား၊ ဉာဏအား၊ စိတ်ဓာတ်စွမ်းအားများ မွေးမြူနိုင်ရမည်။ အမျိုးသားများနည်းတူ လက်ရုံးရည်၊ နှလုံးရည်စွမ်းရည်များ ကြံ့ခိုင်သူများဖြစ်အောင် ကြိုးစားအားထုတ်နိုင်ရမည်။ အရည်အချင်းပြည့်ဝပြီး စိတ်ဓာတ်ကြံ့ခိုင်အောင် ကြိုးစားရမည်။ လုပ်ရည်ကိုင်ရည် ထက်ထက်မြက်မြက် လုပ်ကိုင်နိုင်ကြရမည်ဖြစ်သည်။ သို့မှသာ အမျိုးသမီးများ၏...
အရှေ့တောင်အာရှ တိရစ္ဆာန်ဥယျာဉ်များနှင့် ငါးပြတိုက်များအစည်းအရုံး (Southeast Asia Zoos and Aquariums Association-SEAZA) အဖွဲ့ကြီး၏ လုပ်ငန်းခွဲကော်မတီတစ်ခု ဖြစ်သည့် Animal Welfare and Ethic Committee-AWEC သည် ပုံမှန်ကျင်းပမြဲဖြစ်သော Online Zoom Meeting ကို ၂၀၂၄ ခုနှစ်၊ မတ်လ(၆) ရက်နေ့ နေ့လည် (၁:၃၀) မှ (၂:၃၀) ထိ ကျင်းပပြုလုပ်သွားခဲ့ရာ မြန်မာနိုင်ငံ၊ Htoo Zoos and Gardens Business မှ AWEC ကော်မတီဝင် ဒေါက်တာမြင့်သိန်း တက်ရောက်ဆွေးနွေးခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ကော်မတီသည် SEAZA မှချမှတ်ပေးထားသော တိရစ္ဆာန်မျိုးစိတ်များ၏ မွေးမြူခြင်းဆိုင်ရာ လမ်းညွှန်ချက် (Husbandry Guideline) ကို ရေးဆွဲမည်ဖြစ်ပြီး ကနဦးစီမံကိန်း Pilot Project အတွက် Best Practice Guidelines များရှိပြီးဖြစ်သည့် လူဝံမျိုးစိတ် အော်ရမ်အူတန် (Orangutan) အား ရွေးချယ်ခဲ့ကြပါသည်။ ထို့အပြင် AWEC အနေဖြင့် တိရစ္ဆာန်များ၏ ကောင်းကျိုးချမ်းသာဖော်ဆောင်နိုင်ရေးနှင့် ပတ်သက်ပြီး လက်ရှိစစ်ဆေးတွေ့ရှိခဲ့သည့် အတွေ့အကြုံများကို ဖလှယ်ခဲ့ကြပြီး အစည်းအဝေးတွင် တိရစ္ဆာန်ဥယျာဉ်များရှိ တိရစ္ဆာန်များ၏...
🐻 ကမ္ဘာ့ဝက်ဝံများနေ့ 🐻 (World Bear Day) ကမ္ဘာပေါ်တွင် အာရှတိုက်၊ ဥရောပတိုက်၊ တောင်အမေရိကတိုက်နှင့် မြောက်အမေရိကတိုက်ကြီးများတွင် ဝက်ဝံမျိုးစိတ် (၈) မျိုး ပျံ့နှံ့ ရှင်သန်ကျက်စားကြပါတယ်။ ထိုမျိုးစိတ် (၈) မျိုးထဲမှ (၂) မျိုးသည် မြန်မာနိုင်ငံတွင် ရှင်သန်နေထိုင်ကျက်စားသည်ကို တွေ့ရှိရပါတယ်။ ဝက်ဝံမျိုးစိတ် ( ၈ ) မျိုးမှာ North American Black Bear, Brown Bear, Polar Bear, Asiatic Black Bear, Andean Bear, Panda Bear, Sloth Bear နှင့် Sun Bear တို့ ဖြစ်ကြပြီး မြန်မာနိုင်ငံတွင် ဟိမဝန္တာဝက်ဝံ (Asiatic Black Bear) နှင့် ခွေးဝံ (ခေါ်) ပသျှူးဝက်ဝံ (Sun Bear) ဟူ၍ မျိုးစိတ် (၂)မျိုး ရှင်သန်နေထိုင်ကြပါတယ်။ ၁၉၉၂ ခုနှစ်မှ စတင်၍ ကမ္ဘာ့ဝက်ဝံများနေ့ကို ကျင်းပခဲ့ရာ ယခုဆိုလျှင် နှစ်ပေါင်း (၃၂) နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။ ကမ္ဘာ့ဝက်ဝံများနေ့ ကျင်းပရခြင်း၏...
🦁🐯🐻 ၃၅ နှစ်မြောက် ကျောက်စိမ်းရတုနှစ်ပတ်လည်နှင့် သင်္ကြန်အကြိုစျေးရောင်းပွဲတော် 🐼🐨🦒 ၁၉၈၉ ခုနှစ်၊ ဧပြီလ (၈) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သော တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) သည် ယခုနှစ်တွင် (၃၅) နှစ်ပြည့်မြောက်ပြီး ကျောက်စိမ်းရတုသို့တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ✨🎂🎉 တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) ၏ (၃၅) နှစ်မြောက် ကျောက်စိမ်းရတု နှစ်ပတ်လည်နှင့် သင်္ကြန်အကြိုစျေးရောင်းပွဲတော်ကို ဧပြီလ (၇) ရက်နေ့မှ (၈) ရက်နေ့အထိကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ သင်္ကြန်အကြိုစျေးရောင်းပွဲတော်အတွင်း လာရောက်လည်ပတ်ကြသော မိဘပြည်သူများအား - စတုဒီသာကျွေးမွေးခြင်း - အမှတ်တရလက်ဆောင်များပေးအပ်ခြင်း - သားသားမီးမီးတို့အတွက် ရေကစားမဏ္ဍပ်နှင့် တိရစ္ဆာန်လေးများနဲ့ပတ်သက်၍ အသိပညာပေးအစီအစဉ်များလဲ ကျင်းပပြုလုပ်ပေးသွားမှာဖြစ်လို့ လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော် 🤗🤗🤗 ပွဲတော်ရက်များအတွင်း Product Promotions လုပ်ချင်သူများနှင့် စျေးရောင်းချချင်သူများအနေနဲ့အသေးစိတ်ကို Yadanarbon Zoo Pageနဲ့ ဖုန်း 09401220200 ၊ 09450037909 မှာ လာရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်။
🎉 Happy National Zoo Lovers Day! 🐾❤️ တိရစ္ဆာန်ဥယျာဉ်ချစ်သူများနေ့ ( National Zoo Lovers Day) ကို နှစ်စဉ် ဧပြီလ (၈) ရက်နေ့၌ အမေရိကန်နိုင်ငံတွင် အဓိက ကျင်းပပြုလုပ်လေ့ရှိပါတယ်။ တိရစ္ဆာန်ဥယျာဉ်ချစ်သူများနေ့ကို - တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးနှင့် ပတ်သက်၍ အသိအမြင်များ ပိုမိုတိုးပွါးလာစေရန် - မျိုးသုဉ်းလုနီးပါးမျိုးစိတ်များကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီဆောင်ရွက်နိုင်ရန် - မိမိနိုင်ငံတွင်းရှိ တိရစ္ဆာန်ဥယျာဉ်များနှင့် ဥယျာဉ်များအတွင်း ထိန်းသိမ်းမွေးမြူစောင့်ရှောက်ထားသည့် တောရိုင်းတိရစ္ဆာန်များကို ပိုမိုချစ်ခင်မြတ်နိုးကာ ယင်းတို့၏ ကောင်းကျိုးချမ်းသာအတွက် ပိုမိုဆောင်ရွက်နိုင်စေရန် - လူအများကို သဘာဝနှင့် ပိုမိုနီးစပ်လာစေရန် - တိရစ္ဆာန်ဥယျာဉ်များတည်ရှိနေခြင်း၏ အရေးကြီးသော အခန်းကဏ္ဍကို အသိအမှတ်ပြုရန်နှင့် တိရစ္ဆာန်ဥယျာဉ်များ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပိုမိုပူးပေါင်းပါဝင်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပါတယ်။ 🌿 🐾❤️ ဒီနေ့မှာတော့ တိရစ္ဆာန်ဥယျာဉ်နဲ့ပတ်သက်တဲ့ အမှတ်တရလေးတွေနှင့် ဥယျာဉ်အတွင်းမှာထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ဘယ်တိရစ္ဆာန်လေးတွေကို အနှစ်သက်ဆုံးလဲဆိုတာကို မျှဝေပေးသွားကြပါဦး 🐯🐻🐵
မြန်မာ့နှစ်ကူး အချိန်အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ပြီး လိုအင်ဆန္ဒများပြည့်ဝပါစေကြောင်း တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 💦🌿
🐅🐆မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်များနေ့ (Endangered Species Day) 🦏🐘 မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်များနေ့ (Endangered Species Day) ဆိုသည်မှာ တောရိုင်းတိရစ္ဆာန်နှင့် မျိုးစိတ်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် လူတိုင်းတွင် တာဝန်ရှိကြောင်းကိုအသိပညာပေးတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ 🐅🦏🌳 "မျိုးသုဉ်းရန်အန္တရာယ်ရှိသော" ဟူသည့် စကားရပ်၏ အဓိပ္ပါယ်မှာ လူ (သို့မဟုတ်) ပြင်ပ သက်ရောက်မှုတစ်ခုခုကြောင့် နေရင်းဒေသအတွင်းရှိ ဇီဝမျိုးစိတ်တစ်မျိုး၏ အရေအတွက်သည် စံသတ်မှတ်ချက်များအရ အလွန်အမင်းကျဆင်းနေခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။ 🦏🐘🌳 မျိုးစိတ်ဟု ခေါ်ဆိုရာတွင် မျိုးရိုးဗီဇ ဖလှယ်ခြင်း (သို့မဟုတ်) အပြန်အလှန်ပေါက်ပွားနိုင်သော သတ္တလောကနှင့် ရုက္ခလောကရှိ ဇီဝရုပ်များကို ဆိုလိုခြင်းဖြစ်ပါတယ်။ 🐢🐘🌳 ကမ္ဘာကြီးရဲ့ ဂေဟစနစ် ပြောင်းလဲလာခြင်း၊ ကမ္ဘာ့လူဦးရေ ပိုမိုများပြား တိုးပွားလာခြင်း၊ အလွန့်အကျွံ့ အမဲလိုက်ခံရခြင်း၊ ရှင်သန်ပေါက်ဖွားရာ နေရင်းဒေသများ နည်းပါးလာခြင်းတို့က မျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ်သွားနိုင်သည့် အန္တရာယ်နှင့်နီးစပ်ကာ ကမ္ဘာကြီးပေါ်မှ အပြီးတိုင်ပျောက်ကွယ်မည့် အရေးနှင့် ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။ 🐅🌱🌳🌏 မျိုးသုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်ကြုံ တွေ့နေရသော ဇီဝမျိုးစိတ်များထဲတွင် နို့တိုက်သတ္တဝါမျိုးစိတ်များ၊ ငှက်မျိုးစိတ်များ၊...
🐢 ကမ္ဘာ့လိပ်များနေ့ (World Turtle Day) 🐢 နှစ်စဉ် မေလ (၂၃) ရက်နေ့ကို ကမ္ဘာ့လိပ်များနေ့အဖြစ် သတ်မှတ်ထားပြီး လူထုအတွင်း ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး အသိအမြင်များ တိုးပွါးလာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ပါတယ်။ လိပ်များ၏သမိုင်းကြောင်းကို ဖော်ပြရမည်ဆိုလျှင် ရှေးလွန်ခဲ့သော နှစ်သန်းပေါင်းများစွာ ဒိုင်နိုဆောသတ္တဝါ (Dinosaurs) များ မပေါ်ပေါက်ခင်ကာလ၊ နှစ်သန်းပေါင်း (၃၉၅ မှ ၂၂၅) ပလီအိုဇိုအစ် (Paleozoic Era) ခေတ်အတွင်းရှိ ပါမီယမ် (Permian Period) ကာလ၊ လွန်ခဲ့သော နှစ်သန်းပေါင်း (၂၉၀) ခန့်ကတည်းက ကမ္ဘာမြေပေါ်သို့ ပထမဦးဆုံး အောင်မြင်စွာ လုံးလုံးလျားလျား ခြေချနိုင်ခဲ့သည့် ရှေးကျသော တွားသွားသတ္တဝါများ (Primitive Reptiles) မှ တစ်ဆင့်၊ ဆင့်ကဲဖြစ်စဉ်အရ တိုးတက်ပြောင်းလဲလာပြီး လွန်ခဲ့သော နှစ်သန်းပေါင်း(၂၆၀) ခန့်မှစတင်ပြီး ကမ္ဘာမြေပေါ်တွင် ယနေ့ထက်တိုင် နှစ်ပေါင်းရှည်ကြာစွာ ရှင်သန်ပေါက်ပွားနေထိုင်လာခဲ့ကြသည့် တွားသွားသတ္တဝါများဖြစ်ကြပါတယ်။ 🐢🌏 ကမ္ဘာမြေပေါ်တွင် ယနေ့ထက်တိုင် နှစ်သန်းပေါင်းရှည်ကြာစွာ ရှင်သန်ပေါက်ပွား နေထိုင်လာခဲ့ကြသည့် တွားသွားသတ္တဝါများ ဖြစ်ကြသည့်...
🦦 ကမ္ဘာ့ဖျံများနေ့ (World Otter Day) 🦦 နှစ်စဉ်နှစ်တိုင်း မေလ၏နောက်ဆုံးသော ဗုဒ္ဓဟူးနေ့ကို ကမ္ဘာ့ဖျံများနေ့အဖြစ် International Otter Survival Fund (IOSF) မှ စတင်ဂုဏ်ပြုသတ်မှတ်ထားပြီး ဖျံမျိုးစိတ်များ၏ ဂေဟစနစ်အတွင်း အရေးပါပုံကို သိရှိစေရန်နှင့် ဖျံမျိုးစိတ်တို့၏ ရှင်သန်ကျက်စားနိုင်သည့် နေရာများ လျော့နည်းလာခြင်း အစရှိသည်တို့ကို သတိပြုမိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ပါတယ်။ 🎉🎉🎉 ဖျံများသည် သွက်လက်သော ပင်ကိုယ်သဘာဝရှိကြပြီး အသိဉာဏ်မြင့်မားသော မျိုးစိတ်တစ်မျိုး ဖြစ်ပါတယ်။ ဖျံမျိုးစိတ်ပေါင်း (၁၃) မျိုးထိရှိကြပြီး ဩစတေးလျတိုက်နှင့် အန္တာတိကတိုက်တို့မှလွဲ၍ ကမ္ဘာပေါ်ရှိ တိုက်ကြီးများ၏ ရေချိုမြစ်ချောင်း အများစုတွင် တွေ့ရှိရသလို ပင်လယ်ကမ်းရိုးတန်း ဒေသတွင်လည်း တွေ့ရှိရပါတယ်။ ဖျံမျိုးစိတ် (၁၃) မျိုးထဲတွင် Giant Otter သည် အရွယ်အစားအကြီးဆုံးဖြစ်ပြီး တောင်အမေရိကတိုက်၏ အမေဇုန်မြစ်၊ လာပလာတာမြစ်နှင့် အော်ရီနိုကိုမြစ်တစ်လျောက်တွင် တွေ့ရှိနိုင်ပါတယ်။ 🦦🦦🦦 ဖျံမျိုးစိတ်တစ်မျိုးဖြစ်သော Sea Otter of North America (ပင်လယ်ဖျံ)...
🐊 ကမ္ဘာ့မိကျောင်းများနေ့ (World Crocodile Day) 🐊 နှစ်စဉ် ဂျွန်လ (၁၇) ရက်နေ့ကို ကမ္ဘာ့မိကျောင်းများနေ့အဖြစ် သတ်မှတ်ထားပြီး မိကျောင်းများ၏ မျိုးသုဉ်းလုနီးပါးအန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့နေရသောအခြေအနေနှင့် လူထုအတွင်း ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး အသိအမြင်များ တိုးပွါးလာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ပါတယ်။ 🎉🎉🎉 မိကျောင်းများကို ကမ္ဘာ့နေရာတိုင်းနီးပါးတွင် တွေ့ရှိနိုင်ပြီး ရေချိုနှင့် ရေငန်နှစ်မျိုးစလုံးတွင် ရှင်သန်နေထိုင်နိုင်ကြပါတယ်။ မိကျောင်းများဟာ ငါး၊ ငှက်များနှင့် နို့တိုက်သတ္တဝါများကို ဖမ်းဆီးစားသောက်တတ်ပါတယ်။ 🐟🐊 မိကျောင်းများ၏ ပျမ်းမျှ သက်တမ်းမှာ နှစ်ပေါင်း (၇၀) ခန့်ရှိပြီး၊ ထိန်းသိမ်း မွေးမြူစောင့်ရှောက်ထားသည့် နေရာများတွင် သက်တမ်း နှစ် (၁၀၀) ကျော်အထိ ရှင်သန်နေထိုင်နိုင်ပါတယ်။ 🐊🐊🐊 မြန်မာနိုင်ငံတွင် မိကျောင်းမျိုးစိတ် (၄) မျိုး ရှင်သန်ပေါက်ဖွားခဲ့ကြောင်း မှတ်တမ်းမှတ်ရာများအရ သိရှိခဲ့ရသော်လည်း ယခုအခါတွင် ရေချို ရေငန်စပ် မိကျောင်းမျိုးစိတ်တစ်မျိုးတည်းသာ ဧရာဝတီတိုင်းဒေသကြီးတွင် ရှင်သန်ပေါက်ပွါးနေထိုင်လျက်ရှိပါတယ်။ 🐊🐊🐊 သို့ဖြစ်ပါ၍ မိကျောင်းမျိုးစိတ်များ ရေရှည်တည်တံ့စေရန်နှင့် မျိုးသုဉ်း...
"မြန်မာ့ရွှေသမင် (Myanmar Thamin (or) Eld's Deer" မြန်မာနာမည် - ရွှေသမင်🦌🦌 အင်္ဂလိပ်နာမည် - Myanmar Thamin (or) Eld's Deer သိပ္ပံနာမည် - Rucervus eldii thamin 👉👉မြန်မာ့ရွှေသမင်များသည် ခွာစုံနို့တိုက်သတ္တဝါများဖြစ်ကြပြီး မြန်မာနိုင်ငံအလယ်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ရွှေစက်တော်တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောဥယျာဉ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ချပ်သင်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောတို့တွင် တွေ့ရှိရပါ သည်။ 👉👉ခန္ဓာကိုယ်တွင် နီညိုရောင်အမွေးအမျှင်များဖြင့် ဖုံးအုပ်ထားပြီး အထီးများမှာ အလွန် လှပသည့် လေးကိုင်းပုံသဏ္ဍန်ရှိ ဦးချို(ဂျို) များကို ပိုင်ဆိုင်ထားကြပါသည်။ သမင်အထီးများ သည် တစ်နှစ်လျှင်တစ်ကြိမ် 🗓️🗓️ဇွန်၊ ဇူလိုင်လများ အတွင်းတွင် ဦးချို(ဂျို) ချ (လဲ) တတ်ပါသည်။ အမများတွင် ဦးချို(ဂျို) မပါရှိပါ။ သမင်များသည် ဆောင်းအကုန် နွေဦးကာလများအတွင်း ရက် သတ္တ(၁−၂) ပတ်ခန့် ခန္ဓာကိုယ်ဘေးဘက်၊ ဝမ်းဗိုက်နှင့် လည်ပင်းများပေါ်ရှိ အမွေးများကျွတ်၍ လဲတတ်ပါသည်။ 👉👉သမင်အထီးများ၏ဦးချို(ဂျို)သည် မိတ်လိုက်ချိန်တွင် အလှဆုံးနှင့် အသန်မာဆုံးအချိန် ဖြစ်ပါသည်။ မိတ်လိုက်ချိန်မှာ မတ်လနှင့် ဧပြီလများ တွင်မိတ်လိုက်တတ်ပြီး၊ သားပေါက်ချိန်မှာ...
"ကမ္ဘာ့မြွေထိန်းသိမ်းရေးနေ့ (World Snake Day)" နှစ်စဉ် ဇူလိုင်လ (၁၆) ရက်နေ့ကို ကမ္ဘာ့မြွေထိန်းသိမ်းရေးနေ့ (World Snake Day) အဖြစ် သတ်မှတ်ပြီး 🌏🌏ကမ္ဘာအနှံအပြားမှ တိရစ္ဆာန်ဥယျာဉ်များတွင် မြွေများနှင့်ပတ်သက်၍ လူထုအတွင်း ထိန်းသိမ်းစောင့်ရှောက်ရေးအသိအမြင်များ တိုးပွားလာစေရန် ရည်ရွယ်၍ ပညာပေးလှုပ်ရှားမှုများ ကျင်းပပြုလုပ်ကြပါသည်။ 👉👉မြွေများနှင့် ပတ်သက်၍ ဒဏ္ဍာရီများ၊ ရိုးရာပုံပြင်များတွင် လွဲမှားစွာဖော်ပြလေ့ရှိကြပြီး မြွေများ သည် Veranidae မျိုးရင်းဝင် 🐊🐊ဖွတ်အုပ်စုမှ ဆင်းသက်လာသည်ဟု ယုံကြည်ကြပါသည်။ Veranidae မျိုးရင်းဝင်ဖွတ်များသည် မြွေများနှင့်အနီးစပ်ဆုံး သက်ရှိဆွေမျိုးများ ဖြစ်ကြပြီး ဆင့်ကဲဖြစ်စဉ်များ အရ Veranidae မျိုးရင်းဝင်များသည် ခြေလက်များပျောက်ကွယ်သွားပြီး မြွေများအဖြစ်သို့ အသွင်ကူး ပြောင်းလာဟု သိရှိကြရပါသည်။ 🐍🐍 🦎🐊တွားသွားသတ္တဝါ မြွေမျိုးစိတ်များသည် လွန်ခဲ့ သော နှစ်သန်းပေါင်းများစွာ ကတည်းက 🦖🦕ဒိုင်နိုဆော်များနှင့် အတူရှင်သန်ခဲ့ပြီး ဒိုင်နိုဆော်များ မျိုးသုဉ်းပျောက်ကွယ် သွားသော်လည်း ယနေ့ အထိတိုင် မြွေများသည် ကမ္ဘာပေါ်တွင် သက်ရှိထင်ရှား...
👉👉ရွှေမန်းမြေရဲ့ 🌲🌲အပန်းဖြေစရာ နေရာတွေထဲက အထင်ကရနေရာတစ်ခု ဖြစ်တဲ့ 🌲🦓🐒🐅🐆တိရစ္ဆာန်ယျာဉ် (ရတနာပုံ) သည် ၇၀ x ၇၃ ကြား ၊ ၁၂ လမ်း ၊ ဥပုသ်တော်ရပ်ကွက် ၊ အောင်မြေသာစံမြို့နယ် ၊ မန္တလေးမြို့ မှာတည်ရှိပါတယ်📣📣 👉👉တိရစ္ဆာန်ယျာဉ် (ရတနာပုံ) ကို အခါကြီး ရက်ကြီးများနှင့် လပြည့်လကွယ်နေ့များမှာပါ ပိတ်ရက်မရှိ ဖွင့်လှစ်ပေးထားတာမို့ လာရောက်လေ့လာ အနားယူ အပန်းဖြေ လည်ပတ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်📣📣🤗🤗 နေ့စဥ်⏳⏳ နံနက် (၈:၀၀) နာရီမှ 🕗🕗 ညနေ (၄:၀၀) နာရီထိ ဖွင့်လှစ်ထားပြီး🕓🕓 ဝင်ကြေး လူကြီး -၂၅၀၀💁♂️💁♀️ ကလေး - ၁၅၀၀ 👧👦ကျပ် ဖြင့် လာရောက်လည်ပတ်နိုင်ပါတယ်ရှင်🤗🤗
"အဖြေမှန်သူ Free Ticket ယူ" 👉👉Yadanarbon Zoo ရဲ့ ❓❓Quiz Time အစီအစဉ်လေး လာပါပြီနော်📣📣 👉👉မေးထားတဲ့မေးခွန်းလေးတွေကို 💬💬 Comment မှာ လာရောက် ဖြေဆိုရုံနဲ့ 👫👬👭မိသားစုလိုက် 🦓🐅🐘🐆Yadanarbon zoo ကို Free Ticket လေးတွေနဲ့ လာရောက်လည်ပတ်လို့ရမယ့် အခွင့်အရေးလေးပါနော်🤗🤗 👉👉အရင်ဆုံး Post လေးကို like & Share လေး လုပ်ပေးပါ 👉👉မေးခွန်းလေးရဲ့ အဖြေကို 💬💬comment မှာ ဖြေဆိုပေးရမှာပါရှင်🤗🤗 👉👉Yadanarbon Zoo ဘက်မှ အဖြေမှန်သူတွေထဲက 👪👪(၃)ဦးကို မဲဖောက်ပေးပြီး ✨✨မဲပေါက်သူ (၁)ဦးလျှင် မိသားစု၀င် (၅)ဦး အထိ Yadanarbon Zoo ရဲ့ Free Ticket ကို ရရှိမှာဖြစ်ပါတယ်နော်🤗🤗 ✨အဆင်သင့်ဆို စလိုက်ကြရအောင်နော်✨
✨အပြည်ပြည်ဆိုင်ရာ လင်းတထိန်းသိမ်းရေးအသိပညာမြှင့်တင်ရေးနေ့✨ 👉👉🌍🌎ကမ္ဘာပေါ်တွင် ✨🗾အန္တာတိကတိုက်နှင့် ✨🗾သြစတြေလျှတိုက်မှလွဲ၍ ကျန်တိုက် ကြီးများ တွင် နေထိုင် ကျက်စားကြသော လင်းတများကို တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) တွင် စနစ်တကျ မွေးမြူပြသထားပါတယ်ရှင် 🤗🤗 👉👉🌎ကမ္ဘာပေါ်တွင်လင်းတမျိုးစိတ်ပေါင်း (၂၃) မျိုး ရှင်သန်ပေါက်ပွားနေထိုင်ကြပြီး အမေရိကတိုက်တွင် နေထိုင်သော လင်းတ မျိုးစိတ်များကို ✨✨🌍ကမ္ဘာသစ်လင်းတဟုခေါ်ပြီး အာရှတိုက်၊ ဥရောပတိုက်နှင့် အာဖရိကတိုက်တို့တွင်တွေ့ရှိရသော လင်းတမျိုးစိတ်များကို ✨✨🌍ကမ္ဘာဟောင်းလင်းတ မျိုးစိတ်များရယ်လို့ ခွဲခြားသတ်မှတ်ထားပါတယ် 👉👉လင်းတများရဲ့ အမူအကျင့် များက သဘာဝ ပတ်ဝန်းကျင်ကိုသန့်ရှင်းစေရုံသာမက မြေကြီးကိုလည်း မြေသြဇာကောင်းမွန်အောင် အထောက်အကူပြုပေးပြန်ပါတယ်🤗🤗 👉👉လင်းတတွေရဲ့ထူးခြားတဲ့ အမူအကျင့်ကတော့ ဆွေးမြေ့နေသော ရုပ်အလောင်းများ၏ အကြွင်းအကျန်များကို သန့်ရှင်းပေးခြင်းဖြင့် အနံ့ အသက်ဆိုးများကို ကာကွယ်တားဆီးနိုင်သည့်အပြင် ကာဗွန်ထုတ်လွှတ်မှုကို သိသိသာ သာ လျှော့ချပေးနိုင်ပြီး ဗက်တီးရီးယာ ကြောင့်ဖြစ်ပေါ်နိုင်သည့် အဆိပ်သင့်ရောဂါ (botulism) နှင့် ပလိပ်ရောဂါကဲ့သို့သော ဘက်တီးရီးယားများကို ဖယ်ရှားပေးပါတယ်✨✨ 👉👉လင်းတမျိုးစိတ်များ အကောင်ရေလျှော့နည်းလာခြင်း၏ အဓိကပြဿနာမှာ အဆိပ်သင့် အသေကောင်များကို စားသုံးမိခြင်းကြောင့် 👉👉လင်းတမျိုးစိတ်များ မျိုးသုဉ်းမည့်အန္တရာယ် နှင့် ရင်ဆိုင်ကြုံတွေ့နေကြရပါသည်။ ယခုအခါနိုင်ငံတကာမှ 👉👉လင်းတမျိုးစိတ်များ...
သင်သိပါသလား…………………………………????🤔 ရေမြင်းတွေဟာ ရေထဲတွင်ရေမကူးပဲ လမ်းလျှောက်ကြတယ်ဆိုတာ🤭 - 🦛ရေမြင်းတွေဟာ ရေထဲတွင် ခန္ဓာကိုယ်တစ်ခုလုံးကို နှစ်မြုပ်ထားပင်မဲ့ သူတို့ရဲ့ မျက်လုံး၊ နားနှင့် နှာခေါင်းတွေကို ရေပေါ်တွင်ဖော်ထားနိုင်သောကြောင့် ပတ်ဝန်းကျင်ကို ကောင်းမွန်စွာ မြင်နိုင်ကြားနိုင်တဲ့အပြင် အသက်ရှူခြင်းကိုလည်း ပြုလုပ်နိုင်ကြပြီး နှာခေါင်းပေါက်များကို ရေအောက်တွင် ရေစိမ်ရန်နှင့် ရေငုပ်သည့်အခါ ပိတ်ထားနိုင်ကြပါတယ်။ 🦛 -🦛ရေမြင်းတွေဟာ တစ်ခါရေငုပ်လျှင် ( ၅ ) မိနစ်ခန့်⏱️ ရေငုပ်နိုင်ပြီး ရေထဲတွင် ရေကူးသည်ဟုသိရှိထားသော်လည်း အမှန်မှာ သူတို့၏ ကြီးမားထူထဲတဲ့ ခန္ဓာကိုယ်ကြောင့် ရေထဲတွင် ပေါလောပေါ်ရန်ပင် ခက်ခဲလှပါတယ်။ ထို့ကြောင့် ရေမြင်းများသည် ရေထဲတွင် ရေမကူးကြပဲ ရေအောက်ကြမ်းပြင်ကို ခြေထောက်နဲ့တွန်းကန်ခြင်းဖြင့် ရေပေါ်တွင်လမ်းလျှောက်နိုင်ကြပါတယ်။🦛 ဒါကြောင့် ခုလိုဗဟုသုတရစေမဲ့ အကြောင်းအရာတွေကိုကိုယ်တိုင်ခံစားကြည့်ရှုနိုင်ဖို့ ရတနာပုံတိိရစ္ဆာန်ဥယျာဉ်ကို ခုပဲလှမ်းလာခဲ့ကြတော့နော်....🐒🦍🦝🦊🐯🦁🦓🦌
🦃ကမ္ဘာ့ ကက်ဆိုဝါရီနေ့(World Cassowary Day)🦃Cassowary ဟာဆိုရင် အရောင်အသွေးတောက်ပပြီး ကြီးမားသန်မာတဲ့ ဒိုင်နိုဆော မျိုးစိတ်လိုမျိုး ခြေထောက်ရှိပြီး မပျံသန်းနိုင်တဲ့ ငှက်ကြီးမျိုးဖြစ်ပါတယ်။ Cassowary ငှက်မျိုးစိတ် (၃)😳မျိုးရှိပါတယ်။ အဲ့ဒါတွေကတော့ Southern Cassowary ၊ Northern Cassowary နှင့် Dwarf Cassowary တို့ပဲဖြစ်ပါတယ်။ ကတ်ဆိုဝါရီ ငှက်မျိုးစိတ် (၃) မျိုးထဲမှ အကြီးဆုံးဖြစ်တဲ့ Southern Cassowary ကို တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) တွင် ထိန်းသိမ်းမွေးမြူစောင့်ရှောက်ထားပါတယ်။😱 ထို့နောက် ၎င်းတို့ကိုဩစတေးလျနိုင်ငံနှင့် နယူးဂီနီကျွန်းများ🏝️ တွင် တွေ့ရှိရပါတယ်။ Cassowary တွေရဲ့အသွင်အပြင်ခန္ဓာလက္ခဏာဟာဆိုရင်ကိုယ်တွင်တောက်ပလှသော အနက်ရောင်အမွေးများရှိပြီးဦးခေါင်းတွင် ကြီးမားသည့် အမောက်ပါရှိ၍ လည်ပင်းသည် ခရမ်းရောင် (သို့) အပြာရောင် ရှိ၍ ရှည်လျားပြီး တွဲလောင်းကျနေတဲ့ အနီရောင် အဖက် (Red wattles)ပါရှိပါတယ်။ 🦃သူတို့မှာ ခြေချောင်း (၃) ချောင်းသာပါရှိပါတယ်။🫢 Cassowary ရဲ့ထူးခြားချက်တွေကတော့ အမများက ဥ ဥပြီး ထိုဥများကို🥚 အထီးတွေကသာဝပ်ပြီး ဥဝပ်ချိန်မှစ၍ သားပေါက်များအရွယ်ရောက်ကာ အစာရှာဖွေနိုင်သည့်အထိ အဖေကသာ ကျွေးမွေးပြုစုစောင့်ရှောက်လေ့ရှိကြပါတယ်။ ကက်ဆိုဝါရီငှက်တွေဟာ အကြောင်းအရင်းမရှိဘဲ အန္တရာယ် ပြုလေ့မရှိသော်လည်း ကလေးများနဲ့အတူ အစာစားနေချိန်တွေမှာ အန္တရာယ်ပြုတယ်လို့...
👨💼အပြည်ပြည်ဆိုင်ရာ တိရစ္ဆာန်ထိန်းများနေ့ (International Zookeeper Day) 👨💼 🦏တိရစ္ဆာန်များ၏ ကောင်းကျိုးချမ်းသာကို ဖော်ဆောင်ပေးနေတဲ့ သူတွေကို တိရစ္ဆာန်ထိန်းသိမ်း စောင့်ရှောက်သူများ(Zoo Keepers) ဟုခေါ်ဆိုပါတယ်။ တိရစ္ဆာန်ထိန်းသိမ်း စောင့်ရှောက်သူများ အနေနဲ့ တိရစ္ဆာန်များကို အဓိကတာဝန်ယူ ထိန်းသိမ်းပြုစုစောင့်ရှောက်ပေးနေသူများဖြစ်တဲ့ တိရစ္ဆာန်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေရန်အတွက်သာမက တိရစ္ဆာန် ဥယျာဉ်များ၏ အဓိက ရည်ရွယ်ချက်များဖြစ်သည့် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးလုပ်ငန်း၊ ပညာပေးလုပ်ငန်းများနှင့် သုတေသနလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေ ရန် အဓိကအထောက်အကူ ပြုပေးနေသူများလည်း ဖြစ်ကြပါတယ်။ 🦒တိရစ္ဆာန်ထိန်းများရဲ့ ဝါသနာ၊ အနစ်နာ၊ လုပ်ငန်းကျွမ်းကျင်မှုတို့သည် တိရစ္ဆာန်ဥယျာဉ်များ၏ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန်နှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက် ရာတွင် ရှေ့တန်းကနေ တာဝန်ယူဆောင်ရွက်ပေးနေရသော ရှေ့တန်းတိုက်စစ်မှူးများပင်ဖြစ်ကြပါတယ်။ 🐘ကမ္ဘာပေါ်ရှိ တိရစ္ဆာန်ဥယျာဉ်များတွင် တိရစ္ဆာန်များ၏ ကောင်းကျိုးချမ်းသာနှင့် တိရစ္ဆာန်ဥယျာဉ် များ၏ ရည်မှန်းချက်ပန်းတိုင်ကိုရောက်ရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသော တိရစ္ဆာန်ထိန်း (Zoo Keepers) များအား ဂုဏ်ပြုသောအားဖြင့်နှစ်စဉ် အောက်တိုဘာလ (၄) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ တိရစ္ဆာန်ထိန်းများနေ့အဖြစ် သတ်မှတ်ပြီးဂုဏ်ပြုလိုက် ရပါတယ်။🎉 #YadanarbonZoo #knowledgesharing #zookeeperday
✨သီတင်းကျွတ်လပြည်နေ့ ✨ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊အောက်တိုဘာ(၁၇) ရက်နေ့တွင် ကျရောက်သည် “သီတင်းကျွတ်လပြည့်နေ့ “ အဘိဓမ္မာအခါတော်နေ့တွင် မိတ်ဟောင်းမိတ်သစ်များအားလုံး စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းနှင့် ပြည့်စုံ၍ ကပ်ကြီး(၃)ပါး အန္တရာယ်မှ ကင်းဝေးနိုင်ကြပါစေလို့ ရတနာပုံတိရစ္ဆာန်ဉယျာဉ်( Yadanarbon Zoo)မိသားစုမှ ဆုမွန်တောင်းအပ်ပါတယ်….🙏🙏🙏 #YadanarbonZoo #thatinkyut
🦤ငှက်ကျားအနက်တွေဟာ ငှက်ကျားအုပ်စုမှာခန္ဓာကိုယ်အရွယ်အစားအကြီးဆုံးဖြစ်ပါတယ်။ နှုတ်သီးဖျားမှအမြီးအထိ ၃၇ မှ ၃၉ လက်မ😳အထိရှိပြီး တောင်ပံအလျှားမှာ ၅၇မှာ၆၁ လက်မ😱အထိရှိကြပါတယ််။ အရွယ်ရောက်ငှက်ကျားအနက်် တွေရဲ့ခန္ဓာကိုယ်မှာအနက်ရောင်ရှိပြီး အောက်ဘက်အပိုင်းတွင်အဖြူရောင်ရှိပါတယ်။🦤 အနီရောင်ခြေတံရှည်နှင့် ရှည်လျှားချွန်ထက်သောနှုတ်သီးနီရှိပါတယ်။ ေရွပြောင်းလှည့်လည်ကျက်စားနေထိုင်သည့်ငှက်အမျိုးအစားဖြစ်ပြီး ဥရောပ၊ အာဖရိကနှင့်အာရှတိုက်တို့တွင်လည်း ရွှေ့ပြောင်းကျက်စားနေထိုင်လျက်ရှိပါတယ်။ အဓိကအစားအစာမှာငါး🐟ဖြစ်ပြီး ငှက်ကျားအနက်များမှာ မြစ်ချောင်းများနှင့် ရေတိမ်ဒေသများတွင်🏞️လှည့်လည်ကျက်စားနေထိုင်ကြပါတယ်။ အစာရှာသည့်အခါ တောင်ပံကိုဖြန့်၍ အစာရှာတတ်ပါတယ်။ ဒါကြောင့် ငှက်ကျားအနက်များကို မြန်မာနိုင်ငံတွင် လုံးဝကာကွယ်ထားသော🙅🏻♂️ ငှက်စာရင်းတွင်ထည့် သွင်း၍ ထိန်းသိမ်းကာကွယ်စောင့် ရှောက်ထားလျက်ရှိပါတယ််။🙇🏻♀️ #yadanarbonzoo #blackstork #knowledgesharing
🙏တန်ဆောင်တိုင် ဆုတောင်း🙏 ✨မြန်မာတို့ရဲ့ အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်တွေထဲကမှ တစ်ရက်ဖြစ်တဲ့ 🪔တန်ဆောင်မုန်းလပြည့်နေ့(သာမညဖလ အခါတော်နေ့)🪔မှာ မိတ်ဟောင်းမိတ်သစ် ၊ ချစ်သူ ခင်သူများ 🤗အားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာပြီး စိီးပွားလာဘ်လာဘများ💰 ဒီရေအလား တိုးတက်ကြပါစေကြောင်း✨ တိရစ္ဆာန်ဥယျာဉ် ရတနာပုံ(Yadanarbon Zoo )မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်.....။🙏🙏🙏 #YadanarbonZoo #TazaungdaingFestival
🇲🇲အမျိုးသားနေ့……(တို့မမေ့)🇲🇲 ၂၀၂၄ခုနှစ်၊ နိုဝင်ဘာ (၂၅)ရက်၊ တနင်္လာနေ့တွင် ကျရောက်သော (၁၀၄)ကြိမ်မြောက်အမျိုးသားနေ့အား ဂုဏ်ပြုကြိုဆိုရင်း မြန်မာပြည်သူ/ပြည်သားများအားလုံးနင့် မိတ်ဟောင်းမိတ်သစ်များ အားလုံး စိတ်၏ချမ်းသားခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေကြောင်း တိရစ္ဆာန်ဉယျာဉ်ရတနာပုံ(Yadanarbonzoo)မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🙏🏻🙏🏻🙏🏻
⛄⛄Merry Christmas ☃️☃️ "Spreading joy, love, and cheer—Merry Christmas and a Happy New Year!" ❄️❄️Merry Christmas to all of you.🌲🌲 #YadanarbonZoo #ChristmasWish #yadanarbon
🎉🎈🎊HAPPY NEW YEAR🎊🎈🎉 "As we step into a new year, may you find strength to overcome challenges and embrace every opportunity with courage and joy. Happy New Year!"🥳🎊🎇🎆 #HappyNewYear #Welcome2025 #YaaanarbonZoo #YADANARBON
🎊🐍🐍Gong Xi Fa Cai! Wishing you good health,happiness and abundance throughout of year of the snake🐍🐍🎉 #yadanarbonZoo #HappyChineseNewYear #YearOfSnake2025
🎊🎊 အပြည်ပြည်ဆိုင်ရာမြင်းကျားနေ့ International Zebra Day January 31, 2025🎊🎊 👉👉၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(၃၁) ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ မြင်းကျားနေ့ဖြစ်ပါတယ်.. အပြည် ပြည်ဆိုင်ရာမြင်းကျားများနေ့မှာ မြင်းကျားလေးတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို မျှဝေ လိုက်ပါတယ်…🤗🤗 ကမ္ဘာပေါ်မှာ မြင်းကျား(၃) မျိုးရှိပါတယ်…. 🦓ဂရီဗီမြင်းကျား(Grevy Zebra)၊ 🦓ပလိန်းမြင်းကျား (Plains Zebra) နှင့် 🦓တောင်ပေါ်မြင်းကျား (Mountain Zebra) ဆိုပြီး မြင်းကျား(၃) မျိုးရှင်သန်နေထိုင်ပါတယ်။ 👉👉မြင်းကျားတွေဟာအာဖရိကတိုက်မှာရှိတဲ့ နိုင်ငံများမှာ နေထိုင်ပါတယ်…🤗🤗 👉👉ထူးခြားချက်အနေနဲ့ကတော့ မြင်းကျားတွေရဲ့ အစင်းကြောင်းတွေဟာ လူတွေမှာရှိတဲ့ လက်ဗွေ တစ်ယောက်နှင့် တစ်ယောက်မတူသလို သူတို့ရဲ့ အစင်းကျားတွေကလည်း….တစ်ကောင်နှင့် တစ်ကောင်မတူကြပါဘူး🤗🤗 👉👉သူတို့ခန္ဓာကိုယ်မှာရှိတဲ့ အစင်းကြောင်းတွေက ရန်သူအလွယ် တကူမမြင်နိုင်အောင် ဖုံးကွယ် အကူအညီပေးပါတယ်🤗🤗 👉👉မြင်းကျားတွေဟာ တစ်နာရီကို (၆၅) ကီလိုမီတာနှုန်းနဲ့ပြေးနိုင်ကြပါတယ်🤗🤗 👉👉ဂရီဗီမြင်းကျား (Grevy Zebra)များဟာ ဆယ်စုနှစ်(၃) စုအတွင်း အကောင်ရေ (၅၄) ရာခိုင်နှုန်းခန့်ကျဆင်းသွားသည့်အတွက် နိုင်ငံတကာပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (IUCN) တွင် Endangered (EN) မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်အဖြစ် သတ်မှတ်ကာကွယ်ထားပါသည်။ ...
🇲🇲 ပြည်ထောင်စုနေ့ 🇲🇲 ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်သော (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အား လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။ #YadanarbonZoo #78th #UnionDay2025
🎊World Hippopotamus Day (ဖေဖော်ဝါရီလ ၁၅ ရက်)🎊 ✨️ကမ္ဘာ့ရေမြင်းများနေ့သည် ကုန်းနေနို့တိုက်သတ္တဝါများထဲတွင် တတိယအကြီးဆုံးဖြစ် သည့် ထူးခြားသောရေမြင်းများအတွက် ဂုဏ်ပြုကျင်းပခြင်းဖြစ်ပြီး မျိုးသုဉ်းခြင်းမှ ကာကွယ်ရန် ပြည်သူများအား ထိန်းသိမ်းရေးအသိအမြင်များ ဖွင့်ပေးသော နေ့လည်းဖြစ်ပါသည်။ ✨️ 👉ယခုအခါ ရေမြင်းများကို ဇမ်ဘီယာနှင့် တန်ဇန်းနီးယား ကဲ့သို့သောနိုင်ငံများတွင် အများဆုံးတွေ့ရှိနိုင်ပါသည်။ 👉ယခုအခါ ရေမြင်းများ သည် အာဖရိကတိုက်အလယ်ပိုင်းနှင့် တောင်ပိုင်းတို့တွင် နေထိုင်ကြပါသည်။ 👉ရေမြင်း များသည် အသက်မရှုဘဲ ရေအောက်တွင် (၅) မိနစ်ခန့် ရေငုတ်နေထိုင်နိုင်ပါသည်။ 👉ယခုအခါ ရေမြင်းပု (Pygmy Hippopotamus) နှင့် ရိုးရိုးရေမြင်း (Common Hippopotamus)ဟူ၍ ရေမြင်းမျိုး စိတ်(၂) မျိုးသာ ကမ္ဘာပေါ်တွင် ကျန်ရှိပါတော့သည်။ 👉ရေမြင်းများသည် ရေအောက်၌ အချိန်များစွာနစ်မြုပ်နေရသည့် အဓိက အကြောင်းအရင်း များထဲမှတစ်ခုမှာ ပူပြင်းသောနေရောင်အောက်တွင် ယင်းတို့၏အရေပြားများ ခြောက်သွေ့ကွဲ အက်ခြင်းမှ ကာကွယ်ရန်ဖြစ်ပါသည်။ 👉 သူတို့၏ ခန္ဓာကိုယ်ကို အေးမြနေအောင် ကူညီပေးတာ ကြောင့် ရွှံ့ထဲမှာလူးရတာကိုလည်း နှစ်သက်ကြပါတယ်။ 👉သို့သော်လည်း ရေမြင်းများသည်...
✨️ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ World Wildlife Day (March 3rd)✨️ 👉ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ (World Wildlife Day) ကို ၂၀၁၃ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်တွင် ကျင်းပြုလုပ်သည့် (၆၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ(UNGA) မှ နိုင်ငံတကာမှ မျိုးဆက်ပျက် သုဉ်းလုဆဲ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ နိုင်ငံတကာကုန်သွယ်မှုဆိုင် ရာ (ကွန်ဗင်းရှင်း) သဘောတူ စာချုပ်(Convention on International Trade on Endangered Species of Wild Fauna and Flora-CITES) ကို လက်မှတ်ရေးထိုးခဲ့သည့် ၁၉၇၃ ခုနှစ် မတ်လ (၃) ရက်နေ့ကို ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ (World Wildlife Day) အဖြစ်သတ်မှတ်ကြေငြာ ရန် သဘောတူဆုံးဖြတ်ခဲ့ကြပါသည်။ 👉ထိုအပြင် CITES အထွေထွေ အတွင်းရေးမှူးရုံးအား ကမ္ဘာ့ နေ့ထူးနေ့မြတ်များကို ကုလသမဂ္ဂပြက္ခဒိန်တွင် ကျင်းပနိုင်ရေးအတွက်ပံ့ပိုးပေးသော အဖွဲ့အစည်း အဖြစ်လည်း ဂုဏ်ပြုသတ်မှတ်ခဲ့ပါသည်။ 👉၂၀၂၅ ခုနှစ် ကမ္ဘာ့တောရိုင်းတိရစ္ဆာန်နေ့ ဆောင်ပုဒ်သည် "Wildlife Conservation Finance: Investing in People...
၂၀၂၅ခုနှစ် မတ်လ ၁၈ရက် မှ ၁၉ ရက်နေ့အထိ Htoo Zoos and Gardens Business Unit နှင့် ထိုင်းနိုင်ငံ Zoological Park Organization-ZPOT တို့ပူးပေါင်း၍ Zoo Animals Health Management ခေါင်းစဉ်ဖြင့် အလုပ်ရုံးဆွေးနွေ:ပွဲအား တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ)၊ မန္တလေးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ ၊တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)၊ တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)၊ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)တို့မှ အုပ်ချုပ်ရေးမှူးများနှင့် တိရစ္ဆာန်ဆေးကုဆရာဝန်များ တက်ရောက်ခဲ့ကြပြီး ဥယျာဉ်အတွင်းထိန်းသိမ်းစောင့်ရှောက်ထားသော တိရစ္ဆာန်များ၏ ပြကွက်တစ်ခုချင်းအလိုက် လိုအပ်သော ပြုစုစောင့်ရှောက်မှူနှင့် စီမံအုပ်ချုပ်မှုများအား တိရစ္ဆာန်ထိန်းသိမ်းရေးဝန်ထမ်းများနှင့် အသေးစိတ်မေးမြန်းပြီး လိုအပ်သည့် ညွှန်ကြားမှုများကို Dr. Visit ( Zoo Park Organization Thailand−ZPOT) မှ အသေးစိတ်ညွှန်ကြားမှုများပြုလုပ်ခဲ့ကြပြီး တိရစ္ဆာန်ဥယျာဉ်များ၏ ကျန်းမားရေးစောင့်ရှောက်မူ ပိုမို ကောင်းမွန််လာစေရန် အတူတကွပူးပေါင်း ဆောက်ရွက်ခဲ့ကြပါသည်။ ထို့အပြင် သားပေါက်ရန်ရှိသည့် ရေမြင်းများအတွက်လည်း လိုအပ်သည့်ပြင်ဆင်မှူများ၊ ဆေးဝါးနှင့် အစားများအတွက် အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် အသေးစိတ်ဆွေးနွေတိုင်ပင်ခဲ့ကြပါသည်။
✨️ကမ္ဘာ့ဝက်ဝံများနေ့ (World Bear Day - 23rd March 2025)✨️ 👉ကမ္ဘာပေါ်တွင် ဝက်ဝံမျိုးစိတ် (၈)မျိုး ရှင်သန်ကျက်စားနေထိုင်ကြပါသည်။ 👉ထိုမျိုးစိတ် (၈)မျိုး ထဲမှ (၂)မျိုးသည် မြန်မာနိုင်ငံတွင် ရှင်သန်နေထိုင်ကျက်စားနေထိုင်သည်ကို တွေ့ရှိရပါသည်။ 👉 ဝက်ဝံ မျိုးစိတ် ( ၈ ) မျိုးမှာ North American Black Bear, Brown Bear, Polar Bear, Asiatic Black Bear, Andean Bear, Panda Bear, Sloth Bear နှင့်Sun Bear တို့ ဖြစ်ကြပြီး မြန်မာနိုင်ငံတွင် ဟိမဝန္တာဝက်ဝံ (Asiatic Black Bear)နှင့် ခွေးဝံ (ခေါ်) ပသျှူးဝက်ဝံ (Sun Bear)ဟူ၍ မျိုးစိတ် (၂)မျိုး ရှင်သန်ကျက်စား နေထိုင်ကြပါသည်။ 👉ကမ္ဘာ့ဝက်ဝံများနေ့ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ရာသီဥတု ဖောက်ပြန်ခြင်း၏ ဆိုးကျိုးများ အကြောင်း အသိပညာပေးခြင်းဖြင့် ဝက်ဝံများကို ကာကွယ်ရန် လူတစ်ဦးချင်းနှင့် အဖွဲ့အစည်းများအား လှုံ့ဆော်ပေးရန်ဖြစ်သည်။ 👉၁၉၉၂ခုနှစ်မှ...
တိရစ္ဆာန်ဥယျာဉ်ချစ်သူများနေ့ ( Zoo Lovers Day ) 🗓️နှစ်စဉ် ဧပြီလ (၈) ရက်နေ့သည် တိရစ္ဆာန်လေးများ နှင့် သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထားချစ်မြတ်နိုးသူများ ၊ တိရစ္ဆာန်လေးများ နှင့် သဘာဝပတ်ဝန်းကျင်ကို တည်မြဲစွာ ရှင်သန် ရပ်တည်နိုင်ရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကြိုးပမ်းအားထုတ်နေသူများမှ တိရိစ္ဆာန်ချစ်သူများနေ့ ( Zoo Lovers Day ) နေ့အဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ် ။ 💁 💚ဤနေ့တွင် တိရစ္ဆာန်ဥယျာဉ်များ၏ အရေးပါမှုကို မီးမောင်းထိုးပြခြင်း၊ တိရစ္ဆာန်လေးများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်အသိပညာပေးခြင်း၊ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းစဉ်များတွင် လူအများပူးပေါင်းပါဝင်လာစေရန် အသိပညာပေးခြင်း အစီအစဉ်များကို တိရစ္ဆာန်ဥယျာဉ်များတွင် ပြုလုပ်ကြခြင်းဖြစ်ပါသည်။💁 🐯🐼တိရစ္ဆာန်ဥယျာဉ်များတည်ရှိနေရခြင်းသည် လူအများအား ပြသဖျော်ဖြေရန်ရည်ရွယ်ချက် တစ်ခုတည်းသာမကဘဲ သဘာဝထိန်းသိမ်းရေးဌာနများ (Conservation Centers) အဖြစ်ရပ်တည်ကာ မျိုးသုဉ်းရန်အန္တရာယ်ကျရောက်နေသော တိရစ္ဆာန်များ အတွက် ခိုလှုံစရာနေရာများ၊ သုတေသနဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရန် ဗဟိုဌာနများ၊ လူထု သင်ကြားရေးအတွက် အထောက်အကူပြုဌာနများ၊ မျိုးဆက်ပျံ့ပွားရေးအတွက်မွေးမြူရေးဌာနများ၊ သဘာဝထိန်းသိမ်းရေးနယ်မြေများအတွင်း တိရစ္ဆာန်များ ပြန်လည်စေလွှတ်ရေး လုပ်ငန်းစဉ်များကို ပြုလုပ်နိုင်ရန်အတွက် ဖြစ်ပါသည် ။ 💁 💚တိရစ္ဆာန်ဥယျာဉ်များ၏ အဓိကအခန်းကဏ္ဍမှာ မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိသော တိရစ္ဆာန်...
💦💚 မြန်မာ့နှစ်သစ်ကူးအချိန်အခါသမယလေးမှာ မြန်မာပြည်သူ ပြည်သားများအားလုံး နှစ်သစ်ကို ကောင်းခြင်းမင်္ဂလာတွေနှင့် ဖြတ်သန်းနိုင်ပြီး လိုအင် ဆန္ဒအဝဝ ပြည့်စုံနိုင်ကြပါစေ ၊ ကြံတိုင်းအောင်ပြီး ဆောင်တိုင်းမြောက်ကြပါစေ ၊ အစစ အရာရာ အဆင်ပြေပါစေကြောင်း တိရစ္ဆာန်ဉယျာဉ် ( ရတနာပုံ ) မိသားစုမှဆုတောင်း မေတ္တာပို့သအပ်ပါတယ်ရှင်။🙆💚 #YadanarbonZoo #နှစ်သစ်ဆုတောင်း
💚တန်ဖိုးထားဖွယ်ရာ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမားနေ့ ✨ 👷♀️နှစ်စဉ် မေလ (၁) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (International Labour Day) အဖြစ် သတ်မှတ်ဂုဏ်ပြုထားပါတယ်။🙆💚 👷ယခုကျရောက်သော မေလ (၁)ရက်နေ့သည် ၁၃၅ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမားနေ့ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ ဝန်ထမ်းများနှင့်အတူ တိရစ္ဆာန်ဉယျာဉ် (ရတနာပုံ)မှာ သက်ဆိုင်ရာနယ်ပယ်အသီးသီး၌ ကျရာတာဝန်ကို အားထုတ် ဆောင်ရွက်နေကြပါသော ဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှုများကို တန်ဖိုးထားစွာဖြင့် လေးစားစွာဂုဏ်ပြုလိုက်ပါတယ် ။ 🙇♀️💚 👉အလုပ်ပိတ်ရက်၊ ရုံးပိတ်ရက်တွေမှာလည်း တိရစ္ဆာန်ဉယျာဉ် (ရတနာပုံ )ကို နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ နေ့စဉ် ဖွင့်လှစ်ပေးထားတာပဲဖြစ်ပါတယ် ။ ဒါကြောင့် အားလပ်ရက်တွေမှာ ချစ်ခင်ရသော မိသားစု၊ သူငယ်ချင်းများနှင့်အတူ လာရောက်လည်ပတ်ရင်း အပန်းဖြေအနားယူဖို့ ဖိတ်ခေါ် လိုက်ရပါတယ်။💁🥰💚 #Internationallabourday #Yadanarbonzoo
‘ ဖွား၊ပွင့်၊ဟော၊စံ၊ဗျာဒိတ်ခံ ’ ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့ 🙏 ✨ ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘုရားရှင်၏ ဂေါတမမြတ်စွာ ဘုရားအလောင်းအလျာ သိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူသောနေ့၊ ဘုရားအဖြစ် ပွင့်တော်မူမည့် ဗျာဒိတ်တော်ခံယူသောနေ့၊ သဗ္ဗညုတဉာဏ်တော်ကိုရရှိပြီး ဗုဒ္ဓအဖြစ်ကို ရရှိတော်မူသောနေ့နှင့် ပရိနိဗ္ဗာန်စံလွန်တော်မူသောနေ့တို့ ဖြစ်သည့် နေ့ထူး နေ့မြတ် တစ်ရက်ပင်ဖြစ်ပါသည် ။ 🙏 ✨ ထိုကဲ့သို့ ရက်မြတ်မင်္ဂလာ ကဆုန်လပြည့်နေ့ အခါသမယမှာမြန်မာပြည်သူ ပြည်သားများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး ဘေးဘယာ ဝေးကွာ၍ အေးချမ်းသာယာသောနိုင်ပါစေကြောင်း တိရစ္ဆာန်ဉယျာဉ် ( ရတနာကပုံ ) မိသားစု မှ ဆုမွန်ကောင်း တောင်းအပ်လိုက်ပါတယ်ရှင်🙏 #YadanarbonZoo #ကဆုန်လပြည့်နေ့
မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်များနေ့ (Endangered Species Day) May 16 😥💔 မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်များနေ့ကို နှစ်စဉ် မေလတတိယပတ် သောကြာနေ့ တွင် ကျင်းပပြုလုပ်ကြပါတယ်။ တိရိစ္ဆာန်များ၊ အပင်များနှင့် အင်းဆက်ပိုးမွှားအချို့၏ တည်ရှိမှု သည် အလွန်ပျက်စီးလွယ်သည်ကို သတိပေးရန်နှင့်အဖိုးတန်မျိုးစိတ်များကို ကာကွယ်ရန် များစွာ အရေးကြီးကြောင်းကို လေ့လာရန်နှင့် လူသားတို့အား တိုက်တွန်းရန်အတွက် ဤနေ့ကို ဖန်တီးထားခြင်းဖြစ်ပါတယ် 💁💚 🌍💔 "မျိုးသုဉ်းရန်အန္တရာယ်ရှိသော" ဟူသည့် စကားအဓိပ္ပါယ်မှာ လူ (သို့မဟုတ်) ပြင်ပ၏ သက်ရောက်မှုတစ်ခုခုကြောင့် သဘာဝ နေရင်း ဒေသအတွင်းရှိ ဇီဝမျိုးစိတ်တစ်မျိုး၏ အရေ အတွက်သည် စိုးရိမ်ဖွယ်ကောင်းလောက်အောင် အလွန်အမင်းကျဆင်းနေခြင်းကို ဆိုလိုခြင်း ဖြစ်ပါတယ် 💁💚 👉 မျိုးစိတ်ဟုဆိုရာတွင် မျိုးရိုးဗီဇဖလှယ်ခြင်း (သို့မဟုတ်) အပြန်အလှန်ပေါက်ပွားနိုင်သော သတ္တလောကနှင့် ရုက္ခလောကရှိ ဇီဝရုပ်များကိုဆိုလိုခြင်း ဖြစ်ပါတယ် 💁💚 🌍✨ ကမ္ဘာပေါ် ရှိနိုင်ငံများတွင် မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်များအား နေရင်းဒေသ နေရာများတွင် အမျိုးသားဥယျာဉ်များတည်ထောင်ထိန်းသိမ်းခြင်း၊ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောများတည်ထောင်ထိန်းသိမ်းခြင်း၊ တိရစ္ဆာန်ဥယျာဉ်နှင့် ပန်းဥယျာဉ်များတည်ထောင်ထိန်းသိမ်းခြင်း စသည့်ထိန်းသိမ်းရေးလုပ်ငန်းများကို နိုင်ငံအလိုက် ကြိုးစားဆောင်ရွက်နေသော်လည်း နေ့စဉ်နှင့် အမျှ နို့တိုက်သတ္တဝါမျိုးစိတ်များ၊ ငှက်မျိုးစိတ်များ၊ ကုန်းနေရေနေနှင့်တွားသွားသတ္တဝါမျိုးစိတ်...
🐢ကမ္ဘာ့လိပ်များနေ့ 🐢 (World Turtle Day) မေလ (၂၃) ရက် 🐢🐢လိပ်များသည် ကမ္ဘာပေါ်တွင် ဒိုင်နိုဆောများ(Dinosaurs) မပေါ်ပေါက်ခင် လွန်ခဲ့သော နှစ်သန်းပေါင်း(၂၀၀) ကျော်ခန့်ကပေါ်ပေါက်ခဲ့ပြီး ရှေးအကျဆုံးသော ထူးဆန်းသည့် တွားသွား သတ္တဝါများပဲဖြစ်ကြပါတယ် ။ လိပ်များသည် ရှေးအစဉ်အဆက်ကပင် လူသားတို့အတွက် အစား အစာနှင့် လူ့အသုံးအဆောင်ပစ္စည်းများတို့ကို တိုက်ရိုက်အားဖြင့် အကျိုးကျေးဇူးပြုလျက်ရှိပြီး လူသားတို့အားအကျိုးမပြုသော အင်းဆက်ပိုးမွှားများအား စားသုံးခြင်း၊ ရေကို ညစ်ညမ်းစေသော ဒြပ်ဝတ္ထုများနှင့် ရေညှိရေမှော်တို့ကိုစားသုံးခြင်းအားဖြင့် လူသားတို့ အသုံးပြုနေသော မြစ်၊ ချောင်း၊ အင်းအိုင်တို့မှ ရေကိုသန့်စင်စေခြင်းဖြင့် လူသားတို့အား သွယ်ဝိုက်သော နည်းများဖြင့် အကျိုးကျေးဇူး ပြုပေးနေခြင်း ဖြစ်ပါတယ် ။ ထိုကဲ့သို့ အကျိုးကျေးဇူးများအပြင် သဘာဝဂေဟစနစ်တွင် ချိန်ခွင် လျှာညီမျှစေရန် တာဝန်တစ်ရပ်ကိုလည်းထိန်းကျောင်းပေးလျက်ရှိပြီး လူသားတို့ အလွယ်တကူ မြင်နိုင်စွမ်းမရှိသည့် အဖိုးမဖြတ်နိုင်သော အကျိုးကျေးဇူးများကို အစဉ်ပံ့ပိုးပေးနေသော သတ္တဝါ များပင် ဖြစ်ကြပါသည်။🥰🥰 💁ယခုအခါ ကမ္ဘာပေါ်တွင် ရှင်သန်ကျက်စားနေထိုင်ခဲ့သည့် လိပ်မျိုးစိတ်အများစုသည် လူတို့၏ ပယောဂများဖြစ်သော လိပ်တို့ပေါက်ပွားရှင်သန်ရာ နေရင်းဒေသများ ဆုတ်ယုတ်ပျက်စီး ယိုယွင်းလာစေခြင်း၊ လိပ်နှင့်လိပ်ဥများကို လွန်ကဲစွာရှာဖွေရောင်းချခြင်း၊ စားသောက်ခြင်းနှင့် အခြားသော အသားစားသတ္တဝါများ၏...
💦ကမ္ဘာ့ဖျံများနေ့ ✨ (World Otter Day) 28-May-2025 🎉ကမ္ဘာ့ဖျံများနေ့ (World Otter Day) ကို နှစ်စဉ် မေလ၏ နောက်ဆုံးအပတ် ဗုဒ္ဓဟူးနေ့တွင် ကျင်းပပြုလုပ်ကြပါသည်။ထိုနေ့ကို International Otter Survival Fund (IOSF) မှ စတင် ဖန်တီးခဲ့ခြင်း ဖြစ်ပါသည်။ဖျံများသည် ဂေဟဗေဒစနစ်တွင် လွန်စွာအရေးကြီးပြီး ထိန်းသိမ်းရေးလုပ်ငန်း များလုပ်ဆောင်ရန်၊ အသိပညာမြှင့်တင်ရန်နှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို သိရှိ နိုင်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ကြခြင်းဖြစ်ပါသည်။ 👏👏 💚ဖျံများသည် ကုန်းတစ်ပိုင်းရေတစ်ပိုင်းနေထိုင်သော သတ္တဝါများဖြစ်ပြီး၊ ဆော့ကစား တတ်သော အမူအရာနှင့် ရေနေပတ်ဝန်းကျင်တွင် အရေးပါသော အခန်းကဏ္ဍကြောင့် လူသိများ သော ရေနေနို့တိုက်သတ္တဝါများဖြစ်ပါသည်။ ကမ္ဘာတစ်ဝှမ်းတွင် ဖျံမျိုးစိတ် (၁၃) မျိုးရှိပြီး အများစု မှာ ယင်းတို့နေထိုင်ရာ နေရင်းဒေသများဆုံးရှုံးခြင်း၊ လေထုညစ်ညမ်းခြင်းနှင့် တရားမဝင်တော ရိုင်းတိရစ္ဆာန်များ ရောင်းဝယ်ဖောက်ကားခြင်းတို့ကြောင့် မျိုးသုဉ်မည့်အန္တရာယ်နှင့် ခြိမ်းခြောက် ခံနေရသည်။ ဥပမာအားဖြင့်၊ ပင်လယ်ဖျံများသည် ပင်လယ်ကမ်းရိုးတန်းဂေဟစနစ်ကို ထိန်းသိမ်း ရန်အတွက် အဓိကကျသောမျိုးစိတ် (Keystone Species) မျိုးစိတ်အဖြစ် သတ်မှတ်ထားပါ သည်။ ကမ္ဘာတစ်ဝှမ်းတွင် ဖျံမျိုးစိတ် (၁၃)...
🎖️Htoo Zoos and Gardens Business Unit၊ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) နှင့် BANCA (Biodiversity and Nature Conservation Association)၊ တို့ပူးပေါင်း၍ မြန်မာနိုင်ငံ အတွင်း လင်းတထိန်းသိမ်းရေးလုပ်ငန်းများရှင်းလင်းတင်ပြခြင်းနှင့်အနာဂတ်တွင် အတူတကွပူးပေါင်း၍ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးလုပ် ငန်းများ ပိုမိုဆောင်ရွက်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါတယ် 🥰🥰 💁💁♂️အစည်းအဝေးတွင် BANCA မှ တာဝန်ရှိသူ (၃)ဦး နှင့် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) မှ အုပ်ချုပ်ရေးမှူး၊ တိရစ္ဆာန်ဆေးကုသဆရာဝန်များ၊ တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်မှု တာဝန်ရှိသူများ၊ ပညာပေးဌာနတို့မှ အသီးသီး အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အနာဂတ်တွင် ပိုမိုကောင်းမွန်သည့် ရလာဘ်များရရှိစေရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါတယ်ရှင် 🙆🙆 #yadanabonzoo
🐪ကမ္ဘာ့ကုလားအုပ်များနေ့ 💚 ( World Camel Day June-22 ) 🗓️နှစ်စဉ် ဇွန်လ(၂၂) ရက်နေ့ကို ကမ္ဘာ့ကုလားအုပ်များနေ့အဖြစ်သတ်မှတ်ခဲ့ကြပါသည်။ ထိုနေ့တွင် ကုလားအုပ်များ၏ ရှင်သန်ရေး နှင့် မျိုးဆက်ပြန့်ပွားရေးကို လူထုမှ ဝိုင်းဝန်း ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်ကြောင်းကို အသိအမြင်များ တိုးပွားလာစေရန်ရည်ရွယ်၍ အထိမ်းမှတ်နေ့အဖြစ် ကျင်းပပြုလုပ်ကြခြင်းဖြစ်ပါသည်။ ကုလားအုပ်များသည် ယင်းတို့၏ ကျောပေါရှိ ဘို့များကြောင့် ခွာစုံနို့တိုက်သတ္တဝါ အကောင်ကြီး အမျိုးအစားများအဖြစ် လူသိများ ထင်ရှား ကျော်ကြားကြပါသည်။ 💚🙆 🐪💚ကမ္ဘာပေါ်တွင် ကုလားအုပ်မျိုးစိတ် (၃)မျိုး ပေါက်ဖွားရှင်သန်နေထိုင်ကြပြီး နှစ်မျိုးမှာ အိမ်မွေးတိရစ္ဆာန်များဖြစ်ကြပြီး ကျန်တစ်မျိုးမှာ (wild Bactrian camel) သိပ္ပံအမည် Camelus ferus သဘာဝတောရိုင်းတိရစ္ဆာန်ဖြစ်ပါသည်။ ကုလားအုပ်များကို ရှေးလွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက သဘာဝရာသီဥတု၏ ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော ခက်ခဲ့ကြမ်းတမ်းသည့် သဘာဝဂေဟစနစ်များကို လူသားတို့ လွယ်ကူ သက်သာစွာ ရင်ဆိုင်ကျော်လွှားနိုင်စေရန် သဘာဝကပေးထားသော အဖိုးတန်လက်ဆောင်ဟု ရှေးလူကြီးများက တင်စားခေါ်ဝေါ်ခဲ့ကြပါသည်။💁💁♂️ 🌎🌳သဘာဝက ဖန်တီးပေးထားသော ခန္တာကိုယ်တည်ဆောက်ပုံအရ သဲမုန်တိုင်းတိုက်ခတ် နေသည့် ကာလအတွင်းမှာပင် ကုလားအုပ်တို့၏ နှာခေါင်းများကို တင်းကြပ်စွာပိတ်ထားနိုင်ခြင်း၊ အပိုပါ...
🎖️Htoo Zoos and Gardens မှ ကြီးမှူး၍ ထိုင်းနိုင်ငံ ZPOT (Thailand ) မှ Dr.Visit Arsaithamkul နှင့် Dr.Sumate Kamolonorranath တို့လာရောက်၍ Animal Welfare Auditory Training Workshop အား ၂၀၂၅ ခုနှစ် ဇွန်လ (၂၄,၂၅,၂၆) ရက်နေ့တို့တွင် တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) တွင်ကျင်းပပြလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ သစ်တောဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံရေးရာဌာန) နှင့်တာဝန်ရှိသူများ၊ မြန်မာ့သစ်လုပ်ငန်းမှ အထွေထွေ မန်နေဂျာနှင့် တာဝန်ရှိသူများ၊ မွေးမြူရေးဆေးတက္ကသိုလ် (ရေဆင်း) မှ ဆရာ၊ ဆရာမများနှင့် သက်ဆိုင်ရာဥယျာဉ်အသီးသီးမှ အုပ်ချုပ်ရေးမှူးများ၊ တိရစ္ဆာန်ဆေးကုသ ဆရာဝန်များ၊ Htoo Zoos & Gardens Business Unit မှ တာဝန်ရှိသူများ၊ ဥယျာဉ်အသီးသီးမှ တိရစ္ဆာန်ထိန်းသိမ်းသည့် ကြီးကြပ်သူ တိထိန်းဝန်ထမ်းအသီးသီးတို့မှ တက်ရောက်ခဲ့ကြပါသည်။🙌🙌 💁💁♂️အဆိုပါ Workshop တွင် Important role of Animals Welfare in Zoos and Aquariums နှင့် ပတ်သက်သည်များအားရှင်းလင်းတင်ပြခြင်း၊ Ethics and...
🎉🎉၂၄ မေလ (၂၀၂၅) – မနက် ၃း၂၀ နာရီခန့်အချိန်တွင် သဘာဝ၏ အံ့ဖွယ် ဆန်းကြယ်မှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်ရှင် ။ ထိုဆန်းကြယ်မှုလေးက ဘယ်ကနေ အစပြုခဲ့တာလည်းဆိုရင်တော့ ...... ရေမြင်း(ထီး) ရဲလေး (အသက် ၁၂ နှစ်ခန့်) နှင့် ရေမြင်း(မ) ဒီးမား (အသက် ၃၉ နှစ်ခန့်) တို့၏ ချစ်ခြင်းမေတ္တာ ပေါင်းစည်းမှု ကနေ တဆင့် အစပြုခဲ့တာပဲ ဖြစ်ပါတယ် ။ တိရစ္ဆာန်ဉယျာဉ် ( ရတနာပုံ) တွင် ရေမြင်း(ထီး) ရဲလေး နှင့် ရေမြင်း(မ) ဒီးမား တို့အား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့ မှ ၂၉ ရက်နေ့အထိ မိတ်လိုက် သားစပ်မှုများကို သန့်သန့်ရှင်းရှင်း သဘာဝကျကျဖြင့် ချစ်ခြင်းမေတ္တာ ပေါင်းစည်းမှုများပြုလုပ်ခဲ့ကြပါတယ်။💞🥰 😍😍ထိုကဲ့သို့ ပေါင်းစည်းမှု၏ ရလဒ်အနေဖြင့် မိခင်ရေမြင်း(မ)ဒီးမားသည် ကိုယ်ဝန်ဆောင်ကာလ ၈ လခန့်အကြာတွင် ရေထဲ၌ သဘာဝ၏ သက်ရှိသယံဇာတလေးဖြစ်သော ရေမြင်းပေါက်လေး တစ်ကောင်အား အောင်အောင်မြင်မြင် ကျန်းကျန်းမာမာ ဖြင့် မွေးဖွားလိုက်ပြီပဲ ဖြစ်ပါတယ်ရှင် ။ အလွန်ချစ်ဖို့ကောင်းသော...
🎉🎉မြန်မာအမျိုးသမီးများနေ့သည် မြန်မာအမျိုးသမီးများ၏ အခန်းကဏ္ဍ ၊ ကြိုးပမ်းအားထုတ်မှုနှင့် တာဝန်ယူမှုများကို ဂုဏ်ပြုသော အထိမ်းအမှတ်နေ့တစ်ရက် ဖြစ်ပါတယ်ရှင် ။🙆🙆 👧👷♀️🙆အမျိုးသမီးများသည် နိုင်ငံတော်၏အနာဂတ်ကို တည်ဆောက်ရာတွင် အခြေခံအုတ်မြစ်အဖြစ် အမြဲအရေးပါသူများ ဖြစ်ကြပါတယ်ရှင် ။ ထိုကဲ့သို့ ထူးချွန် ထက်မြက်လှပါသော အမျိုးသမီး သမီးကောင်းလေးတွေ များစွာတည်ရှိနေသည့် မြန်မာနိုင်ငံတွင် မြန်မာ့အမျိုးသမီးများနေ့ကို ဇူလိုင်လ 3 ရက်နေ့အဖြစ် သတ်မှတ်ထားပြီး မြန်မာအမျိုးသမီးများ ပံ့ပိုးမှု ၊ ပါဝင်မှု ၊ ကြိုးစား အားထုတ်မှု ၊ ခေါင်းဆောင်မှု များကို မှတ်တမ်းတင် ဂုဏ်ပြုကြခြင်းရင်း နောက်အနာဂတ်တွင်လည်း ပိုမိုထူးချွန် ထက်မြက်လာမည့် အနာဂတ်အမျိုးသမီးကောင်းလေးတွေအား လက်ကမ်း ကြိုဆို နိုင်ပါစေကြောင်း တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ ) မိသားစုမှ ညွှန်းဆို၍ အသိပေးအပ်ပါတယ်ရှင် ။💁💚 #မြန်မာအမျိုးသမီးနေ့ #WomenOfMyanmar #StrongWomenStrongNation #July3
🙏🙏ဝါဆိုလပြည့်နေ့သည် “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာ”ဆိုသည့်အတိုင်း ဘုရားအလောင်းတော်သည် မယ်တော်မာယာ၏ ဝမ်းကြာတိုက်၌ ပဋိသန္ဓေ တည်တော်မူသောနေ့၊ သိဒ္ဓတ္ထမင်းသားဘဝတွင် နိမိတ်ကြီးလေးပါးကို မြင်တော်မူ၍ သံဝေဂရပြီး တောထွက်တော်မူသောနေ့ ၊ ဘုရားအဖြစ်သို့ ရောက်ရှိပြီး ဓမ္မစင်္ကြာ တရားဦးကို ပဉ္စဝဂ္ဂီငါးဦးတို့အား ဟောကြားတော်မူသောနေ့၊ တိတ္ထိသင်းကိုနှိမ်နင်း၍ တန်ခိုးပြာဋိဟာ ပြတော်မူသောနေ့တို့ဖြစ်ခြင်းကြောင့် ဝါဆိုလပြည့် ❝ ဓမ္မစင်္ကြာအခါတော်နေ့ ❞ သည် ဗုဒ္ဓဘာသာဝင်တိုင်းအတွက် ထူးခြား မွန်မြတ်သောနေ့ တစ်နေ့ပဲ ဖြစ်ပါတယ်ရှင် ။ 🙇♀️🙇♂️ 🙏🙏ထိုကဲ့သို့ မွန်မြတ်လှသော ဝါဆိုလပြည့် ❝ ဓမ္မစင်္ကြာအခါတော်နေ့ ❞ တွင် ဗုဒ္ဓဘာသာအနွယ်ဝင်တို့သည် ဥပုသ်သီလဆောက်တည်ခြင်း၊ တရားဘာဝနာများရွတ်ဆိုပွားများခြင်းဖြင့် ကောင်းခြင်းအဖြာဖြာတို့ကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ ) မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။🙇♀️🙇♂️
😴😴အပျင်းလည်း ပြေ ပြီး ဗဟုသုတလည်း တိုး စေဖို့ " Quiz Time "အစီအစဥ်လေးမှာ ပါဝင်ပြီး ညဏ်စမ်းမေးခွန်းလေးတွေကို ဖြေသွားလိုက်ပါဦးနော်👏 ✌️အပတ်စဥ် စနေနေ့တိုင်းမှာ တောရိုင်းတိရစ္ဆာန်တို့နှင့် သက်ဆိုင်သော ဗဟုသုတရဖွယ် ညဏ်စမ်း မေးခွန်းလေးတွေကို မေးမြန်း တင်ဆက်ပေးသွားမှာဖြစ်လို့ ကလေး ၊ လူငယ် ၊ လူကြီး အရွယ်မရွေး ပါဝင် ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်ရှင် 🙇♀️🙇♂️ 🙋ညဏ်စမ်း ပျော်ရွှင် " Quiz Time "အစီအစဥ်မှာ အခုတင် ပါဝင်လိုက်ဖို့ မမေ့ပါနဲ့နော် 💚 #QuizTime #YadanarbonZoo #iqchallenge
💚💁တိရစ္ဆာန်ဥယျာဉ်( ရတနာပုံ ) အတွင်း အပတ်စဉ် ဗုဒ္ဓဟူး နှင့် ကြာသပတေးနေ့ နေ့လည် (၁း၀၀) တို့တွင် သက်ဆိုင်ရာ နယ်ပယ်အလိုက် တာဝန်ထမ်းဆောင် နေကြသော ဝန်ထမ်းများ၏ Professional skill များအား Upgrade လုပ်ပေးရန် Capacity Building Trainingများ ကို အစဥ်မပြတ် အမြဲ ပို့ချပေးလျှက် ရှိပါတယ်။🙆🙆♂️ 👉 ဒီလို အပတ်စဥ် Capacity Building Training တွေကို မပျက်မကွက် အစဥ်တစိုက် လုပ်ဆောင် နေရခြင်း ဟာ တိရစ္ဆာန်ဥယျာဥ်အတွင်း အလည်လာသူများ နှင့် တိလေးများအကြား ရင်းနှီးစွာ ဆက်သွယ်နိုင်စေ ရန် ၊ တိလေးများအား ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်နိုင်ရန် နှင့် အနာဂတ်တွင် ပိုမိုကောင်းမွန် သော တိရစ္ဆာန်ဥယျာဥ်ကြီးများ ဖြစ်လာစေရန် ရည်ရွယ်ထားခြင်းတို့ကြောင့် ဖြစ်ပါတယ်ရှင် ။ 🙇♀️🙇♂️ #YadanarbonZoo #buildingcapacitytraining #bettertogether2025
ကမ္ဘာ့မြွေများနေ့ (World Snake Day July 16) 🐍မြွေများကို ဇာတ်၊ နိပါတ်တော်၊ ရှေးဒဏ္ဍာရီ၊ ပုံဝတ္တူများတွင် ဆိုးသွမ်းသည့်နေရာများတွင် ပုံဖော်ရေးသားခဲ့ကြသဖြင့် လူတို့သည် မြွေများကို ရွံရှာကြောက်ရွံ့ဖွယ်ဟုမှတ်ယူထားကြပြီး မြွေမှန်လျှင် အဆိပ်ရှိသည်ဟု ရှေးရိုးစွဲအယူအဆများလည်း ရှိခဲ့ကြပါသည် ။ မြွေများနှင့် ပတ်သက်သည့် အဆိုးမြင်စိတ်များကို ပြောင်းလဲနိုင်စေရန် နှင့် ကျွန်မတို့ ကြောက်ရွံ့သောသတ္တဝါ အားလုံးကို ချစ်ခြင်းမေတ္တာထားနိုင်စေရန် နှစ်စဉ် ဇူလိုင်လ (၁၆) ရက်နေ့ကို ကမ္ဘာ့မြွေများနေ့ဟု သတ်မှတ်ထားပါသည် ။ ထိုနေ့တွင် ကမ္ဘာတစ် ဝှမ်းလုံးရှိ မြွေမျိုးစိတ်ပေါင်း (၃၅၀၀) ခန့် နှင့် ပတ်သက်၍ ထိန်းသိမ်းရေး အသိပညာများ တိုးပွားလာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ကြပါသည် ။ 🙆🙆 🐍မြွေများသည် ကျောရိုးရှိ သွေးအေးတွားသွားသတ္တဝါဖြစ်သည့်အတွက် သူတို့၏ခန္ဓာ ကိုယ်အပူချိန်သည် ပြင်ပ ပတ်ဝန်းကျင်၏ အပူချိန် အပေါ်လိုက်၍ မှီတည်အသက်ရှင် နေထိုင်ကြရ သည့်အတွက် အလွန် အေးခဲလှသည့် အန္တာတိကတိုက် မှလွဲ၍ ကျန်တိုက်ကြီးများတွင် မြွေများဟာ ရှင်သန် ကျက်စား နေထိုင် နိုင်ပါသည်။ 🥰🥰 🐍မြွေ မျိုးစိတ်ပေါင်း...
“ အာဇာနည်နေ့ ဒို့မမေ့ ” ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် မြန်မာပြည်သူ ပြည်သား များသည် အဖိုးမဖြတ် နိုင်ဖွယ်ရာ တန်ဖိုးရှိ လူ ၉ ဦးကို ဆုံးရှုံးခဲ့ကြရပါသည် ။ ယခုအချိန်တွင် အာဇာနည်နေ့ ဖြစ် မှတ်တမ်းတင် ကျန်ခဲ့ပါသည် ။ ထိုနေ့တွင် ကျဆုံးသွားသော အာဇာနည် ၉ ဦး၏ စွန့်လွှတ် အနစ်နာခံ ခြင်း နှင့် ပေးဆပ်ခဲ့ခြင်းတို့ကို အောက်မေ့သတိရရင်း အာဇာနည်နေ့ အခမ်းအနားများကို ကျင်းပကြပါသည် ။ ယခုနှစ် ၂၀၂၅ ဇူလိုင်လ ၁၉ ရက် ( စနေနေ့ ) တွင် ကျရောက်သော ၇၈ ကြိမ်မြောက် အာဇာနည်နေ့တွင် ကျဆုံးပြီးလေသော အာဇာနည်ခေါင်းဆောင်ကြီးများကို တိရစ္ဆာန်ဥယျာဥ် ( ရတနာပုံ ) မိသားစုမှ လွမ်းဆွတ် တမ်းတရင်း အမှတ်ရဂုဏ်ပြုလိုက်ပါတယ်ရှင် ။ #အာဇာနည်နေ့ #MartyrsDay #19July #MartyrsDayMyanmar #အာဇာနည်များကိုမှတ်ရာနေ့
🗓️၁၈ . ၇ . ၂၀၂၅ ရက် ( သောကြာ ) နေ့တွင် တိရစ္ဆာန်ဥယျာဥ် ( ရတနာပုံ )၌ လူမှုအကျိုးပြုပွဲလေး တစ်ခုကို မြိုင်မြိုင်ဆိုင်ဆိုင် ပြုလုပ်ကျင်းပခဲ့ပါသည် ။💁♂️💁 🙆♂️🙆ပြုလုပ်ကျင်းပခဲ့သော အစီအစဥ်များမှာ မန္တလေးမြို့နယ် စလင်းကျောင်းတိုက်မှ သံဃာတော် ငါးပါးအား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း ၊ မိသားစုဝင် ဝန်ထမ်းများမှ စုပေါင်း၍ သွေးလှူဒါန်းခြင်း နှင့် ဝန်ထမ်းများအား အာဟာရဒါန ကြာဇံချက် တိုက်ကျွေးခြင်း အစီအစဥ် တို့ကို ပြုလုပ် ကျင်းပခဲ့ ကြပါသည် ။🙇♀️🙇♂️
ပညာရေးဝန်ကြီးဌာန ၊ အဆင့်မြင့်ပညာဦးစီးဌာန ၊ ကျောက်ဆည်တက္ကသိုလ်၏ ဖိတ်ကြားချက်အရ Htoo Zoos and Gardens Business လက်အောက်ရှိ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) မှ တာဝန်ရှိသူ ဦးမျိုးနိုင် နှင့် တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ ) မှ တာဝန်ရှိသူ ဦးအောင်ချစ်အေးတို့ သည် သတ္တဗေဒဌာန ၊ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ဂုဏ်ထူးတန်း ၊ စတုတ္ထနှစ် ကျောင်းသား/သူ ( ၁၆၇ ) ဦးအတွက် သရေခွာ ရုပ်လုံးသွင်းခြင်း (Taxidermy) သတ္တဗေဒဆိုင်ရာ ပညာရပ်ကို အနာဂတ်တွင် ပိုမို အထောက်အကူ ပြုနိုင်စေရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ ၁ ရက်နေ့ မှ ၄ ရက်နေ့အထိ ကျောက်ဆည်တက္ကသိုလ် တွင် သွားရောက်၍ သင်တန်း ပို့ချခဲ့ခြင်းဖြစ်ပါသည် ။ ဆက်လက်ပြီးတော့ ရုပ်လုံးသွင်းပညာဟာ ဘယ်လို အဓိပ္ပာယ်ရှိကြောင်း နှင့် ဘယ်လောက်အရေးပါကြောင်း ကိုလည်း ဖော်ပြပေးသွားပါမည်ရှင် ။ “ Taxidermy ” ( သရေခွာရုပ်လုံးသွင်းခြင်းအနုပညာ )...
😴😴အပျင်းလည်း ပြေ ပြီး ဗဟုသုတလည်း တိုး စေဖို့ " Quiz Time "အစီအစဥ်လေးမှာ ပါဝင်ပြီး ညဏ်စမ်းမေးခွန်းလေးတွေကို ဖြေသွားလိုက်ပါဦးနော် ....👏👏 ✌️အပတ်စဥ် စနေနေ့တိုင်းမှာ တောရိုင်းတိရစ္ဆာန်တို့နှင့် သက်ဆိုင်သော ဗဟုသုတရဖွယ် ညဏ်စမ်း မေးခွန်းလေးတွေကို မေးမြန်း တင်ဆက်ပေးသွားမှာဖြစ်လို့ ကလေး ၊ လူငယ် ၊ လူကြီး အရွယ်မရွေး ပါဝင် ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်ရှင် ။🙇♀️🙇♂️ 🙋ညဏ်စမ်း ပျော်ရွှင် " Quiz Time "အစီအစဥ်မှာ အခုတင် ပါဝင်လိုက်ဖို့ မမေ့ပါနဲ့နော် ။💚 #QuizTime #QuizChallenge
🐯🐯အပြည်ပြည်ဆိုင်ရာကျားများနေ့ (သို့မဟုတ်) ကမ္ဘာလုံးဆိုင်ရာကျားများထိန်းသိမ်းရေးနေ့💚💚 International Tiger Day-July (29) 🐯💚အပြည်ပြည်ဆိုင်ရာကျားများနေ့ကို ၂၀၁၀ ခုနှစ် ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ကျားထိန်းသိမ်းရေး ထိပ်သီးညီလာခံမှ ကမ္ဘာပေါ်ရှိကျားများအား ထိန်းသိမ်း ရေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်နိုင်စေရန် အသိပညာမြှင့်တင်ပေးပြီး ကျားများ၏ နေရင်းဒေသ များအား အများပြည်သူများမှ ဝိုင်းဝန်းကူညီ ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်စေရန် ရည်ရွယ်၍ နှစ်စဉ် ဇူလိုင်လ(၂၉) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာကျားများနေ့အဖြစ် သတ်မှတ်ခဲ့ကြပါသည်။🙆🙆♂️ 💁💁♂️၂၀၂၅ အပြည်ပြည်ဆိုင်ရာ ကျားများနေ့ဆောင်ပုဒ်မှာ (International Tiger Day 2025 is Harmonious Coexistence between Humans and Tigers.) ဖြစ်ပြီး လူသားများနှင့် ကျားများအကြား အတူတကွနေထိုင်ခြင်းပင်ဖြစ်ပါသည်။ အဓိကအကြောင်းရင်းမှာ ဂေဟစနစ်၏ အရေးပါမှုကို အသိအမှတ်ပြုကာ လူသားများနှင့်ကျားများ အတူတကွနေထိုင်နိုင်သည့် ထိန်းသိမ်း စောင့်ရှောက်ရေးကြိုးပမ်းမှုများ လိုအပ်ကြောင်း အလေးပေးဖော်ပြခြင်းဖြစ်ပါသည်။ ဤဆောင်ပုဒ် သည် သဘာဝတွင် ကျားအကောင်အရေအတွက် တိုးပွားလာစေရန် ရည်မှန်းချက်ကို ပေါ် လွင်စေပါသည်။🙆🙆♂️ 👉ယခင်က ကမ္ဘာပေါ်တွင် ကျားမျိုးစိတ် (၉) မျိုး ရှင်သန်ပေါက်ပွားနေထိုင်ခဲ့ကြသော်လည်း ယခုအခါ ကျားမျိုးစိတ်(၆)မျိုးသာ...
😴😴အပျင်းလည်း ပြေ ပြီး ဗဟုသုတလည်း တိုး စေဖို့ " Quiz Time "အစီအစဥ်လေးမှာ ပါဝင်ပြီး ဉာဏ်စမ်းမေးခွန်းလေးတွေကို ဖြေသွားလိုက်ပါဦးနော် ....👏👏 ✌️အပတ်စဥ် စနေနေ့တိုင်းမှာ တောရိုင်းတိရစ္ဆာန်တို့နှင့် သက်ဆိုင်သော ဗဟုသုတရဖွယ် ဉာဏ်စမ်း မေးခွန်းလေးတွေကို မေးမြန်း တင်ဆက်ပေးသွားမှာဖြစ်လို့ ကလေး ၊ လူငယ် ၊ လူကြီး အရွယ်မရွေး ပါဝင် ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်ရှင် ။🙇♀️🙇♂️ 🙋 ဉာဏ်စမ်း ပျော်ရွှင် " Quiz Time "အစီအစဥ်မှာ အခုတင် ပါဝင်လိုက်ဖို့ မမေ့ပါနဲ့နော် ။💚
💚 အပြည်ပြည်ဆိုင်ရာအင်းကျားနေ့ 💚 ( International Clouded Leopard Day August 4 ) 🗓️ နှစ်စဉ် သြဂုတ်လ (၄) ရက်နေ့တွင် ကျရောက် သော အပြည်ပြည်ဆိုင်ရာအင်းကျားနေ့ သည် အင်းကျားများ လက်ရှိကြုံတွေ့နေရသော ဘေးအန္တရာယ်များ၊ သဘာဝတောထဲနှင့် ထိန်း သိမ်းမွေးမြူထားရှိသည့် နေရာများရှိ အင်းကျားများ၏ အကောင်ဦးရေကို ဆက်လက်ထိန်းသိမ်း ထားရှိနိုင်ရန်နှင့် ဦးရေတိုးပွားလာစေရန် ကျွန်မတို့လူသားများမှ ဝိုင်းဝန်းကူညီထိန်းသိမ်းရန် အထူးလိုအပ်နေပါကြောင်း မီးမောင်းထိုး အသိပညာမြှင့်တင်ပေးသည့် နေ့တစ်နေ့ ဖြစ်ပါတယ်ရှင် ။👏👏 👉အင်းကျားများသည် အာရှတိုက်အလယ်ပိုင်းနှင့် တောင်အာရှတွင်နေထိုင်ကြပါသည် ။ ၂၀၀၆ ခုနှစ်အထိ အင်ကျားမျိုးစိတ် (၁) မျိုးတည်းသာရှိသည်ဟု ယူဆထားကြသော်လည်း နောက် ပိုင်းတွင် မျိုးစိတ်ကွဲ နှစ်မျိုးသတ်မှတ်ကြပြီး အင်းကျား (Neofelis nebulosa) ကို အာရှတိုက်၏ အဓိကမူလမျိုးစိတ် အင်းကျားဟု လူသိများကြပြီး ၊ ဒုတိယမျိုးစိတ်ဖြစ်သည့် ဆန်ဒါအင်းကျား Sunda (Neofelis diardi) သည် ဘော်နီယိုနှင့် ဆူမာတြားကျွန်းများ တွင်နေထိုင်ကြပါသည် ။👈 🥰🥰လှပပြီး လျှို့ဝှက်သိုသိပ်စွာနေထိုင်တတ်သည့် အင်းကျားများသည် ယင်းတို့၏...
Htoo Zoos & Gardens Business Unit မှ ကြီးမှုး၍ သြဂုတ်လ ( ၁ ) ရက်နေ့တွင် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ရှင်းလင်းဆောင်ခန်းမတွင် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အား ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ဝန်ထမ်းများ၏ လူရည်ချွန်သားသမီးလေးများအား ဂုဏ်ပြုဆုချီးမြင့်ခြင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြပါသည် ။ ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားတွင် Htoo Zoos & Gardens Business Unit ရှိ ဝန်ထမ်းများ၏ လူရည်ချွန် သား/သမီး အသီးသီးတို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ၊ အမှတ်တရ လက်ဆောင်များပေးအပ်ခြင်း နှင့် အတူတကွ နံနက်စာ သုံးဆောင်ခြင်းတို့ကိုပြုလုပ်ခဲ့ကြပြီး ဆုပေးပွဲအခမ်းအနားကို အောင်မြင်စွာကျင်းပ ပြီးစီးခဲ့ပါသည် ။ The Htoo Zoos & Gardens Business Unit successfully held a Recognition Ceremony on August 1st , 2025, at the Zoological Garden (Yangon) to honor the...
🥳🥳ဇူလိုင်လတွင် မွေးဖွားသည့် တိရစ္ဆာန်ဥယျာဥ် ( ရတနာပုံ ) ၏ မွေးနေ့ရှင် ဝန်ထမ်းလေးများအတွက် မွေးနေ့အမှတ်တရအဖြစ် မွေးနေ့ကိတ်ခွဲခြင်း နှင့် မွေးနေ့လက်ဆောင်ပေးအပ်ခြင်း အစီအစဥ် တို့ကို ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ် ။🥰🥰 ----------------------------------------------------- 🐯🐒🐢တိရစ္ဆာန်ဥယျာဥ် (ရတနာပုံ) သည် အများပြည်သူ အပန်းဖြေရာ နေရာတစ်ခုဖြစ်သောကြောင့် ဥယျာဥ်ဝန်းအား မနက် ( ၈ ) နာရီ မှ ညနေ ( ၄ ) အထိ နေ့စဥ် နေ့တိုင်း ပိတ်ရက် လုံးဝ မရှိဘဲ နွေးထွေး ကြိုဆိုလျက် ဖွင့်လှစ်ထားပါသည် ။ ✨ 📍ဝင်ကြေးများမှာ…… လူကြီး - ၂၅၀၀ ကျပ် ၊ ကလေး - ၁၅၀၀ ကျပ် ဖြစ်ပါသည်။ 🎉🎉 👉အသေးစိတ်သိရှိလိုသမျှကို Hot Line Number ☎️ 09 255 564 324 ...... ကို ဆက်သွယ် မေးမြန်းခြင်းဖြင့် စုံစမ်း သိရှိနိုင်ပါတယ်ရှင် ။ 🙌...
😴😴အပျင်းလည်း ပြေ ပြီး ဗဟုသုတလည်း တိုး စေဖို့ " Quiz Time "အစီအစဥ်လေးမှာ ပါဝင်ပြီး ဉာဏ်စမ်းမေးခွန်းလေးတွေကို ဖြေသွားလိုက်ပါဦးနော် ....👏👏 ✌️အပတ်စဥ် စနေနေ့တိုင်းမှာ တောရိုင်းတိရစ္ဆာန်တို့နှင့် သက်ဆိုင်သော ဗဟုသုတရဖွယ် ဉာဏ်စမ်း မေးခွန်းလေးတွေကို မေးမြန်း တင်ဆက်ပေးသွားမှာဖြစ်လို့ ကလေး ၊ လူငယ် ၊ လူကြီး အရွယ်မရွေး ပါဝင် ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်ရှင် ။🙇♀️🙇♂️ 🙋 ဉာဏ်စမ်း ပျော်ရွှင် " Quiz Time "အစီအစဥ်မှာ အခုတင် ပါဝင်လိုက်ဖို့ မမေ့ပါနဲ့နော် ။💚 ----------------------------------------------------- 🐯🐒🐢တိရစ္ဆာန်ဥယျာဥ် (ရတနာပုံ) သည် အများပြည်သူ အပန်းဖြေရာ နေရာတစ်ခုဖြစ်သောကြောင့် ဥယျာဥ်ဝန်းအား မနက် ( ၈ ) နာရီ မှ ညနေ ( ၄ ) အထိ နေ့စဥ် နေ့တိုင်း ပိတ်ရက် လုံးဝ မရှိဘဲ နွေးထွေး ကြိုဆိုလျက် ဖွင့်လှစ်ထားပါသည် ။ ✨ 📍ဝင်ကြေးများမှာ…… လူကြီး...
ကမ္ဘာ့ခြင်္သေ့များနေ့ (World Lion Day August-10) တစ်ကောင်တည်းပါဘဲ ဒါပေမဲ့ … ခြင်္သေ့ (Only one but a lion) ဆိုတာဟာ ခြင်္သေ့များ၏ ရဲစွမ်းသတ္တိနှင့် ရဲရင့်ခြင်းကို မှတ်တမ်းတင်ဂုဏ်ပြုသည့် အဆိုအမိန့်တစ်ခုဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် ခြင်္သေ့များ သည် ယဉ်ကျေးမှု အသီးသီးတွင် ရဲရင့်မူ သတ္တိ နှင့် တော်ဝင်မှုကို ကိုယ်စားပြုသည့် သင်္ကေတအဖြစ် အသုံးတော်ခံခဲ့ကြရပါသည်။ ထို့အပြင် ခြင်္သေ့များကို နိုင်ငံတော်တံဆိပ်များတွင် ( ဥပမာ- အင်္ဂလန် နိုင်ငံ၏ အထိမ်းအမှတ်တံဆိပ် ), စာပေဖန်တီးမှုများ ( ဥပမာ - The Lion King ), နှင့် ရှေးဟောင်း အမှတ်တရ အဆောက်အဦးများ ( ဥပမာ- အီဂျစ်နိုင်ငံရှိ စဖင့်စ်ရုပ်ထု ) တို့တွင် တွေ့ရှိနိုင်ပါသည်။ ထို့အပြင် ခြင်္သေ့များကို အီသီယိုးပီးယား ၊ စင်္ကာပူနိုင်ငံများ ကဲ့သို့ တိုင်းပြည် အတော် များများ၏ အမျိုးသားအထိမ်းအမှတ် သတ္တဝါအဖြစ်လည်း သတ်မှတ်ထားကြပါသည် ။ ခြင်္သေ့များသည် ကြီးကျယ် ခမ်းနားလှသော ရဲစွမ်း...
ကမ္ဘာ့ဆင်များနေ့ ( World Elephant Day ) နှစ်စဉ် သြဂုတ်လ 12 ရက်နေ့ကို ကမ္ဘာ့ဆင်များနေ့အဖြစ် ကမ္ဘာတစ်ဝှမ်းရှိ လူများစုဝေးကာ ဆင်များအကြောင်း အသိပညာပေးခြင်းနှင့် တောရိုင်းများတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများကို အသိပညာပေးရန် ကျင်းပလေ့ရှိကြပါသည်။ ၂၀၁၂ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အဆိုပါ လှုပ်ရှားမှုသည် အာဖရိကနှင့် အာရှဆင်များ နှစ်မျိုးစလုံးအတွက် မီးမောင်းထိုးပြခဲ့ပြီး ၎င်းတို့၏ ယဉ်ကျေးမှု၊ ဂေဟစနစ်နှင့် စီးပွားရေးဆိုင်ရာ အရေးပါမှုများကြားမှ ပြင်းထန်သော ခြိမ်းခြောက်မှုများကို ဆက်လက် ရင်ဆိုင်နေကြရသည်ကို သိရှိလာနိုင်စေရန်ဖြစ်ပါသည်။ ကမ္ဘာ့ဆင်များနေ့မှာတော့ ဆင်တွေနဲ့ပတ်သက်တဲ့ စိတ်ဝင်စားဖွယ်အချက်လေးတွေကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။ (၁)ဆင်တွေဟာ ကုန်းနေနို့တိုက်သတ္တဝါတွေထဲမှာ ခန္ဓာကိုယ်အရွယ်အစား အကြီးမားဆုံးတိရစ္ဆာန်ပဲ ဖြစ်ပါ တယ်။ အရွယ်ရောက်တဲ့ အာဖရိကဆင်ထီးတစ်ကောင်ဟာဆိုရင် ပေါင်ချိန် (၈၀၀၀၀ မှ ၁၅၀၀၀၀) လောက်ထိ ကြီးမားကြပါတယ်။ (၂)ဆင်တွေဟာ အုပ်စုဖွဲ့ပြီးနေထိုင်တတ်တဲ့ သတ္တဝါတွေ ဖြစ်ပါတယ်။ ဆင်အုပ်စုတစ်စုမှာဆိုရင် ဆင်ကောင်ရေ (၅ ကောင် မှ အကောင် ၂၀) အထိ အုပ်စုဖွဲ့နေထိုင်တတ်ပြီးတော့ အုပ်စုထဲမှာတော့ အသက်ကြီးဆုံး ဆင်အမကို အုပ်စုရဲ့ခေါင်းဆောင်အဖြစ်ထားလေ့ရှိကြပါတယ်။ ...
😴😴အပျင်းလည်း ပြေ ပြီး ဗဟုသုတလည်း တိုး စေဖို့ " Quiz Time "အစီအစဥ်လေးမှာ ပါဝင်ပြီး ဉာဏ်စမ်းမေးခွန်းလေးတွေကို ဖြေသွားလိုက်ပါဦးနော် ....👏👏 ✌️အပတ်စဥ် စနေနေ့တိုင်းမှာ တောရိုင်းတိရစ္ဆာန်တို့နှင့် သက်ဆိုင်သော ဗဟုသုတရဖွယ် ဉာဏ်စမ်း မေးခွန်းလေးတွေကို မေးမြန်း တင်ဆက်ပေးသွားမှာဖြစ်လို့ ကလေး ၊ လူငယ် ၊ လူကြီး အရွယ်မရွေး ပါဝင် ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်ရှင် ။🙇♀️🙇♂️ 🙋 ဉာဏ်စမ်း ပျော်ရွှင် " Quiz Time "အစီအစဥ်မှာ အခုတင် ပါဝင်လိုက်ဖို့ မမေ့ပါနဲ့နော် ။💚 ------------------------------------------------------- 🐯🐒🐢တိရစ္ဆာန်ဥယျာဥ် (ရတနာပုံ) သည် အများပြည်သူ အပန်းဖြေရာ နေရာတစ်ခုဖြစ်သောကြောင့် ဥယျာဥ်ဝန်းအား မနက် ( ၈ ) နာရီ မှ ညနေ ( ၄ ) အထိ နေ့စဥ် နေ့တိုင်း ပိတ်ရက် လုံးဝ မရှိဘဲ နွေးထွေး ကြိုဆိုလျက် ဖွင့်လှစ်ထားပါသည် ။ ✨ 📍ဝင်ကြေးများမှာ…… လူကြီး...
😴😴အပျင်းလည်း ပြေ ပြီး ဗဟုသုတလည်း တိုး စေဖို့ " Quiz Time "အစီအစဥ်လေးမှာ ပါဝင်ပြီး ဉာဏ်စမ်းမေးခွန်းလေးတွေကို ဖြေသွားလိုက်ပါဦးနော် ....👏👏 ✌️အပတ်စဥ် စနေနေ့တိုင်းမှာ တောရိုင်းတိရစ္ဆာန်တို့နှင့် သက်ဆိုင်သော ဗဟုသုတရဖွယ် ဉာဏ်စမ်း မေးခွန်းလေးတွေကို မေးမြန်း တင်ဆက်ပေးသွားမှာဖြစ်လို့ ကလေး ၊ လူငယ် ၊ လူကြီး အရွယ်မရွေး ပါဝင် ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်ရှင် ။🙇♀️🙇♂️ 🙋 ဉာဏ်စမ်း ပျော်ရွှင် " Quiz Time "အစီအစဥ်မှာ အခုတင် ပါဝင်လိုက်ဖို့ မမေ့ပါနဲ့နော် ။💚 ---------------------------------------------------- 🐯🐒🐢တိရစ္ဆာန်ဥယျာဥ် (ရတနာပုံ) သည် အများပြည်သူ အပန်းဖြေရာ နေရာတစ်ခုဖြစ်သောကြောင့် ဥယျာဥ်ဝန်းအား မနက် ( ၈ ) နာရီ မှ ညနေ ( ၄ ) အထိ နေ့စဥ် နေ့တိုင်း ပိတ်ရက် လုံးဝ မရှိဘဲ နွေးထွေး ကြိုဆိုလျက် ဖွင့်လှစ်ထားပါသည် ။ ✨ 📍ဝင်ကြေးများမှာ…… လူကြီး...
😴😴အပျင်းလည်း ပြေ ပြီး ဗဟုသုတလည်း တိုး စေဖို့ " Quiz Time "အစီအစဥ်လေးမှာ ပါဝင်ပြီး ဉာဏ်စမ်းမေးခွန်းလေးတွေကို ဖြေသွားလိုက်ပါဦးနော် ....👏👏 ✌️အပတ်စဥ် စနေနေ့တိုင်းမှာ တောရိုင်းတိရစ္ဆာန်တို့နှင့် သက်ဆိုင်သော ဗဟုသုတရဖွယ် ဉာဏ်စမ်း မေးခွန်းလေးတွေကို မေးမြန်း တင်ဆက်ပေးသွားမှာဖြစ်လို့ ကလေး ၊ လူငယ် ၊ လူကြီး အရွယ်မရွေး ပါဝင် ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်ရှင် ။🙇♀️🙇♂️ 🙋 ဉာဏ်စမ်း ပျော်ရွှင် " Quiz Time "အစီအစဥ်မှာ အခုတင် ပါဝင်လိုက်ဖို့ မမေ့ပါနဲ့နော် ။💚 -------------------------------------------------------- 🐯🐒🐢တိရစ္ဆာန်ဥယျာဥ် (ရတနာပုံ) သည် အများပြည်သူ အပန်းဖြေရာ နေရာတစ်ခုဖြစ်သောကြောင့် ဥယျာဥ်ဝန်းအား မနက် ( ၈ ) နာရီ မှ ညနေ ( ၄ ) အထိ နေ့စဥ် နေ့တိုင်း ပိတ်ရက် လုံးဝ မရှိဘဲ နွေးထွေး ကြိုဆိုလျက် ဖွင့်လှစ်ထားပါသည် ။ ✨ 📍ဝင်ကြေးများမှာ…… လူကြီး...
Htoo Zoos & Gardens Business Unit နှင့် ထိုင်းနိုင်ငံမှ အတွေ့အကြုံရှိ Dr.Visit Arsaithamkul နှင့် Chaing Mai တိရစ္ဆာန်ဥယျာဉ်မှ Nutritionist Miss Somprattana Sirikulpan တို့အား ပင့်ဖိတ်၍ 2-9-2025 မှ 4-9-2025 အထိ တိရစ္ဆာန်ဥယျာဥ် (ရန်ကုန်)၏ ရှင်းလင်းဆောင်တွင် Zoo Animals Nutrition Workshop အား ကျင်းပပြုလုပ်ခဲ့ပါသည် ။ တိရစ္ဆာန်ဥယျာဥ် ဆိုသည်မှာ တောရိုင်းတိရစ္ဆာန်တွေကို မျိုးသုဥ်း ပျောက်ကွယ်သွားခြင်း (Extinction) ပပျောက်စေရေး အတွက် ကြိုးစား၍ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်နေကြသော ဒိုင်းသဖွယ် အကာအကွယ်များ ဖြစ်ကြပါသည် ။ ထို့ကြောင့် တောရိုင်းတိရစ္ဆာန်များကို ထိန်းသိမ်း စောင့်ရှောက် သည့်အခါ Animals Welfare ဆိုသည့် တိရစ္ဆာန်များ ကောင်းကျိုးချမ်းသာ သုခကို ခံစားရရေးသည် အလွန် အရေးပါ အရာရောက်ပြီး တောရိုင်းတိရစ္ဆာန်များ၏ အာဟာရဗေဒ ( Nutrition ) သည်လည်း တိရစ္ဆာန်ဥယျာဥ်များ၏ ရေရှည်ဖွင့်ဖြိုးတိုးတတ်မှုအတွက် အသက်တမျှ အရေးကြီးသော အစိတ် အပိုင်းမှ (...
အပြည်ပြည်ဆိုင်ရာ လင်းတထိန်းသိမ်းရေး အသိပညာမြှင့်တင်ရေးနေ့ International Vulture Awareness Day - September (6) ကမ္ဘာပေါ်တွင် ကမ္ဘာဟောင်းလင်းတ နှင့် ကမ္ဘာသစ်လင်းတဟူ၍ နှစ်မျိုးခွဲခြားထားပြီး စုစုပေါင်း လင်းတမျိုးစိတ် (၂၃) မျိုးရှင်သန်ပေါက်ဖွားနေထိုင်ပါသည် ။ ကမ္ဘာဟောင်းလင်းတများ ကို အာရှ ၊ အာဖရိက နှင့်ဉရောပတိုက်တို့တွင် တွေ့ရှိရပြီး အမေရိကနှင့် ကာရေဘီယံတို့တွင် ကမ္ဘာ သစ် လင်းတမျိုးစိတ်များကို တွေ့ရှိရပါသည် ။ မြန်မာနိုင်ငံတွင် လင်းတမျိုးစိတ် (၆) မျိုးကို တွေ့ရှိရပါသည် ။ မြန်မာနိုင်ငံတွင်တွေ့ရသော လင်းတ (၆) မျိုးမှာ လင်းတနှုတ်သီးရှည် ၊ လင်းတကျောဖြူ ၊ လင်းတခေါင်းနီ ၊ ဟိမဝန္တာလင်းတ ၊ လင်းတဖြူ နှင့် လင်းတမဲတို့ကို တွေ့ရှိနိုင်ပါသည်။ မြန်မာနိုင်ငံတွင် လင်းတများကို ကချင် ၊ စစ်ကိုင်းတိုင်း ၊ မကွေးတိုင်း ၊ ချင်းပြည်နယ် ၊ ရှမ်း ပြည်နယ် တို့တွင် တွေ့ရှိရသော်လည်း အကောင်ရေ တဖြည်းဖြည်းလျော့နည်း ကျဆင်းလာပြီး ယခုအခါ ကချင်ပြည်နယ် ၊ ရှမ်းပြည်နယ်...
✨💚 ရေမြင်းတွေရဲ့ သဘာဝနှင့် ဗီဇအတွင်းမှာသာ တွေ့နိုင်တဲ့ “Parental Investment Period” ဟု ခေါ်သော မိဘမှ သားသမီးကို ပြုစုပျိုးထောင်ပေးရသည့် ကာလ ၏ အကြောင်း အရာများကို သိပြီး ကြပြီလားရှင့်?💁💁♂️ 🌊ရေကို အလွန်နှစ်သက်ပြီး မိတ်လိုက်ခြင်း၊ သားပေါက်ခြင်း နှင့် နို့တိုက်ခြင်းတို့ကို ရေထဲမှာပဲ ပြုလုပ်လေ့ရှိသော ရေမြင်းတို့၏ “ Parental Investment Period” မှာ စိတ်ဝင်စားဖွယ်ရာ ကောင်းတဲ့ အချက်တွေအများကြီး ရှိနေပါတယ် ။🥰🥰 🥰🥰အထူးသဖြင့် သူတို့၏ “Parental Investment Period” တွင် တွေ့နိုင်သော အချက်အလက်များမှာ ..... ✅ ကိုယ်ဝန်ဆောင်ကာလဟာ (၈) လခန့်ကြာမြင့်တတ်ခြင်း ။ ✅ တစ်ကြိမ်မွေးဖွားချိန်တွင် တစ်ကောင်တည်းသာ မွေးဖွားခြင်း ။ ✅ ရေမြင်းငယ်များသည် မိခင်နို့ကို အသက် (၆ - ၈) လအထိ သောက်သုံးခြင်း ။ ✅ မိခင်နှင့်အတူ အသက် (၁.၅) နှစ်မှ...
😴😴အပျင်းလည်း ပြေ ပြီး ဗဟုသုတလည်း တိုး စေဖို့ " Quiz Time "အစီအစဥ်လေးမှာ ပါဝင်ပြီး ဉာဏ်စမ်းမေးခွန်းလေးတွေကို ဖြေသွားလိုက်ပါဦးနော် ....👏👏 ✌️အပတ်စဥ် စနေနေ့တိုင်းမှာ တောရိုင်းတိရစ္ဆာန်တို့နှင့် သက်ဆိုင်သော ဗဟုသုတရဖွယ် ဉာဏ်စမ်း မေးခွန်းလေးတွေကို မေးမြန်း တင်ဆက်ပေးသွားမှာဖြစ်လို့ ကလေး ၊ လူငယ် ၊ လူကြီး အရွယ်မရွေး ပါဝင် ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်ရှင် ။🙇♀️🙇♂️ 🙋 ဉာဏ်စမ်း ပျော်ရွှင် " Quiz Time "အစီအစဥ်မှာ အခုတင် ပါဝင်လိုက်ဖို့ မမေ့ပါနဲ့နော် ။💚 -------------------------------------------------------------------------- 🐯🐒🐢တိရစ္ဆာန်ဥယျာဥ် (ရတနာပုံ) သည် အများပြည်သူ အပန်းဖြေရာ နေရာတစ်ခုဖြစ်သောကြောင့် ဥယျာဥ်ဝန်းအား မနက် ( ၈ ) နာရီ မှ ညနေ ( ၅ ) အထိ နေ့စဥ် နေ့တိုင်း ပိတ်ရက် လုံးဝ မရှိဘဲ နွေးထွေး ကြိုဆိုလျက် ဖွင့်လှစ်ထားပါသည် ။ ✨ 📍ဝင်ကြေးများမှာ…… လူကြီး...
Copyright 2018. All rights reserved.