News – Yadanarbon Zoo
  • News

Food Donation

  An auspicious day to you all,   Our Zoo introduces a new program for animal lovers. During the pandemic period, you can participate in the food donation program at Yadanabon Zoo. To participate, you may need to register before you come and may need to bring the animal foods that you want to donate. Especially, the following fruits and vegetables are allowed to feed: Corn, Banana, Cucumber, Watercress, Mustard, Tomato. For more details, please dial the given numbers:h-09 977730111,...

Animal Adoption Program

The following animals can adopt and be a zoo parent: Lion Hippo Elephant Zebra Tiger Camel Crocodile For more details, please dial the given numbers:h-09 977730111, 09 255564324.

Feeding Program

  Feeding Program will introduce for animal lovers. To participate, you may need to register before you come For more details, please dial the given numbers:h-09 977730111, 09 255564324.  

Private Tour Package

Our Zoo ctemporaly closed but we provide a special private program for those animals lovers who missing our animals. We limit 2 to 10 person per group and one day prebooking require. Additionally,you can buy "animals food basket". In Private Tour Package: 🎟 Entrance Ticket 🕰 2 Hours visiting pass 🛺 Free Buggy Service 💸 Price - 5000 MMK per person 📞 For your Booking : 09977730111

အပြည်ပြည်ဆိုင်ရာမျောက်လွှဲကျော်များထိန်းသိမ်းရေးနေ့

အပြည်ပြည်ဆိုင်ရာမျောက်လွှဲကျော်များထိန်းသိမ်းရေးနေ့ (International Gibbon Day) တောတွင်းသီချင်းဆိုသူများ (Forest Singer) ဖြစ်ကြသော မျောက်လွှဲကျော်တို့နှင့် ပတ်သက်သည့် အကြောင်းအရာများအား ပညာပေးဆောင်ရွက်ရန်အတွက် အောက်တိုဘာလ (၂၄) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာမျောက်လွှဲကျော်များထိန်းသိမ်းရေးနေ့အဖြစ် နှစ်စဉ် ကျင်းပလေ့ရှိပါတယ်။ ကမ္ဘာပေါ်တွင် Apes အုပ်စုဝင်များဖြစ်သည့် မျောက်လွှဲကျော် မျိုးစိတ်ပေါင်း (၂၀) ရှိပြီး ၎င်းတို့သည် နေရင်းဒေသများ ဆုံးရှုံးခြင်းကြောင့် မျိုးသုဉ်းရန် အန္တရာယ်ရှိ‌သော အခြေအနေမျိုးနှင့် ရင်ဆိုင်နေရပါတယ်။ မျောက်လွှဲကျော်များသည် Seed Disperser (သစ်စေ့ဖြန့်သူ) လည်းဖြစ်ပြီး အပင်မျိုးစိတ်များဖြန့်ပွားခြင်းအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်၍ အမြဲစိမ်း သစ်တောများထိန်းသိမ်းခြင်းနှင့် ပြုစုပေးသော ဥယျာဉ်မှူးများဟုလည်း တင်စားခေါ်ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံတွင် မျောက်လွှဲကျော် မျိုးစိတ် (၄) မျိုးအား တွေ့ရှိရပါသည်။ အနောက်ပိုင်းမျက်ခုံးဖြူမျောက်လွှဲကျော်၊ အရှေ့ပိုင်းမျက်ခုံးဖြူမျောက်လွှဲကျော်၊ Skywalker မျောက်လွှဲကျော်၊ မျောက်လွှဲကျော်လက်ဖြူတို့ဖြစ်ပါတယ်။ ၎င်းနေထိုင်ရာ သစ်တောများလျော့နည်းလာခြင်း (habitat loss) နှင့် သစ်တောများအစိတ်စိတ်ကွဲပြားလာခြင်း (habitat fragmentation) တို့သည် ၎င်းတို့ အဓိက ကြုံတွေ့နေရသည့် ပြဿနာများဖြစ်ပါတယ်။ မျောက်လွှဲကျော်များ ထိန်းသိမ်းခြင်းသည် သဘာဝသစ်တောများနှင့် ဂေဟစနစ်အား ထိန်းသိမ်းခြင်းလည်းဖြစ်သဖြင့် မျောက်လွှဲကျော်များအား ထိန်းသိမ်းကာကွယ်ပေးရန် လိုအပ်ပါတယ်။ မျောက်လွှဲကျော်များကဲ့သို့ မျိုးသုဉ်းရန်...

“မီးရထားကြီး ပျော်ပျော်စီး”

“မီးရထားကြီး ပျော်ပျော်စီး” တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) ကို လာရောက်သောဧည့်သည်တော်များ အဆင်ပြေစွာ အပန်းဖြေလည်ပတ်နိုင်ဖို့ရာ ဥယျာဉ်ပတ်ကား(Buggy) အပြင် ဥယျာဉ်ပတ်မီးရထားလည်း ပြေးဆွဲ‌ပေးလျက်ရှိပါတယ်။ တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ)မှာ နို့တိုက်သတ္တဝါ၊ တွားသွားသတ္တဝါ၊ ရေနေသတ္တဝါများနှင့် ကျေးငှက်မျိုးစိတ်များကို ထိန်းသိမ်းစောင့်ရှောက် ပြသထားရှိပါတယ်။ မီးရထားကြီးပျော်ပျော်စီးပြီး ဥယျာဉ်တစ်ပတ် ‌လျှောက်ကြည့်ရင်း အပန်းဖြေလည်ပတ်နိုင်လို့ တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) ကို လာရောက်လည်ပတ်ဖို့ လှိုက်လှဲစွာဖိတ်ခေါ်လိုက်ပါတယ်။

SEAZA Conference

မလေးရှားနိုင်ငံ၊ Penang၊ Taiping၊ Grand Baron Hotel တွင် (၅−၁၁−၂၀၂၃)ရက်နေ့မှ (၈−၁၁−၂၀၂၃)ရက်နေ့အထိ ကျင်းပပြုလုပ်သည့် အာရှနှင့် အာဆီယံဒေသတွင်း တိရစ္ဆာန်ဥယျာဉ်များနှင့် ငါးပြတိုက်များအစည်းအရုံး (South East Asia Zoos and Aquarium Association-SEAZA) ၏ အကြိမ် (၃၁) ကြိမ်မြောက်ညီလာခံကို အစည်းအရုံးအဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံမှ နိုင်ငံကိုယ်စားပြု Htoo Zoos and Gardens Business Unit မှ အမှုဆောင်အရာရှိချုပ် (CEO) နှင့် ဝန်ထမ်းများ၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ ပါမောက္ခ (ဌာနမှူး)နှင့် သစ်တောဦးစီးဌာန (ရန်ကုန်တိုင်း)မှ ဒုတိယညွန်ကြားရေးမှူး၊ စုစုပေါင်း (၁၅) ဦး တက်ရောက်ခဲ့ကြပါတယ်။ အဆိုပါညီလာခံတွင် နိုင်ငံပေါင်း (၂၅) နိုင်ငံမှ တက်ရောက်သူ (၂၅၉) ဦးရှိခဲ့ပြီး သုတေသနစာတမ်းပေါင်း (၅၉) စောင် ဖတ်ကြားခဲ့ပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြု Htoo Zoos and Gardens Business Unit မှ သုတေသနစာတမ်း (၄) စောင် ဖတ်ကြားတင်သွင်းခဲ့ပါတယ်။  

ဆတ်ကျွဲငယ် (Common Wildebeest)

ဆတ်ကျွဲငယ် (Common Wildebeest) မြန်မာအမည်-ဆတ်ကျွဲငယ် အင်္ဂလိပ်အမည်-Common Wildebeest or Blue Wildebeest သိပ္ပံအမည်-Connochaetes taurinus ဆတ်ကျွဲငယ်များသည် ကျွဲ၊ နွားအုပ်စုဝင် တိရစ္ဆာန်များ ဖြစ်ကြပြီး ကျယ်ပြန့်သော လက်ပြင်၊ ဦးချို(ဂျို)နှင့် ကြီးမားကျယ်ပြန့်သည့် နှုတ်သီးများ ပါရှိပါတယ်။ ဦးချို(ဂျို)များသည် အကာအကွယ်မရှိ ကွင်းခတ်ထားသောပုံစံရှိပြီး အထီးများသည် အမများ၏ဦးချို(ဂျို)ထက် ပိုမိုတုတ်ခိုင်ထူထဲပါတယ်။ ဆတ်ကျွဲများတွင် တုပ၍မရသော အနက်ရောင် ဒေါင်လိုက်အစင်းကြောင်းများသည် လက်ပြင်တစ်လျှောက်မှ ဝမ်းဗိုက်နောက်ပိုင်းအထိ ပါရှိပါတယ်။ ယေဘူယျအားဖြင့် ဆတ်ကျွဲများတွင် အဖြူမှ အညိုရင့်ရောင် လည်ဆံမွေးနှင့် မုတ်ဆိတ်မွေးများပါရှိပါတယ်။ ခန္ဓာကိုယ်ပေါ်တွင် ပြာလဲ့လဲ့အရောင်များပြေးနေသည့်အတွက် အပြာရောင်ဆတ်ကျွဲ (Blue Wildebeest) ဟု လည်း ခေါ်ဆိုကြပါတယ်။ ဆတ်ကျွဲများသည် မြက်ကိုသာ အဓိကစားသုံးကြပြီး အသီးအရွက်စား သတ္တဝါဖြစ်ပါတယ်။ အစာရေစာရှားပါးလာသည့်အခါ အစာရရှိနိုင်သည့် နေရာများဆီသို့ ကီလိုမီတာရာနှင့်ချီ သွား‌၍ ရှာဖွေစားသောက်တတ်ပါတယ်။ တစ်နှစ်လျှင်တစ်ကြိမ်သားပေါက်ပြီး တစ်ကောင်သာမွေးပါတယ်။ သက်တမ်းအားဖြင့် နှစ်ပေါင်း(၂၀)ခန့်ထိ နေထိုင်နိုင်ပါတယ်။ တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ)မှာ နို့တိုက်သတ္တဝါ၊ တွားသွားသတ္တဝါ၊ ရေနေသတ္တဝါများနှင့် ကျေးငှက်မျိုးစိတ်များကို ထိန်းသိမ်းစောင့်ရှောက် ပြသထားရှိပါတယ်။ သူငယ်ချင်း၊ မိသားစုများနှင့်အတူ အနားယူအပန်းဖြေလည်ပတ်နိုင်ဖို့ တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) ကို လာရောက်လည်ပတ်ဖို့...

ဖျံမွေးချော / ဖျံဘဲလက်(Smooth Coated Otter)

ဖျံမွေးချော / ဖျံဘဲလက်(Smooth Coated Otter)မြန်မာအမည်-ဖျံမွေးချော / ဖျံဘဲလက်အင်္ဂလိပ်အမည်-Smooth Coated Otterသိပ္ပံအမည်-Lutrogale perspicillata🌎 ကမ္ဘာကြီးဟာ 🌳 သစ်တောများ ၊ ⛰️ တောင်တန်းများ ၊ 🏞️ မြေပြန့်လွင်ပြင် ၊ 🏜️ကန္တာရ နှင့် ကမ်းရိုးတန်းဒေသ တို့အပြင် ကျယ်ပြောလှသော ပင်လယ်သမုဒ္ဒရာတို့နှင့်အတူ 🌻 လှပစွာဖွဲ့စည်းထားပြီး လူသားများအပြင် အခြားသောသက်ရှိ ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်ပေါက်ဖွားကျက်စားနေထိုင်ရာနေရာလည်း ဖြစ်ပါတယ်၊🦦 သဘာဝဂေဟစနစ်ကြီးတွင် အလွန်အရေးကြီးသော အခန်းကဏ္ဍမှပါဝင်နေသည့် မျိုးစိတ်တစ်မျိုးမှာ ဖျံမျိုးစိတ်များ ဖြစ်ကြပါတယ်၊🦦 ဖျံမျိုးစိတ်များဟာ ရေအရည်အသွေးနှင့် အခြားသောဇီဝမျိုးစုံမျိုးကွဲတို့ ပေါများခြင်း/ ရှားပါးခြင်း တို့၏ အမှတ်သင်္ကေတ လက္ခဏာကိုပြသပေးသည့်အတွက် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး လုပ်ငန်းများလုပ်ဆောင်သည့်အခါ အညွှန်းကိန်းပြ သင်္ကေတမျိုးစိတ် (Indicator species) အဖြစ် သတ်မှတ်ကြပါတယ်။🦦 ဖျံများဟာ သွက်လက်သော ပင်ကိုယ်သဘာဝနှင့်အသိဉာဏ်မြင့်မားသော မျိုးစိတ်တစ်မျိုး ဖြစ်ပြီး မြစ်ချောင်းများတွင် နေထိုင်သော မြစ်ဖျံ (River Otter) နှင့် ပင်လယ်ထဲတွင် နေထိုင်သော ပင်လယ်ဖျံ (Sea Otter) ဟူ၍ (၂)မျိုးရှိပါတယ်၊🦦 ဖျံများဟာ ၎င်းတို့၏ သွယ်လျရှည်လျားသော ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံကြောင့် ရေထဲတွင် လျင်မြန်စွာ...

တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)

တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)   သာမညဖလသုတ်ခေါ် (ရဟန်းပြုခြင်း၏ အကျိုးတရားကို) မြတ်စွာဘုရားသည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် ဟောပြောတော်မူသည်ကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို သံဃာတော်များနေ့ (သာမညဖလအခါတော်နေ့) ဟု သတ်မှတ်ကျင်းပကြခြင်း ဖြစ်ပါတယ်။ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တန်ဆောင်မုန်းလပြည့်(သမညဖလအခါတော်)နေ့မှာ မြန်မာပြည်သူပြည်သားများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ကြည်သာပြီး မိမိတို့လိုရာဆန္ဒများပြည့်ဝကြစေကြောင်း တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) မိသားစုမှ တောင်းဆုမေတ္တာပို့သအပ်ပါသည်။

Copyright 2018. All rights reserved.