သဘာဝတောများထဲတွင် သက်တမ်း (၄-၁၀)နှစ်ခန့်ရှိပြီး ထိန်းသိမ်းမွေးမြူထားရှိသည့်နေရာများတွင် ( ၂၀ )နှစ်ခန့်အထိ နေထိုင်နိုင်ပါသည်။
အစုံစားသတ္တဝါများဖြစ်ပြီး ပိုးမွှားများ၊ မြေတွင်းပိုးများ၊ ပုစွန်နှင့် ကဏန်းကဲ့သို့ ရေသတ္တဝါများ၊ ဖားများ၊ ရေကြွက်များ၊ လိပ်များ၊ ငှက်ကြီးများနှင့် ငါးများကို စားသုံးကြ ပါသည်။
အများအားဖြင့် မြေနိမ့်ဒေသများ၊ ကမ်းရိုးတန်း ရှိလမုတောများ၊ ရွှံ့နွံတော များ၊ ရေချိုစိုစွတ်မြေများ၊ သစ်တောဖုံးလွှမ်းသော မြစ်ကြီးများ၊ ရေကန်များနှင့် စပါးခင်းများတွင် တွေ့ရှိရပါသည်။
အိန္ဒိယနိုင်ငံအရှေ့ဘက်၊တောင်အာရှဒေသတွင်အများဆုံးတွေ့ရှိရပါသည်။
ဖျံမွေးချောများသည်တိုပြီး နူးညံ့ချောမွေ့သော အညိုရောင်အမွေးများရှိပြီး လုံးဝန်းသောဦးခေါင်း၊ အမွေးမရှိသော နှာခေါင်းနှင့် ပြားသောအမြီးတို့ပါရှိပြီး အခြားဖျံမျိုးစိတ် များနှင့် ခွဲခြားရလွယ်ကူပါသည်။ ရေကူးရန် အမြှေးပါသော ခြေထောက်များနှင့် ချွန်ထက်သော လက်သည်းများလည်း ပါရှိသည်။
| အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ (IUCN) မှ ထုတ်ပြန်ထားသော Red List အရ မျိုးသုဉ်းရန်အန္တရာယ် ကျရောက်နိုင်သောမျိုးစိတ် (Vulnerable) အဖြစ်သတ်မှတ်ထားပါ သည်။ |