တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)

တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)

တိရစ္ဆာန်များနှင့် ထိန်းသိမ်းရေး
နေ့စဉ် ဖွင့်လှစ်ပါသည် • မနက် ၈ နာရီ မှ ညနေ ၅ နာရီ

တိရစ္ဆာန်လေးများ

အချက်အလက်အကျဉ်း

အသက်ရှည်ကာလ

သဘာဝတောထဲတွင် သက်တမ်း ၂၀ နှစ်မှ ၃၀ နှစ် အထိ နေထိုင်နိုင်ပြီး ထိန်းသိမ်းစောင့် ရှောက်ထားသည့်နေရာများတွင် သက်တမ်း (၃၀-၄၀) နှစ်ခန့်အထိနေထိုင်နိုင်ကြသည်။

အစားအစာ

အသားစားသတ္တဝါဖြစ်ပြီးသေဆုံးပြီးသား တိရစ္ဆာန်များ၏ အသား ကို အဓိက စားသုံးလေ့ရှိသည်။

နေထိုင်ရာ

ပင်လယ်ရေမျက် နှာပြင်အထက်(၁၂၀၀-၅၅၀၀)မီတာခန့်ရှိ တောင်တန်းဒေသများတွင်လည်းနေထိုင်ကျက်စားလေ့ရှိသည်။

နေထိုင်ဒေသ

နီပေါ၊အိန္ဒိယ၊ဘူတန်၊တရုတ်နှင့်အရှေ့တောင်အာရှဒေသရှိ မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံ အနောက်မြောက်ပိုင်းများတွင်နေထိုင်ကျက်စားကြပါသည်။

ဟိမဝန္တာလင်းတ

အမည် ဟိမဝန္တာလင်းတ
သိပ္ပံအမည် Gyps himalayensis
အလျား န္ဓာကိုယ်အလျား (၉၅–၁၃၀) စင်တီမီတာရှိပြီး တောင်ပံဖြန့်အကျယ်မှာ (၂၇၀–၃၀၀) စင်တီမီတာခန့် ရှိသည်။
အလေးချိန် (၈-၁၂)ကီလိုဂရမ်
အထီး လိင်ရောက်အသက် (၅ -၇) နှစ် ခန့်
အမ လိင်ရောက်အသက် (၅ -၇) နှစ် ခန့်
ကိုယ်ဝန်ဆောင်ကာလ (၅၄-၅၈)ရက်ခန့်
တစ်ကြိမ်မွေးအရေအတွက် များသောအားဖြင့် တစ်ကြိမ်လျှင် ဥတစ်လုံးသာ ဥလေ့ရှိသည်။
မူလဒေသ ဟိမဝန္တာတောင်တန်းဒေသများတွင် အဓိကအများဆုံးတွေ့ရှိရသည်။

ထူးခြားချက်များ

ခန္ဓာကိုယ်အရောင်မှာ အညိုဖျော့မှ အညိုရင့်ရောင်အထိ ရှိပြီး လည်ပင်းပတ်လည်တွင် အဖြူရောင်အမွှေးများ ပါရှိသည်။

မှတ်ချက်

 အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ (IUCN) မှ ထုတ်ပြန်ထားသော Red List အရ မျိုးသုဉ်းရန်အန္တရာယ် နည်းပါးသည့်မျိုးစိတ် (Near Threatened) အဖြစ် သတ်မှတ်ထားပါသည်။

လည်ပတ်သူများအတွက် အကြံပြုချက်

  • တိရစ္ဆာန်တွေရဲ့ လှုပ်ရှားသွားလာမှုကို ပိုမိုမြင်တွေ့နိုင်ဖို့ မနက်ပိုင်းအချိန်တွင် လာရောက်လည်ပတ်ပါ
  • ဘေးကင်းလုံခြုံရေး ဆိုင်းဘုတ်များနှင့် ဝန်ထမ်းများ၏ ညွှန်ကြားချက်များကို လိုက်နာပါ
  • ဝန်ထမ်းများ၏ ခွင့်ပြုချက်မရှိဘဲ တိရစ္ဆာန်များကို အစာမကျွေးပါနှင့်
တိရစ္ဆာန်များအား ကြည့်ရှုရန်