တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)

တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)

တိရစ္ဆာန်များနှင့် ထိန်းသိမ်းရေး
နေ့စဉ် ဖွင့်လှစ်ပါသည် • မနက် ၈ နာရီ မှ ညနေ ၅ နာရီ

အစီအစဉ်များ

တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)၏ အစီအစဉ်များ

တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေးကို ပိုမိုသိရှိနားလည်စေရန်နှင့် ဗဟုသုတများစွာ ရရှိစေမည့် စိတ်ဝင်စားဖွယ်ရာ အစီအစဉ်များစွာကို လေ့လာလိုက်ပါ။

ကျောင်းလေ့လာရေးခရီး
ကျောင်းလေ့လာရေးခရီး

လမ်းလျှောက်တတ်စအရွယ် ကလေးငယ်များမှသည် ဆယ်ကျော်သက်လူငယ်များအထိ အရွယ်စုံကလေးများအတွက် အံ့ဖွယ်တိရစ္ဆာန်လောကကို လေ့လာနိုင်မည့် အစီအစဉ်တစ်ခု ဖြစ်ပါသည်။ တိရစ္ဆာန်များနှင့် အနီးကပ်ထိတွေ့ခွင့်ရရှိခြင်းနှင့် လက်တွေ့လုပ်ဆောင်ရသော လှုပ်ရှားမှုများမှတစ်ဆင့် ကလေးငယ်များ၏ စူးစမ်းလိုစိတ်ကို နှိုးဆွပေးပြီး တိရစ္ဆာန်များအား ကာကွယ်စောင့်ရှောက်လိုစိတ်နှင့် တစ်သက်တာသင်ယူလိုစိတ်တို့ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပါသည်။

မွေးမြူရေးနှင့်ဆေးကုသရေး တက္ကသိုလ်မှကျောင်းသား/သူ များအတွက် လက်တွေ့လုပ်ငန်းသင်အစီအစဉ်
မွေးမြူရေးနှင့်ဆေးကုသရေး တက္ကသိုလ်မှကျောင်းသား/သူ များအတွက် လက်တွေ့လုပ်ငန်းသင်အစီအစဉ်

"တိရစ္ဆာန်ဥယျာဉ်များသည် တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိရစ္ဆာန်များ၏ သက်သာချောင်ချိရေး၊ ပညာပေးရေးနှင့် သုတေသနလုပ်ငန်းများတွင် အရေးပါသော ကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ အနာဂတ် တိရစ္ဆာန်ပြုစုစောင့်ရှောက်ရေး ပညာရှင်များ ပေါ်ထွက်လာစေရန် ပံ့ပိုးကူညီပေးနိုင်ရေးအတွက် အထက်မြန်မာပြည်ရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်နှင့် တိရစ္ဆာန်ဆေးကုသရေးပညာရပ်ဆိုင်ရာ တက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူများ နှင့် အခြားစပ်ဆက်သည့် တက္ကသိုလ်များအတွက် ရည်ရွယ်ပါသည်။ အလုပ်သင်အစီအစဉ်၏ ရည်ရွယ်ချက်များမှာ- • မွေးမြူရေးနှင့် တိရစ္ဆာန်ဆေးကုသရေးကျောင်းသားများအတွက် လက်တွေ့လေ့ကျင့်နိုင်သည့် အခွင့်အလမ်းများ ပံ့ပိုးပေးရန်။ • တိရစ္ဆာန်ထိန်းသိမ်းပြုစုစောင့်ရှောက်မှု၊ စီမံခန့်ခွဲမှုနှင့် တိရစ္ဆာန်ဆေးကုသမှု လုပ်ထုံးလုပ်နည်းများတွင် ကျောင်းသားများ၏ အသိပညာနှင့် ကျွမ်းကျင်မှုများကို မြှင့်တင်ပေးရန်။ • ခေတ်မီတိရစ္ဆာန်ဥယျာဉ် စီမံခန့်ခွဲမှုနှင့် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး လုပ်ငန်းစဉ်များကို ကျောင်းသားများအား သိရှိနိုင်စေရန်။ • တိရစ္ဆာန်များ၏ ကောင်းကျိုးချမ်းသာ၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးဆိုင်ရာများအား မြှင့်တင်ပေးရန်။ • တိရစ္ဆာန်ဥယျာဉ်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပညာရေးအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်။ အလုပ်သင်အစီအစဉ် ပြီးမြောက်ပြီးနောက် ကျောင်းသားများသည်- • တိရစ္ဆာန်ပြုစုစောင့်ရှောက်မှုနှင့် တိရစ္ဆာန်ဆေးကုသရေး စီမံခန့်ခွဲမှုတို့တွင် လက်တွေ့ကျသော အတွေ့အကြုံများ ရရှိမည်။ • တိရစ္ဆာန်ဥယျာဉ်ဆိုင်ရာ အဖွဲ့အစည်းများ၏ တာဝန်ဝတ္တရားများကို နားလည်သဘောပေါက်မည်။ • သက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုများနှင့် အဖွဲ့လိုက်လုပ်ဆောင်နိုင်စွမ်းများကို တိုးတက်စေမည်။ • တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးနှင့် တိရစ္ဆာန်များ၏ ကောင်းကျိုးချမ်းသာဆိုင်ရာများအး သတိပြုနားလည်မှုများ ပိုမိုတိုးတက်လာမည်။"

တိရစ္ဆာန်များ အစာကျွေးမွေးလှူဒါန်းခြင်းအစီအစဉ်
တိရစ္ဆာန်များ အစာကျွေးမွေးလှူဒါန်းခြင်းအစီအစဉ်

တိရစ္ဆာန်ချစ်သူများအနေဖြင့် တိရစ္ဆာန်ဥယျာဉ်ရှိ ကောင်ရေ ၁,၄၀၀ ကျော်၏ နေ့စဉ်အာဟာရလိုအပ်ချက်အတွက် တိုက်ရိုက်ပါဝင်လှူဒါန်းနိုင်မည့် အထူးအစီအစဉ် ဖြစ်ပါသည်။ လှူဒါန်းသူများနှင့် တိရစ္ဆာန်များ၏ ကျန်းမာရေးကို ရှေးရှု၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ စီစဉ်ထားခြင်းဖြစ်ပြီး၊ ရောဂါကူးစက်မှုအန္တရာယ် ကင်းဝေးစေရန်အတွက် တိရစ္ဆာန်များအတွက် အစာကို ဥယျာဉ်အတွင်းမှပင် စီစဉ်ပေးထားပါသည်။