တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)

တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)

တိရစ္ဆာန်များနှင့် ထိန်းသိမ်းရေး
နေ့စဉ် ဖွင့်လှစ်ပါသည် • မနက် ၈ နာရီ မှ ညနေ ၅ နာရီ

အစီအစဉ်များ

ကျောင်းလေ့လာရေးခရီး

အစီအစဉ် ကာလ

2026-01-01 – 2026-12-31

အစီအစဉ် ကြာမြင့်ချိန်

-

ဝင်ကြေး

-

လမ်းလျှောက်တတ်စအရွယ် ကလေးငယ်များမှသည် ဆယ်ကျော်သက်လူငယ်များအထိ အရွယ်စုံကလေးများအတွက် အံ့ဖွယ်တိရစ္ဆာန်လောကကို လေ့လာနိုင်မည့် အစီအစဉ်တစ်ခု ဖြစ်ပါသည်။ တိရစ္ဆာန်များနှင့် အနီးကပ်ထိတွေ့ခွင့်ရရှိခြင်းနှင့် လက်တွေ့လုပ်ဆောင်ရသော လှုပ်ရှားမှုများမှတစ်ဆင့် ကလေးငယ်များ၏ စူးစမ်းလိုစိတ်ကို နှိုးဆွပေးပြီး တိရစ္ဆာန်များအား ကာကွယ်စောင့်ရှောက်လိုစိတ်နှင့် တစ်သက်တာသင်ယူလိုစိတ်တို့ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပါသည်။

"တိရစ္ဆာန်ဥယျာဉ်သင်တန်းကျောင်း အစီအစဉ် (Zoo School Program) ဆိုသည်မှာ ကျောင်းသား၊ ကျောင်းသူများအတွက် စာသင်ခန်းပြင်ပ လက်တွေ့ကျသည့ဘာဝပတ်ဝန်းကျင်အား သင်ယူမှုအတွေ့အကြုံများ ရရှိစေရန် ရည်ရွယ်ရေးဆွဲထားသည့် ပညာပေးလှုပ်ရှားမှုတစ်ခု ဖြစ်ပါသည်။ ယခုအစီအစဉ်မှတစ်ဆင့် ကျောင်းသားများသည် မတူကွဲပြားသော တိရစ္ဆာန်များကို အနီးကပ်လေ့လာစောင့်ကြည့်နိုင်ပြီး ၎င်းတို့၏ ကျက်စားရာပတ်ဝန်းကျင်၊ အလေ့အထများနှင့် ဂေဟစနစ်အတွင်း အရေးပါပုံတို့ကို သင်ယူနိုင်မည် ဖြစ်သည်။

တိရစ္ဆာန်ဥယျာဉ်မှ ပညာပေးဝန်ထမ်းများနှင့် တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်သူများက ကျောင်းသားများအား လမ်းညွှန်ပြသပေးမည့်အပြင်၊ တောရိုင်းတိရစ္ဆာန်များနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ အကျိုးရှိမည့် သတင်းအချက်အလက်များကိုလည်း မျှဝေပေးသွားမည် ဖြစ်သည်။

ဤအစီအစဉ်သည် ကျောင်းသားများ၏ အသိပညာဗဟုသုတကို တိုးတက်စေခြင်း၊ စူးစမ်းလိုစိတ်ကို နှိုးဆွပေးခြင်းနှင့် သဘာဝတရားအပေါ် အပြုသဘောဆောင်သည့် သဘောထားအမြင်များ သန္ဓေတည်လာစေရန် ကူညီပေးပါသည်။ ထို့ပြင် အသင်းအဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်တတ်မှု၊ ဆက်သွယ်ပြောဆိုမှုစွမ်းရည်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းလိုစိတ် တာဝန်သိမှုတို့ကိုလည်း မြှင့်တင်ပေးပါသည်။ ဤ Zoo School အစီအစဉ်သည် ကျောင်းသားများအတွက် ပျော်ရွှင်စရာကောင်းပြီး အဓိပ္ပာယ်ပြည့်ဝသော သင်ယူမှုအတွေ့အကြုံကောင်းတစ်ခုကို ဖန်တီးပေးပါသည်။"

မှတ်ချက်များ

ကျောင်းပြင်ပလေ့လာရေးအနေဖြင့် လာရောက်လေ့လာလိုသော ကျောင်းများအနေဖြင့် တစ်ပတ်ကြိုတင်၍ ဖောင်တင်ထားခြင်းဖြင့် Discount များကိုရယူနိုင်ပါတယ်။ ကျောင်းအဖွဲ့များအနေဖြင့် ကြိုတင်၍အကြောင်းကြားလိုပါက BOOK a LEARNING ကိုနှိပ်ပြီး ဖောင်ဖြည့်လိုက်ပါ။ ဒါမှမဟုတ် ဖုန်းနံပတ် ၀၉၂၅၅၅၆၄၃၂၄ သို့မဟုတ် ၀၉၄၅၀၀၄၁၃၁၂  သို့မဟုတ် education@mdyzoo.com ကို မေးလ်ပို့၍ လည်းဆက်သွယ်နိုင်ပါတယ်။

ဤအစီအစဉ်တွင် ပါဝင်လိုပါသလား။ သင်၏နေရာကို ကြိုတင်ရယူပြီး ကျွန်ုပ်တို့၏ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးနှင့် ပညာပေးလုပ်ငန်းစဉ်များတွင် တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်လိုက်ပါ။