တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)

တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)

တိရစ္ဆာန်များနှင့် ထိန်းသိမ်းရေး
နေ့စဉ် ဖွင့်လှစ်ပါသည် • မနက် ၈ နာရီ မှ ညနေ ၅ နာရီ

ပွဲတော်လေးများ

ကျောင်းဖွင့်ရာသီ

စတင်သည့်ရက်

08 May 2026

ပြီးဆုံးသည့်ရက်

12 July 2026

တည်နေရာ

တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)

မြေပုံ

Map not available

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် May လအတွင်း ကျောင်းပြန်လည်ဖွင့်ရာသီအထိမ်းအမှတ်အဖြစ် မိသားစုနှင့်ကလေးများအတွက် ပျော်ရွှင်ဖွယ်ပွဲတော်ကို စီစဉ်ထားရှိပါသည်။ ပွဲတော်အတွင်း စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများနှင့် ကျောင်းသုံးပစ္စည်းဆိုင်ခန်းများအပြင် ကလေးများအတွက် ပန်းချီဆွဲခြင်းနှင့် လက်မှုပညာလှုပ်ရှားမှုများကို ပါဝင်ဆင်နွှဲနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် မိသားစုတစ်စုလုံး အတူတကွ ပျော်ရွှင်စွာ အပန်းဖြေနိုင်မည့် ဖျော်ဖြေရေးနှင့် လှုပ်ရှားမှုအစီအစဉ်များလည်း ပါဝင်မည်ဖြစ်ပါသည်။

"📚 May လ ကျောင်းပြန်ဖွင့်ရာသီ အထူးပွဲတော် 📚
ကျောင်းရာသီသစ်ကို ပျော်ရွှင်မှု၊ အဆင်ပြေမှုနှင့် မိသားစု၏ နွေးထွေးသော အချိန်များဖြင့် ကြိုဆိုလိုက်ပါ။
May လ ကျောင်းပြန်ဖွင့်ရာသီအထိမ်းအမှတ်အဖြစ် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် ကျောင်းသား၊ ကျောင်းသူများနှင့် မိသားစုများအတွက် ပျော်ရွှင်ဖွယ် အထူးပွဲတော်ကို စီစဉ်ထားရှိပါသည်။
ကျောင်းဖွင့်ရာသီမတိုင်မီ သားသားမီးမီးများအတွက် ပျော်ရွှင်ဖွယ် အားလပ်ရက်အမှတ်တရများကို ဖန်တီးပေးရင်း၊ မိဘများအနေဖြင့် ကျောင်းပြန်တက်ရောက်ရန် လိုအပ်သည့် ပြင်ဆင်မှုများကို တစ်နေရာတည်းတွင် အဆင်ပြေစွာ ဆောင်ရွက်နိုင်မည့် အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါသည်။
ပွဲတော်အတွင်းတွင် စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများနှင့် ကျောင်းသုံးပစ္စည်းမျိုးစုံကို စုံလင်စွာ ရွေးချယ်ဝယ်ယူနိုင်မည့် ဆိုင်ခန်းများ ပါဝင်မည်ဖြစ်ပြီး မိသားစုများအတွက် လွယ်ကူအဆင်ပြေသော ဈေးဝယ်အတွေ့အကြုံကို ရရှိစေမည်ဖြစ်ပါသည်။
ထို့အပြင် ကလေးများ၏ စိတ်ကူးစိတ်သန်းနှင့် ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးမည့် ပန်းချီရေးဆွဲခြင်း၊ လက်မှုပညာဖန်တီးခြင်း၊ ပျော်ရွှင်ဖွယ် လှုပ်ရှားမှုအစီအစဉ်များနှင့် ဖျော်ဖြေရေးအစီအစဉ်များကိုလည်း စုံလင်စွာ ပြင်ဆင်ထားရှိပါသည်။
စိမ်းလန်းလှပသော ဥယျာဉ်ပတ်ဝန်းကျင်အတွင်း ချစ်စရာတိရစ္ဆာန်မျိုးစုံကို အနီးကပ်လေ့လာရင်း မိသားစုတစ်စုလုံး အေးချမ်းစွာ အပန်းဖြေနိုင်သည့်အပြင် အမှတ်တရဓာတ်ပုံများ ရိုက်ကူးကာ ပျော်ရွှင်ဖွယ် အခိုက်အတန့်များကို အတူဖန်တီးနိုင်မည်ဖြစ်ပါသည်။
ဒီ May လမှာ လိုအပ်သမျှကို အဆင်ပြေစွာ ပြင်ဆင်ရင်း၊ မိသားစုနှင့်အတူ ပျော်ရွှင်မှုများကို မျှဝေကာ ကျောင်းရာသီသစ်အတွက် အမှတ်တရကောင်းများဖြင့် စတင်လိုက်ပါ။
📚 ပြင်ဆင်မှုများ အဆင်ပြေစေဖို့…
🌿 သဘာဝနှင့်အတူ အပန်းဖြေဖို့…
👨‍👩‍👧‍👦 မိသားစုနှင့်အတူ အမှတ်တရများ ဖန်တီးဖို့…
တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)မှ လူကြီးမင်းတို့အား နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။"

ဤပွဲတော်မှာ ပါဝင်ဖို့အတွက် စိတ်ဝင်စားပါသလား။

ပါဝင်ဆင်နွဲဖို့ အတွက် ယခုပဲကြိုတင်လက်မှတ်ဝယ်ယူထားနိုင်ပါသည်။

လည်ပတ်မည်
ပွဲလမ်းသဘင်များ ထပ်မံကြည့်ရှုရန်