တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)

တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)

တိရစ္ဆာန်များနှင့် ထိန်းသိမ်းရေး
နေ့စဉ် ဖွင့်လှစ်ပါသည် • မနက် ၈ နာရီ မှ ညနေ ၅ နာရီ

တိရစ္ဆာန်လေးများ

အချက်အလက်အကျဉ်း

အသက်ရှည်ကာလ

သဘာဝတောများထဲတွင် သက်တမ်း (၁၀)နှစ်ခန့်ရှိပြီး ထိန်းသိမ်းမွေးမြူထားရှိသည့်နေရာများတွင် ( ၁၂ )နှစ်ခန့်အထိ နေထိုင်နိုင်ပါသည်။

အစားအစာ

ပိုးကောင် ၊ အိမ်မြှောင်ငယ်လေးများ ၊ သစ်သီး ၊ နှင့် အသိုက်ငှက်များစားသုံးကြသည်။

နေထိုင်ရာ

မာမိုဆက် များကို သစ်တောအတွင်းပိုင်းများထက် သစ်တောအစွန်အဖျားဒေသများတွင် ပိုမိုတွေ့ရလေ့ရှိသည်။ စိုက်ခင်းသစ်တောများအပါအဝင် သစ်တောအမျိုးအစားမျိုးစုံ တွင် နေထိုင်ကျက်စားကြပါသည်။

နေထိုင်ဒေသ

၎င်းတို့ကို Brazil နိုင်ငံ၏ အရှေ့မြောက်ပိုင်းဒေသများတွင်သာ တွေ့ရှိရပြီးယခုအခါထိုဒေသများတွင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများ များပြားလာသောကြောင့် ယနေ့တွင်မာမိုဆက် များကို Brazil ၏ အရှေ့တောင်ဘက် ကမ်းရိုးတန်းရှိ မိုးသစ်တောများတွင် အများအားဖြင့် တွေ့နိုင်လာသည်။

မာမိုဆက်မျောက်

အမည် မာမိုဆက်မျောက်
သိပ္ပံအမည် Callithrix jacchus
အလျား (၁၂-၁၅) စင်တီမီတာခန့်
အလေးချိန် ၈ - ၁၄ ကီလိုကရမ်
အထီး လိင်ရောက်အသက် (၁၂-၁၅) လခန့်
အမ လိင်ရောက်အသက် (၁၂-၁၈) လခန့်
ကိုယ်ဝန်ဆောင်ကာလ (၁၄၄)ရက်ခန့်ကြာမြင့်ပါသည်။
တစ်ကြိမ်မွေးအရေအတွက် များသောအားဖြင့်နှစ်ကောင်မွေးပါသည်။
မူလဒေသ ဘရာဇီးနိုင်ငံ၏ အရှေ့မြောက်ပိုင်းဒေသ

ထူးခြားချက်များ

အဖြူရောင် နားမွေးဖွားများနှင့် နဖူးပေါ်တွင်အဖြူရောင် ပါရှိပြီး၎င်းတို့၏ ခေါင်းပေါ်မွေးများမှာ များသောအားဖြင့် အညိုရင့်ရောင် ဖြစ်ပြီး၊ ကျောဘက်မွေးများမှာ အနည်းငယ် ဖြူဖျော့သော အညိုမီးခိုးရောင်ဖြစ်ကာ အလျားလိုက် စင်းကြောင်းများ ပါရှိသည်။ ထို့အပြင် ၎င်းတို့၏ အမြီးတွင်လည်း ထင်ရှားသော အလျားလိုက် စင်းကြောင်းများ ပါရှိပါသည်။

မှတ်ချက်

အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ (IUCN)မှထုတ်ပြန်ထားသော Red List အရ မျိုးသုဉ်းရန် အန္တရာယ်နည်းပါးသောမျိုးစိတ် (Least Concern) အဖြစ်သတ်မှတ်ထားပါသည်။
မြေပုံတွင် ကြည့်မည်

လည်ပတ်သူများအတွက် အကြံပြုချက်

  • တိရစ္ဆာန်တွေရဲ့ လှုပ်ရှားသွားလာမှုကို ပိုမိုမြင်တွေ့နိုင်ဖို့ မနက်ပိုင်းအချိန်တွင် လာရောက်လည်ပတ်ပါ
  • ဘေးကင်းလုံခြုံရေး ဆိုင်းဘုတ်များနှင့် ဝန်ထမ်းများ၏ ညွှန်ကြားချက်များကို လိုက်နာပါ
  • ဝန်ထမ်းများ၏ ခွင့်ပြုချက်မရှိဘဲ တိရစ္ဆာန်များကို အစာမကျွေးပါနှင့်
တိရစ္ဆာန်များအား ကြည့်ရှုရန်