International Zebra Day (အပြည်ပြည်ဆိုင်ရာ မြင်းကျားနေ့) 🦓🦓🦓
ဇန်နဝါရီလ (၃၁) ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ မြင်းကျားနေ့ (International Zebra Day) အဖြစ် ရည်ရွယ်သတ်မှတ်ထားတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ ဒီနေ့မှာတော့ တိရစ္ဆာန်ဥယျာဉ်ထဲက မြင်းကျားလေးတွေရဲ့အကြောင်းကို ဗဟုသုတအဖြစ် အနည်းငယ်မျှဝေပေးချင်ပါတယ်။
🦓 ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အဖြူနဲ့အမဲ အရောင်ခြယ် အစင်းကျားများကြောင့် ထူးခြားထင်ရှားတဲ့ မြင်းကျားတွေဟာ အာဖရိကတိုက်မှာ အုပ်စုဖွဲ့နေထိုင်ကြပါတယ်။ 🦓
🦓 လူတွေမှာရှိတဲ့ လက်ဗွေဟာ တစ်ယောက်နှင့် တစ်ယောက်မတူသလို မြင်းကျားတွေရဲ့ အစင်းကျားတွေကလည်း တစ်ကောင်နှင့် တစ်ကောင်မတူတဲ့အတွက် အလွယ်တကူခွဲခြားလို့ရပါတယ်။ 🦓
🦓 မြင်းကျားတို့ရဲ့နားတွေဟာ အဘက်ဘက်ကို လှည့်နိုင်ပါတယ်။ 🦓
🦓 မြင်းကျားများကို အိမ်မွေးတိရစ္ဆာန်တွေလို ယဉ်ပါးအောင် မွေးလို့ မရပါဘူး။ 🦓
🦓 မြင်းကျားများဟာ တစ်နာရီကို(၆၅) ကီလိုမီတာနှုန်းနဲ့ ပြေးနိုင်ကြပါတယ်။ 🦓
🦓 မွေးကင်းစမြင်းကျားလေးတွေဟာ မွေးဖွားပြီး (၆) မိနစ် အကြာမှာပဲ မတ်တတ်ရပ်နိုင်ပါတယ်။
🦓 မြင်းကျားတစ်ကောင်ရဲ့ ကန်ချက်ဟာ ခြင်္သေ့တစ်ကောင်ကိုတောင် သေစေနိုင်လောက်အောင်ထိ ပြင်းထန်ပါတယ်။ 🦓
🦓 ခန္ဓာကိုယ်မှာရှိတဲ့ အစင်းကျားတွေက ရန်သူမှ အလွယ်တကူ မမြင်နိုင်အောင် ဖုံးကွယ်ပေးပါတယ်။🦓
🦓 ဂရီဗီမြင်းကျား (Grevy Zebra)၊ လွင်ပြင် မြင်းကျား (Plains Zebra) နဲ့ တောင်ပေါ်မြင်းကျား (Mountain Zebra) ဆိုပြီး မြင်းကျား (၃) မျိုး ရှိပါတယ်။ ဂရီဗီမြင်းကျားမှာ မျိုးစိတ် (၁) မျိုး၊ တောင်ပေါ်မြင်းကျားမှာ တဆင့်ခံမျိုးစိတ်ကွဲ (၂) မျိုးနှင့် ပလိန်းမြင်းကျားကတော့ တစ်ဆင့်ခံမျိုးစိတ် (၆)မျိုး၊ စုစုပေါင်း မျိုးစိတ်/ မျိုးကွဲပေါင်း (၁၁) မျိုးရှိပါတယ်။ 🦓
🦓 ဂရီဗီမြင်းကျား (Grevy Zebra) များဟာ ဆယ်စုနှစ် (၃) စုအတွင်း အကောင်ရေ (၅၄) ရာခိုင်နှုန်းခန့်ကျဆင်းသွားသည့်အတွက် နိုင်ငံတကာပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (IUCN) တွင် Endangered (EN) မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်အဖြစ် သတ်မှတ်ကာကွယ်ထားပါ သည်။ 🦓
ယခုလိုမျိုး အဖြူနဲ့အမဲ အရောင်ခြယ် အစင်းကျားများနဲ့ ထူးခြားထင်ရှားတဲ့ ချစ်စရာမြင်းကျားတွေကို တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) သို့ အလည်ရောက်ခဲ့ရင် လေ့လာကြည့်ရှူသွားဖို့လည်း မမေ့နဲ့ဦးနော်။ 🦓🦓🦓
Copyright 2018. All rights reserved.