🦤ငှက်ကျားအနက်တွေဟာ – Yadanarbon Zoo

🦤ငှက်ကျားအနက်တွေဟာ ငှက်ကျားအုပ်စုမှာခန္ဓာကိုယ်အရွယ်အစားအကြီးဆုံးဖြစ်ပါတယ်။ နှုတ်သီးဖျားမှအမြီးအထိ ၃၇ မှ ၃၉ လက်မ😳အထိရှိပြီး တောင်ပံအလျှားမှာ ၅၇မှာ၆၁ လက်မ😱အထိရှိကြပါတယ််။

အရွယ်ရောက်ငှက်ကျားအနက်် တွေရဲ့ခန္ဓာကိုယ်မှာအနက်ရောင်ရှိပြီး အောက်ဘက်အပိုင်းတွင်အဖြူရောင်ရှိပါတယ်။🦤 အနီရောင်ခြေတံရှည်နှင့် ရှည်လျှားချွန်ထက်သောနှုတ်သီးနီရှိပါတယ်။ ‌ေရွပြောင်းလှည့်လည်ကျက်စားနေထိုင်သည့်ငှက်အမျိုးအစားဖြစ်ပြီး ဥရောပ၊ အာဖရိကနှင့်အာရှတိုက်တို့တွင်လည်း ရွှေ့ပြောင်းကျက်စားနေထိုင်လျက်ရှိပါတယ်။

အဓိကအစားအစာမှာငါး🐟ဖြစ်ပြီး ငှက်ကျားအနက်များမှာ မြစ်ချောင်းများနှင့် ရေတိမ်ဒေသများတွင်🏞️လှည့်လည်ကျက်စားနေထိုင်ကြပါတယ်။ အစာရှာသည့်အခါ တောင်ပံကိုဖြန့်၍ အစာရှာတတ်ပါတယ်။

ဒါကြောင့် ငှက်ကျားအနက်များကို မြန်မာနိုင်ငံတွင် လုံးဝကာကွယ်ထားသော🙅🏻‍♂️ ငှက်စာရင်းတွင်ထည့် သွင်း၍ ထိန်းသိမ်းကာကွယ်စောင့် ရှောက်ထားလျက်ရှိပါတယ််။🙇🏻‍♀️

#yadanarbonzoo

#blackstork

#knowledgesharing

Copyright 2018. All rights reserved.