👨💼အပြည်ပြည်ဆိုင်ရာ တိရစ္ဆာန်ထိန်းများနေ့ (International Zookeeper Day) 👨💼
🦏တိရစ္ဆာန်များ၏ ကောင်းကျိုးချမ်းသာကို ဖော်ဆောင်ပေးနေတဲ့ သူတွေကို တိရစ္ဆာန်ထိန်းသိမ်း စောင့်ရှောက်သူများ(Zoo Keepers) ဟုခေါ်ဆိုပါတယ်။ တိရစ္ဆာန်ထိန်းသိမ်း စောင့်ရှောက်သူများ အနေနဲ့ တိရစ္ဆာန်များကို အဓိကတာဝန်ယူ ထိန်းသိမ်းပြုစုစောင့်ရှောက်ပေးနေသူများဖြစ်တဲ့ တိရစ္ဆာန်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေရန်အတွက်သာမက တိရစ္ဆာန် ဥယျာဉ်များ၏ အဓိက ရည်ရွယ်ချက်များဖြစ်သည့် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးလုပ်ငန်း၊ ပညာပေးလုပ်ငန်းများနှင့် သုတေသနလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေ ရန် အဓိကအထောက်အကူ ပြုပေးနေသူများလည်း ဖြစ်ကြပါတယ်။
🦒တိရစ္ဆာန်ထိန်းများရဲ့ ဝါသနာ၊ အနစ်နာ၊ လုပ်ငန်းကျွမ်းကျင်မှုတို့သည် တိရစ္ဆာန်ဥယျာဉ်များ၏ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန်နှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက် ရာတွင် ရှေ့တန်းကနေ တာဝန်ယူဆောင်ရွက်ပေးနေရသော ရှေ့တန်းတိုက်စစ်မှူးများပင်ဖြစ်ကြပါတယ်။
🐘ကမ္ဘာပေါ်ရှိ တိရစ္ဆာန်ဥယျာဉ်များတွင် တိရစ္ဆာန်များ၏ ကောင်းကျိုးချမ်းသာနှင့် တိရစ္ဆာန်ဥယျာဉ် များ၏ ရည်မှန်းချက်ပန်းတိုင်ကိုရောက်ရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသော တိရစ္ဆာန်ထိန်း (Zoo Keepers) များအား ဂုဏ်ပြုသောအားဖြင့်နှစ်စဉ် အောက်တိုဘာလ (၄) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ တိရစ္ဆာန်ထိန်းများနေ့အဖြစ် သတ်မှတ်ပြီးဂုဏ်ပြုလိုက် ရပါတယ်။🎉
#YadanarbonZoo
#knowledgesharing
#zookeeperday
Copyright 2018. All rights reserved.