🐻 ကမ္ဘာ့ဝက်ဝံများနေ့ 🐻 (World Bear Day) – Yadanarbon Zoo

🐻 ကမ္ဘာ့ဝက်ဝံများနေ့ 🐻 (World Bear Day)

 

 á€€á€™á€¹á€˜á€¬á€•á€±á€«á€ºá€á€½á€„် အာရှတိုက်၊ ဥရောပတိုက်၊ တောင်အမေရိကတိုက်နှင့် မြောက်အမေရိကတိုက်ကြီးများတွင် ဝက်ဝံမျိုးစိတ် (၈) မျိုး ပျံ့နှံ့ ရှင်သန်ကျက်စားကြပါတယ်။ ထိုမျိုးစိတ် (၈) မျိုးထဲမှ (၂) မျိုးသည် မြန်မာနိုင်ငံတွင် ရှင်သန်နေထိုင်ကျက်စားသည်ကို တွေ့ရှိရပါတယ်။ ဝက်ဝံမျိုးစိတ် ( ၈ ) မျိုးမှာ North American Black Bear, Brown Bear,  Polar Bear, Asiatic Black Bear,  Andean Bear, Panda Bear, Sloth Bear နှင့် Sun Bear တို့ ဖြစ်ကြပြီး မြန်မာနိုင်ငံတွင် ဟိမဝန္တာဝက်ဝံ (Asiatic Black Bear) နှင့် ခွေးဝံ (ခေါ်) ပသျှူးဝက်ဝံ (Sun Bear) ဟူ၍ မျိုးစိတ် (၂)မျိုး ရှင်သန်နေထိုင်ကြပါတယ်။  

 

   áá‰á‰á‚ ခုနှစ်မှ စတင်၍ ကမ္ဘာ့ဝက်ဝံများနေ့ကို ကျင်းပခဲ့ရာ ယခုဆိုလျှင် နှစ်ပေါင်း (၃၂) နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။ ကမ္ဘာ့ဝက်ဝံများနေ့ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ရာသီဥတုဖောက်ပြန်ခြင်း၏ ဆိုးကျိုးများအကြောင်း အသိပညာပေးခြင်းဖြင့် ဝက်ဝံများကို ကာကွယ်ရန် လူတစ်ဦးချင်းနှင့် အဖွဲ့အစည်းများအား လှုံ့ဆော်ပေးရန်ဖြစ်ပါတယ်။ 

 

   á€á€€á€ºá€á€¶á€™á€»á€¬á€¸á€žá€Šá€º တစ်ကောင်ထဲ နေထိုင်တတ်ကြသည့် သတ္တဝါများ ဖြစ်ကြပြီး ယင်းတို့ရှင်သန်နေထိုင် ရန်အတွက် လုံလောက်သည့် နေရာပမာဏ အကျယ်အဝန်းလိုအပ်ပါသည်။ ယင်းတို့၏ နေရင်းဒေသများ ပျက်စီးဆုံးရှုံးလာခြင်းနှင့် စီးပွားဖြစ် အလွန်အကျွံ အမဲလိုက်ခြင်းတို့က အဓိက ခြိမ်းခြောက်လျက်ရှိပါတယ်။ ဝက်ဝံများ ရှင်သန်ကျက်စားရာ သစ်တောမြေယာများတွင် နှစ်ရှည်သီးနှံစိုက်ခင်းများ ထူထောင်ခြင်း၊ အိမ်ယာများ တိုးချဲ့တည်ဆောက်ခြင်းနှင့်  သဘာဝသယံဇာတများတူးဖော်ခြင်းအစရှိသည်တို့က ဝက်ဝံမျိုးစိတ်များ၏ ရှင်သန်နေထိုင်ရာ နေရင်းဒေသများ လျော့နည်းပပျောက်လာခြင်းတို့ကြောင့်လည်း အကောင်အရေ အတွက် ကျဆင်းလာကြပါတယ်။ 

 

   á€šá€á€¯á€†á€­á€¯á€œá€»á€¾á€„် ဝက်ဝံမျိုးစိတ် (၈) မျိုးရှိသည့် အနက် (၆) မျိုးမှာ မျိုးသုဉ်းရန်အန္တရာယ်ကျရောက်နိုင်သော မျိုးစိတ်အဖြစ် သတ်မှတ်ခြင်းကို ခံထားရပြီး ကျန်သည့် (၂) မျိုးမှာ မျိုးသုဉ်းရန် အန္တရာယ်ကျရောက်မှုနည်းပါးသည့်မျိုးစိတ်အဖြစ် သတ်မှတ်ခြင်းကို ခံထားရပါတယ်။ 

   

 á€á€€á€ºá€á€¶á€™á€»á€¬á€¸á€žá€Šá€º ယင်းတို့နေထိုင်ရာ သဘာဝတောများတွင် ဂေဟစနစ်များ၏ အရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်ပြီး အခြားသောမျိုးစိတ်များ၏ အရေအတွက်ကိုလည်း ထိန်းညှိပေးနိုင်သည့်အပြင် သဘာဝပတ်ဝန်းကျင်ကိုလည်း ပြောင်းလဲနိုင်စွမ်းရှိသည့် မျိုးစိတ်များဖြစ်သည့်အတွက် မျိုးသုဉ်း ပျောက်ကွယ်မသွားစေရန် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားရန် လိုအပ်ပါကြောင်း ကမ္ဘာဝက်ဝံများနေ့တွင် အသိပေးတိုက်တွန်းနှိုးဆော်ရင်း ဝက်ဝံများအပြင် တခြားသောမျိုးသုဥ်းလုနီးပါးရှိသည့် တောရိုင်းတိရစ္ဆာန်များကို  တိရစ္ဆာန်ဥယျာဥ် (ရတနာပုံ) တွင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ထားတာဖြစ်လို့ လာရောက်လေ့လာကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 🤗🤗🤗

Copyright 2018. All rights reserved.