🐊 တရုတ်မိကျောင်းများအကြောင်း သိကောင်းစရာ (၁၀) ချက် – Yadanarbon Zoo

🐊 တရုတ်မိကျောင်းများအကြောင်း သိကောင်းစရာ (၁၀) ချက် 🐊

 

မြန်မာအမည် - တရုတ်မိကျောင်း 

Common Name - Chinese Alligator 

Scientific Name - Alligator sinensis

 

(၁) တရုတ်မိကျောင်းများသည် သားပေါက်ကြရာတွင် အပူချိန်ပေါ်မူတည်၍ အထီး/အမ လိင်ကွဲပြားနိုင်ကြပါသည်။ 

(၂) တရုတ်မိကျောင်းတို့၏ မျက်လုံးများသည် ညအမှောင်ထဲတွင် ရောင်ပြန်ဟပ်ကြပါသည်။ 

(၃) ကမ္ဘာပေါ်ရှိ တွားသွားသတ္တဝါများထဲတွင် တရုတ်မိကျောင်းများသည် အသံအကျယ်ဆုံး ဖြစ်ကြပါသည်။ 

(၄) တရုတ်မိကျောင်းများသည် IUCN Red List Status မှ Critically Endangered (CR) မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသော မျိုးစိတ်အဖြစ် သတ်မှတ်ခြင်း ခံထားရပါသည်။ 

(၅) တရုတ်မိကျောင်းအမများသည် အရွက်များ၊ အပင်ငယ်လေးများဖြင့် အသိုက်ပြုလုပ်ကာ အသိုက်ကို စောင့်ရှောက်ကြပါသည်။ 

(၆) တရုတ်မိကျောင်းများသည် (၅) ပေမှ (၇) ပေခန့် ကြီးထွားနိုင်ကြပါသည်။ 

(၇) အမေရိကန်နိုင်ငံရှိ တရုတ်မိကျောင်းများ၏ ခြေထောက်တွင် ရေယက်ပါရှိကြသော်လည်း တရုတ်နိုင်ငံရှိ တရုတ်မိကျောင်းများ၏ ခြေထောက်တွင် ရေယက်မပါရှိကြပါ။ 

(၈) တရုတ်မိကျောင်းများသည် ရေချိုမြစ်ဝှမ်းများတွင်သာ ရှင်သန်နေထိုင်နိုင်ကြပါသည်။ 

(၉) တရုတ်မိကျောင်းတို့သည် တစ်နာရီလျှင် (၃၅) မိုင်ခန့် ပြေးနိုင်ကြကာ လူသားများ၏ ပြေးနိုင်နှုန်းထက် ပိုမိုလျှင်မြန်ကြပါသည်။ သို့သော် အချိန်ကာလကြာမြင့်စွာမဟုတ်ပဲ ခဏတာမျှသာ ပြေးနိုင်ကြပါသည်။ 

(၁၀) တရုတ်မိကျောင်းများသည် သဘာဝတောထဲတွင် နှစ် (၅၀) ခန့် ရှင်သန်နေထိုင်နိုင်ကြပြီး ထိန်းသိမ်းထားသည့် နေရာများထဲတွင် နှစ် (၇၀) ခန့် ရှင်သန်နေထိုင်နိုင်ကြပါသည်။

 

တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) အတွင်းရှိ တရုတ်မိကျောင်းများရဲ့နေထိုင်ပြုမူပုံများကို လာရောက်လေ့လာရုံသာမကပဲ အခြားရှားပါးထူးဆန်းသည့် တိရစ္ဆာန်များကိုပါ ကြည့်ရှုလေ့လာရင်း ဗဟုသုတလည်းရ၊ အပန်းလည်းဖြေကာ လည်ပတ်နိုင်ပါကြောင်း ဖိတ်ခေါ်လိုက်ပါတယ်နော်။

Copyright 2018. All rights reserved.