🐊 ကမ္ဘာ့မိကျောင်းများနေ့ (World
Crocodile Day) 🐊
နှစ်စဉ် ဂျွန်လ (၁၇) ရက်နေ့ကို ကမ္ဘာ့မိကျောင်းများနေ့အဖြစ် သတ်မှတ်ထားပြီး မိကျောင်းများ၏ မျိုးသုဉ်းလုနီးပါးအန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့နေရသောအခြေအနေနှင့် လူထုအတွင်း ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး အသိအမြင်များ တိုးပွါးလာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ပါတယ်။ 🎉🎉🎉
မိကျောင်းများကို ကမ္ဘာ့နေရာတိုင်းနီးပါးတွင် တွေ့ရှိနိုင်ပြီး ရေချိုနှင့် ရေငန်နှစ်မျိုးစလုံးတွင် ရှင်သန်နေထိုင်နိုင်ကြပါတယ်။ မိကျောင်းများဟာ ငါး၊ ငှက်များနှင့် နို့တိုက်သတ္တဝါများကို ဖမ်းဆီးစားသောက်တတ်ပါတယ်။ 🐟🐊
မိကျောင်းများ၏ ပျမ်းမျှ သက်တမ်းမှာ နှစ်ပေါင်း (၇၀) ခန့်ရှိပြီး၊ ထိန်းသိမ်း မွေးမြူစောင့်ရှောက်ထားသည့် နေရာများတွင် သက်တမ်း နှစ် (၁၀၀) ကျော်အထိ ရှင်သန်နေထိုင်နိုင်ပါတယ်။ 🐊🐊🐊
မြန်မာနိုင်ငံတွင် မိကျောင်းမျိုးစိတ် (၄) မျိုး ရှင်သန်ပေါက်ဖွားခဲ့ကြောင်း မှတ်တမ်းမှတ်ရာများအရ သိရှိခဲ့ရသော်လည်း ယခုအခါတွင် ရေချို ရေငန်စပ် မိကျောင်းမျိုးစိတ်တစ်မျိုးတည်းသာ ဧရာဝတီတိုင်းဒေသကြီးတွင် ရှင်သန်ပေါက်ပွါးနေထိုင်လျက်ရှိပါတယ်။ 🐊🐊🐊
သို့ဖြစ်ပါ၍ မိကျောင်းမျိုးစိတ်များ ရေရှည်တည်တံ့စေရန်နှင့် မျိုးသုဉ်း ပျောက်ကွယ်မသွားစေရန် တိုက်တွန်းနှိုးဆော်ရင်း တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) တွင် မိကျောင်းမျိုးစိတ်များသာမက တခြားသော ရှားပါးတိရစ္ဆာန်မျိုးစိတ်များကိုလဲ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ထားတာဖြစ်လို့ လာရောက် လေ့လာကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 🐊🐊🐊
Copyright 2018. All rights reserved.