🎊World Hippopotamus Day🎊 – Yadanarbon Zoo

🎊World Hippopotamus Day (ဖေဖော်ဝါရီလ ၁၅ ရက်)🎊

 

✨️ကမ္ဘာ့ရေမြင်းများနေ့သည် ကုန်းနေနို့တိုက်သတ္တဝါများထဲတွင် တတိယအကြီးဆုံးဖြစ် သည့် ထူးခြားသောရေမြင်းများအတွက် ဂုဏ်ပြုကျင်းပခြင်းဖြစ်ပြီး မျိုးသုဉ်းခြင်းမှ ကာကွယ်ရန် ပြည်သူများအား ထိန်းသိမ်းရေးအသိအမြင်များ ဖွင့်ပေးသော နေ့လည်းဖြစ်ပါသည်။ ✨️

 

👉ယခုအခါ ရေမြင်းများကို ဇမ်ဘီယာနှင့် တန်ဇန်းနီးယား ကဲ့သို့သောနိုင်ငံများတွင် အများဆုံးတွေ့ရှိနိုင်ပါသည်။

 

👉ယခုအခါ ရေမြင်းများ သည် အာဖရိကတိုက်အလယ်ပိုင်းနှင့် တောင်ပိုင်းတို့တွင် နေထိုင်ကြပါသည်။

 

👉ရေမြင်း များသည် အသက်မရှုဘဲ ရေအောက်တွင် (၅) မိနစ်ခန့် ရေငုတ်နေထိုင်နိုင်ပါသည်။ 

 

👉ယခုအခါ ရေမြင်းပု (Pygmy Hippopotamus) နှင့် ရိုးရိုးရေမြင်း (Common Hippopotamus)ဟူ၍ ရေမြင်းမျိုး စိတ်(၂) မျိုးသာ ကမ္ဘာပေါ်တွင် ကျန်ရှိပါတော့သည်။

 

 👉ရေမြင်းများသည် ရေအောက်၌ အချိန်များစွာနစ်မြုပ်နေရသည့် အဓိက အကြောင်းအရင်း များထဲမှတစ်ခုမှာ ပူပြင်းသောနေရောင်အောက်တွင် ယင်းတို့၏အရေပြားများ ခြောက်သွေ့ကွဲ အက်ခြင်းမှ ကာကွယ်ရန်ဖြစ်ပါသည်။

 

👉 သူတို့၏ ခန္ဓာကိုယ်ကို အေးမြနေအောင် ကူညီပေးတာ ကြောင့် ရွှံ့ထဲမှာလူးရတာကိုလည်း နှစ်သက်ကြပါတယ်။

 

 👉သို့သော်လည်း ရေမြင်းများသည် သဘာဝ နေရောင်ခြည်ကို ကာကွယ်ရန် အက်စစ်ဓာတ်တစ်မျိုးကို ခန္ဓာကိုယ်မှထုတ်လွှတ်ပြီး လေနှင့် ဓာတ်ပြုကာ နီညိုရောင်အရည်အဖြစ်သို့ ပြောင်းလဲလာပြီး သွေးချွေးဟုခေါ်သည့် နေရောင်ခြည် ဒဏ်ကိုခံနိုင်သည့် ခရင်တစ်မျိုးကို ထုတ်လွှတ်၍ သူတို့၏အရေပြားကွဲအက်ခြင်းကို ကာကွယ်နိုင် ရန် လုပ်ဆောင်ပါသည်။ 

 

👉ရေမြင်းများ စားသောက်ခြင်း အညစ်အကြေးစွန့်ထုတ်ခြင်းတို့သည် သူတို့နေထိုင်ရာ သဘာဝ ပတ်ဝန်းကျင်ရှိ ဂေဟစနစ်ကို တိုက်ရိုက် အကျိုးကျေးဇူးပြုလျှက်ရှိပြီး ရေမြင်းများသည် ရေထဲ တွင်သာ အညစ်အကြေးစွန့်ထုတ်သည့်အတွက် ရေ၏အဟာရဓာတ်ပါဝင်မှုကို ပိုမိုမြင့်တက်စေ ပြီး အခြားသော ရေနေသတ္တဝါများ၏ အစာအဟာရကို ဖြည့်တင်းပေးနိုင်ပါသည်။ 

 

👉ထို့အပြင် ကုန်းမြေပေါ်တွင်ပေါက်ရောက်နေသည့် အသီးအရွက်နှင့် မျက်များကိုသာ စားသုံးသည့်အတွက် ယင်းတို့ စားသုံးရာလမ်းတစ်လျှောက်ရှိ သဘာဝပတ်ဝန်းကျင်ကို ပြောင်းလဲစေပြီး အခြားသော သက်ရှိများ၏ ဂေဟစနစ်ကိုလည်း များစွာအကျိုးကျေးဇူးပြုပေးနေသည့်အတွက် ယင်းတို့နေ ထိုင်ရာ ဂေဟစနစ်တွင် အဓိက ကျသော မျိုးစိတ်တစ်မျိုးလည်း ဖြစ်ပါသည်။ 

 

✨️မှတ်ချက်။ ရေမြင်းများသည် အမှန်တစ်ကယ်ရေမကူးတတ်ပါဘူး ရေအောက်မှာ လမ်း လျှောက်သွားတဲ့အခါ ရေကူးသလိုပါ။ ရေထဲမှာ အိပ်နိုင်သလို ရေထဲမှာလည်း ကလေးမွေးကြပါတယ်။✨️🤗🤗

 

👉👉ဒီလို စိတ်၀င်စားစရာကောင်းတဲ့ ထူးခြားဆန်းပြားသော တိရစ္ဆာန်မျိုးစိတ်ပေါင်းများစွာကို သားသားမီးမီးတို့ လေ့လာနိုင်အောင် တိရစ္ဆာန်ဥယျာဥ်(ရတနာပုံ)မှာ မွေးမြူပြသထားတာကြောင့် လာရောက်လည်ပတ်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်🤗🤗

 

#YadanarbonZoo

#WorldHippopotamusDay

#Education

Copyright 2018. All rights reserved.