🎊🎊 အပြည်ပြည်ဆိုင်ရာမြင်းကျားနေ့ 🎊🎊 – Yadanarbon Zoo

🎊🎊 အပြည်ပြည်ဆိုင်ရာမြင်းကျားနေ့ International Zebra Day January 31, 2025🎊🎊

 

👉👉၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(၃၁) ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ မြင်းကျားနေ့ဖြစ်ပါတယ်.. အပြည် ပြည်ဆိုင်ရာမြင်းကျားများနေ့မှာ မြင်းကျားလေးတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို မျှဝေ လိုက်ပါတယ်…🤗🤗

 

ကမ္ဘာပေါ်မှာ မြင်းကျား(၃) မျိုးရှိပါတယ်….

🦓ဂရီဗီမြင်းကျား(Grevy Zebra)၊ 

🦓ပလိန်းမြင်းကျား (Plains Zebra) နှင့် 

🦓တောင်ပေါ်မြင်းကျား (Mountain Zebra) ဆိုပြီး

မြင်းကျား(၃) မျိုးရှင်သန်နေထိုင်ပါတယ်။ 

 

👉👉မြင်းကျားတွေဟာအာဖရိကတိုက်မှာရှိတဲ့ နိုင်ငံများမှာ နေထိုင်ပါတယ်…🤗🤗

 

👉👉ထူးခြားချက်အနေနဲ့ကတော့ မြင်းကျားတွေရဲ့ အစင်းကြောင်းတွေဟာ လူတွေမှာရှိတဲ့ လက်ဗွေ တစ်ယောက်နှင့် တစ်ယောက်မတူသလို သူတို့ရဲ့ အစင်းကျားတွေကလည်း….တစ်ကောင်နှင့် တစ်ကောင်မတူကြပါဘူး🤗🤗

 

👉👉သူတို့ခန္ဓာကိုယ်မှာရှိတဲ့ အစင်းကြောင်းတွေက ရန်သူအလွယ် တကူမမြင်နိုင်အောင် ဖုံးကွယ် အကူအညီပေးပါတယ်🤗🤗

 

👉👉မြင်းကျားတွေဟာ တစ်နာရီကို (၆၅) ကီလိုမီတာနှုန်းနဲ့ပြေးနိုင်ကြပါတယ်🤗🤗

 

👉👉ဂရီဗီမြင်းကျား (Grevy Zebra)များဟာ ဆယ်စုနှစ်(၃) စုအတွင်း အကောင်ရေ (၅၄) ရာခိုင်နှုန်းခန့်ကျဆင်းသွားသည့်အတွက် နိုင်ငံတကာပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (IUCN) တွင် Endangered (EN) မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်အဖြစ် သတ်မှတ်ကာကွယ်ထားပါသည်။

 

တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)မှာတော့ ရိုးရိုးမြင်းကျား(Common Zebra or Plains Zebra) ကိုထိန်းသိမ်းမွေးမြူပြသထားရှိပါတယ်။🤗🤗

 

 မြင်းကျားလေးတွေရဲ့ သဘာဝနဲ့ အလေ့အထကို ကြည့်ရူလေ့လာလိုပါက တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ) ကို လာရောက်ဖို့ ဖိတ်ခေါ်အပ်ပါတယ်။🤗🤗

 

#YadanarbonZoo

#InternationalZebraDay

#Education

Copyright 2018. All rights reserved.