✨️ကမ္ဘာ့ဝက်ဝံများနေ့ (World Bear Day - 23rd March 2025)✨️
👉ကမ္ဘာပေါ်တွင် ဝက်ဝံမျိုးစိတ်
(၈)မျိုး ရှင်သန်ကျက်စားနေထိုင်ကြပါသည်။
👉ထိုမျိုးစိတ် (၈)မျိုး ထဲမှ (၂)မျိုးသည် မြန်မာနိုင်ငံတွင် ရှင်သန်နေထိုင်ကျက်စားနေထိုင်သည်ကို တွေ့ရှိရပါသည်။
👉 ဝက်ဝံ မျိုးစိတ် ( ၈ ) မျိုးမှာ North American Black Bear, Brown Bear,
Polar Bear, Asiatic Black Bear, Andean Bear, Panda Bear, Sloth Bear နှင့်Sun Bear တို့ ဖြစ်ကြပြီး မြန်မာနိုင်ငံတွင် ဟိမဝန္တာဝက်ဝံ (Asiatic Black Bear)နှင့် ခွေးဝံ (ခေါ်) ပသျှူးဝက်ဝံ (Sun Bear)ဟူ၍ မျိုးစိတ် (၂)မျိုး ရှင်သန်ကျက်စား နေထိုင်ကြပါသည်။
👉ကမ္ဘာ့ဝက်ဝံများနေ့ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ရာသီဥတု ဖောက်ပြန်ခြင်း၏ ဆိုးကျိုးများ အကြောင်း အသိပညာပေးခြင်းဖြင့် ဝက်ဝံများကို ကာကွယ်ရန် လူတစ်ဦးချင်းနှင့် အဖွဲ့အစည်းများအား လှုံ့ဆော်ပေးရန်ဖြစ်သည်။
👉၁၉၉၂ခုနှစ်မှ စတင်၍ကမ္ဘာ့ဝက်ဝံများနေ့ကို ကျင်းပခဲ့ရာ ယခုဆိုလျှင် နှစ်ပေါင်း (၃၂) နှစ်တိုင်ခဲ့ပြီ ဖြစ်ပါသည်။
👉သတ္တဝါများ လုံလောက်သည့် နေရာပမာဏ ယင်းတို့ကျက်စားရာ သစ်တောမြေယာ များတွင် နှစ်ရှည်သီးနှံ စိုက်ခင်းများ ထူထောင်ခြင်း၊ လူတို့အခြေချ အိမ်ယာများ တိုးချဲ့ တည်ဆောက်ခြင်းနှင့် သဘာဝ သယံဇာတများတူးဖော်ခြင်း အစရှိသည်တို့က ဝက်ဝံမျိုးစိတ်များ၏ ရှင်သန်နေထိုင်ရာ နေရင်းဒေသများ လျော့နည်းပပျောက်လာခြင်း တို့ကြောင့်လည်း အကောင်အရေ အတွက် ကျဆင်းလာကြပါသည်။
👉ယခုဆိုလျှင် ဝက်ဝံမျိုးစိတ် (၈) မျိုးရှိသည့် အနက် (၆)မျိုးမှာ မျိုးသုဉ်းရန် အန္တရာယ်ကျရောက်နိုင်သော မျိုးစိတ်အဖြစ် သတ်မှတ်ခြင်းကို ခံထားရပြီး ကျန်သည့် (၂) မျိုးမှာ မျိုးသုဉ်းရန် အန္တရာယ်ကျရောက်မှုနည်းပါးသည့် မျိုးစိတ်အဖြစ် သတ်မှတ်ခြင်းကို ခံထားရပါ သည်။
👉ဝက်ဝံများသည် ယင်းတို့နေထိုင်ရာ သဘာဝတောများတွင် ဂေဟစနစ်များ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အခြားသောမျိုးစိတ်များ၏ အရေအတွက်ကိုလည်း ထိန်းညှိပေးနိုင်သည့် အပြင် သဘာဝပတ်ဝန်းကျင် ကိုလည်း ပြောင်းလဲနိုင်စွမ်းရှိသည့် မျိုးစိတ်များဖြစ်သည့်အတွက် မျိုးသုဉ်း ပျောက်ကွယ်မသွားစေရန် ဝိုင်းဝန်းကာကွယ် ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားရန် လိုအပ်ပါ ကြောင်း ကမ္ဘာဝက်ဝံများနေ့တွင် အသိပေးတိုက်တွန်းနှိုးဆော်ရင်း ဝက်ဝံများအပြင် တခြားသောမျိုးသုဥ်းလုနီးပါးရှိသည့် တောရိုင်းတိရစ္ဆာန်များကို တိရစ္ဆာန်ဥယျာဥ် (ရတနာပုံ) တွင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ထားတာဖြစ်လို့ လာရောက်လေ့လာကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 🤗🤗🤗
#YadanarbonZoo
#WorldBearDay
Copyright 2018. All rights reserved.