✨️ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ ✨️ – Yadanarbon Zoo

✨️ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ World Wildlife Day (March 3rd)✨️

 

👉ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ (World Wildlife Day) ကို ၂၀၁၃ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်တွင် ကျင်းပြုလုပ်သည့် (၆၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ(UNGA) မှ နိုင်ငံတကာမှ မျိုးဆက်ပျက် သုဉ်းလုဆဲ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ နိုင်ငံတကာကုန်သွယ်မှုဆိုင် ရာ (ကွန်ဗင်းရှင်း) သဘောတူ စာချုပ်(Convention on International Trade on Endangered Species of Wild Fauna and Flora-CITES) ကို လက်မှတ်ရေးထိုးခဲ့သည့် ၁၉၇၃ ခုနှစ် မတ်လ (၃) ရက်နေ့ကို ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ (World Wildlife Day) အဖြစ်သတ်မှတ်ကြေငြာ ရန် သဘောတူဆုံးဖြတ်ခဲ့ကြပါသည်။ 

 

👉ထိုအပြင် CITES အထွေထွေ အတွင်းရေးမှူးရုံးအား ကမ္ဘာ့ နေ့ထူးနေ့မြတ်များကို ကုလသမဂ္ဂပြက္ခဒိန်တွင် ကျင်းပနိုင်ရေးအတွက်ပံ့ပိုးပေးသော အဖွဲ့အစည်း အဖြစ်လည်း ဂုဏ်ပြုသတ်မှတ်ခဲ့ပါသည်။

 

👉၂၀၂၅ ခုနှစ် ကမ္ဘာ့တောရိုင်းတိရစ္ဆာန်နေ့ ဆောင်ပုဒ်သည် "Wildlife Conservation Finance: Investing in People and Planet.” “ထိန်းသိမ်းရေးလုပ်ငန်းများအတွက်  ပြည်သူလူထုနှင့် ကမ္ဘာ ဂြိုလ်အတွက် ငွေကြေးရင်းနှီးမြှုပ်နှံပါ” ဟူ၍ဖြစ်ပါသည်။ 

 

👉ကုလသမဂ္ဂသည် နှစ်စဉ် ဤနေ့အတွက် မတူညီ သောဆောင်ပုဒ်တစ်ခုကို ကြေညာလေ့ရှိပါသည်။ 

 

👉ယခုနှစ် ကမ္ဘာ့တောရိုင်းတိရစ္ဆာန်နေ့ ဆောင်ပုဒ်၏ ရည်ရွယ်ချက်မှာ✨️ကမ္ဘာနိုင်ငံများအနေဖြင့် ထိန်းသိမ်းရေးလုပ်ငန်းများကို ငွေကြေး ပိုမိုစိုက်ထုတ် ရင်းနှီးမြှုပ်နှံဆောင်ရွက်ကြရန် ✨️တိုက်တွန်းနှိုးဆော်ထားသည့် ဆောင်ပုဒ်ဖြစ်ပါ သည်။

 

👉မျိုးသုဉ်းပျောက်ကွယ်ခြင်းသည် သဘာဝတရား၏ ဖြစ်ရိုးဖြစ်စဉ်ဖြစ်သော်လည်း လူသား တို့၏ ပယောဂကြောင့် တောရိုင်းတိရစ္ဆာန်မျိုးစိတ်များ အဆပေါင်း (၁၀၀၀၀) တစ်သောင်း ဝန်းကျင်ခန့် ဆုံးရှုံမှုကို ဖြစ်ပေါ်စေကြောင်း သိပ္ပံပညာရှင်များက ခန့်မှန်းကြသည့်အတွက် ကမ္ဘာပေါ်တွင် နေ့စဉ်နှင့်အမျှ မျိုးစိတ်ပေါင်းများစွာ မျိုးသုဉ်းပျောက်ကွယ်လျက်ရှိနေပါသည်။

 

👉လာမည့်ဆယ်စုနှစ်များအတွင်း မျိုးစိတ်အားလုံး၏ လေးပုံတစ်ပုံခန့်နီပါးခန့် မျိုးသုဉ်းရန် အန္တရာယ်ကျရောက်နေပြီး မျိုးသုဉ်းပျောက်ကွယ်သွားမည်ဆိုပါက ကျွန်ုပ်တို့လူသားများ၏ အသက်ရှင်ရပ်တည်နေထိုင်ရေးကို  များစွာခြိမ်းခြောက် အန္တရာယ်ပြုလျက်ရှိနေသည့်အတွက် တောရိုင်းတိရစ္ဆာန်များအား ရောင်းဝယ်ဖောက်ကားခြင်း၊ စားသုံးခြင်း၊ လူ့အသုံးအဆောင်ပစ္စည်း များသုံးစွဲခြင်းတို့ကိုရပ်တံ့ပြီး လူသားတို့အနေဖြင့် ထိန်းသိမ်းရေးအသိ၊ သတိနှင့် ဝိုင်းဝန်းထိန်း သိမ်းရန် တာဝန်ရှိပါကြောင်း ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ က ကမ္ဘာကိုမီးမောင်းထိုးပြနေခြင်း ဖြစ်ပါသည်။

 

#YadanarbonZoo

#WorldWildifeDay

#Education

Copyright 2018. All rights reserved.