BUY TICKETS
English
မြန်မာ
Home
Attractions
Our Animals
Experiences
Events
Programs
About
News
အပြည်ပြည်ဆိုင်ရာမျောက်လွှဲကျော်များထိန်းသိမ်းရေးနေ့
အပြည်ပြည်ဆိုင်ရာမျောက်လွှဲကျော်များထိန်းသိမ်းရေးနေ့ (International Gibbon Day)
တောတွင်းသီချင်းဆိုသူများ (Forest Singer) ဖြစ်ကြသော မျောက်လွှဲကျော်တို့နှင့် ပတ်သက်သည့် အကြောင်းအရာများအား ပညာပေးဆောင်ရွက်ရန်အတွက် အောက်တိုဘာလ (၂၄) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာမျောက်လွှဲကျော်များထိန်းသိမ်းရေးနေ့အဖြစ် နှစ်စဉ် ကျင်းပလေ့ရှိပါတယ်။
ကမ္ဘာပေါ်တွင် Apes အုပ်စုဝင်များဖြစ်သည့် မျောက်လွှဲကျော် မျိုးစိတ်ပေါင်း (၂၀) ရှိပြီး ၎င်းတို့သည် နေရင်းဒေသများ ဆုံးရှုံးခြင်းကြောင့် မျိုးသုဉ်းရန် အန္တရာယ်ရှိသော အခြေအနေမျိုးနှင့် ရင်ဆိုင်နေရပါတယ်။ မျောက်လွှဲကျော်များသည် Seed Disperser (သစ်စေ့ဖြန့်သူ) လည်းဖြစ်ပြီး အပင်မျိုးစိတ်များဖြန့်ပွားခြင်းအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်၍ အမြဲစိမ်း သစ်တောများထိန်းသိမ်းခြင်းနှင့် ပြုစုပေးသော ဥယျာဉ်မှူးများဟုလည်း တင်စားခေါ်ဆိုနိုင်ပါတယ်။
မြန်မာနိုင်ငံတွင် မျောက်လွှဲကျော် မျိုးစိတ် (၄) မျိုးအား တွေ့ရှိရပါသည်။ အနောက်ပိုင်းမျက်ခုံးဖြူမျောက်လွှဲကျော်၊ အရှေ့ပိုင်းမျက်ခုံးဖြူမျောက်လွှဲကျော်၊ Skywalker မျောက်လွှဲကျော်၊ မျောက်လွှဲကျော်လက်ဖြူတို့ဖြစ်ပါတယ်။ ၎င်းနေထိုင်ရာ သစ်တောများလျော့နည်းလာခြင်း (habitat loss) နှင့် သစ်တောများအစိတ်စိတ်ကွဲပြားလာခြင်း (habitat fragmentation) တို့သည် ၎င်းတို့ အဓိက ကြုံတွေ့နေရသည့် ပြဿနာများဖြစ်ပါတယ်။ မျောက်လွှဲကျော်များ ထိန်းသိမ်းခြင်းသည် သဘာဝသစ်တောများနှင့် ဂေဟစနစ်အား ထိန်းသိမ်းခြင်းလည်းဖြစ်သဖြင့် မျောက်လွှဲကျော်များအား ထိန်းသိမ်းကာကွယ်ပေးရန် လိုအပ်ပါတယ်။
မျောက်လွှဲကျော်များကဲ့သို့ မျိုးသုဉ်းရန် အန္တရာယ်ကြုံတွေ့နေရသော ရှားပါးမျိုးစိတ်တိရစ္ဆာန်များသာမက ဆန်းပြားလှပတဲ့ ငှက်မျိုးစိတ်များကိုပါ ထိန်းသိမ်းပြသထားတာမို့ တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) သို့ လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
Copyright 2018. All rights reserved.