သင်သိပါသလား…………………………………????🤔
ရေမြင်းတွေဟာ ရေထဲတွင်ရေမကူးပဲ လမ်းလျှောက်ကြတယ်ဆိုတာ🤭
- 🦛ရေမြင်းတွေဟာ ရေထဲတွင် ခန္ဓာကိုယ်တစ်ခုလုံးကို နှစ်မြုပ်ထားပင်မဲ့ သူတို့ရဲ့ မျက်လုံး၊ နားနှင့် နှာခေါင်းတွေကို ရေပေါ်တွင်ဖော်ထားနိုင်သောကြောင့် ပတ်ဝန်းကျင်ကို ကောင်းမွန်စွာ မြင်နိုင်ကြားနိုင်တဲ့အပြင် အသက်ရှူခြင်းကိုလည်း ပြုလုပ်နိုင်ကြပြီး နှာခေါင်းပေါက်များကို ရေအောက်တွင် ရေစိမ်ရန်နှင့် ရေငုပ်သည့်အခါ ပိတ်ထားနိုင်ကြပါတယ်။ 🦛
-🦛ရေမြင်းတွေဟာ တစ်ခါရေငုပ်လျှင် ( ၅ ) မိနစ်ခန့်⏱️ ရေငုပ်နိုင်ပြီး ရေထဲတွင် ရေကူးသည်ဟုသိရှိထားသော်လည်း အမှန်မှာ သူတို့၏ ကြီးမားထူထဲတဲ့ ခန္ဓာကိုယ်ကြောင့် ရေထဲတွင် ပေါလောပေါ်ရန်ပင် ခက်ခဲလှပါတယ်။ ထို့ကြောင့် ရေမြင်းများသည် ရေထဲတွင် ရေမကူးကြပဲ ရေအောက်ကြမ်းပြင်ကို ခြေထောက်နဲ့တွန်းကန်ခြင်းဖြင့် ရေပေါ်တွင်လမ်းလျှောက်နိုင်ကြပါတယ်။🦛
ဒါကြောင့် ခုလိုဗဟုသုတရစေမဲ့ အကြောင်းအရာတွေကိုကိုယ်တိုင်ခံစားကြည့်ရှုနိုင်ဖို့ ရတနာပုံတိိရစ္ဆာန်ဥယျာဉ်ကို ခုပဲလှမ်းလာခဲ့ကြတော့နော်....🐒🦍🦝🦊🐯🦁🦓🦌
Copyright 2018. All rights reserved.