“မြန်မာ့ရွှေသမင် (Myanmar Thamin (or) Eld’s Deer” – Yadanarbon Zoo

"မြန်မာ့ရွှေသမင် (Myanmar Thamin (or) Eld's Deer"

 

မြန်မာနာမည် - ရွှေသမင်🦌🦌

အင်္ဂလိပ်နာမည် - Myanmar Thamin (or) Eld's Deer

သိပ္ပံနာမည် - Rucervus eldii thamin

 

👉👉မြန်မာ့ရွှေသမင်များသည် ခွာစုံနို့တိုက်သတ္တဝါများဖြစ်ကြပြီး မြန်မာနိုင်ငံအလယ်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ရွှေစက်တော်တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောဥယျာဉ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ချပ်သင်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောတို့တွင် တွေ့ရှိရပါ သည်။

👉👉ခန္ဓာကိုယ်တွင် နီညိုရောင်အမွေးအမျှင်များဖြင့် ဖုံးအုပ်ထားပြီး အထီးများမှာ အလွန် လှပသည့် လေးကိုင်းပုံသဏ္ဍန်ရှိ ဦးချို(ဂျို) များကို ပိုင်ဆိုင်ထားကြပါသည်။ သမင်အထီးများ သည် တစ်နှစ်လျှင်တစ်ကြိမ် 🗓️🗓️ဇွန်၊ ဇူလိုင်လများ အတွင်းတွင် ဦးချို(ဂျို) ချ (လဲ) တတ်ပါသည်။ အမများတွင် ဦးချို(ဂျို) မပါရှိပါ။ သမင်များသည် ဆောင်းအကုန် နွေဦးကာလများအတွင်း ရက် သတ္တ(၁−၂) ပတ်ခန့် ခန္ဓာကိုယ်ဘေးဘက်၊ ဝမ်းဗိုက်နှင့် လည်ပင်းများပေါ်ရှိ အမွေးများကျွတ်၍ လဲတတ်ပါသည်။  

👉👉သမင်အထီးများ၏ဦးချို(ဂျို)သည် မိတ်လိုက်ချိန်တွင် အလှဆုံးနှင့် အသန်မာဆုံးအချိန် ဖြစ်ပါသည်။ မိတ်လိုက်ချိန်မှာ မတ်လနှင့် ဧပြီလများ တွင်မိတ်လိုက်တတ်ပြီး၊ သားပေါက်ချိန်မှာ အောက်တိုဘာလနှင့် ဖေဖော်ဝါရီလများအတွင်း သားပေါက်ကြပါသည်။   

🦌🦌ရွှေသမင်များသည် များသောအားဖြင့် 🥕🥬🥜မျက်နှင့် သစ်မာမျိုးစိတ်အသီးများ၊ မြေတွင် ကပ် ပေါက်သောအပင်များ၊ ပန်းပွင့်များ၊ အရွက်နုများ၊ တောမီးလောင်ကျွမ်းပြီး ပြန်လည်ထွက်ရှိလာ သော မျက်နုကလေးများကို စားသုံးကြပါသည်။

မွေးမြူထိန်းသိမ်းထားသည့်နေရာများတွင် အမြင့်ဆုံး (၁၆−၂၀) နှစ်အထိ နေထိုင်နိုင်ပါ သည်။ သဘာဝတွင် မှတ်တမ်းတင်ထားခြင်းမရှိသေးပါ။

🦌🦌မြန်မာ့ရွှေသမင်များကို လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်မျိုးစိတ်စာရင်းတွင် ထည့်သွင်းထိန်းသိမ်းကာကွယ်စောင့်ရှောက်ထားပါသည်။ 

 

👉👉တိရစ္ဆာန်ဥယျာဉ် ( ရတနာပုံ)တွင်  နို့တိုက်သတ္တ၀ါ၊ တွားသွား သတ္တ၀ါ၊ ရေနေ သတ္တ၀ါ များနှင့် ကျေးငှက် မျိုးစိတ်ပေါင်းများစွာကို ထိန်းသိမ်းစောင့်ရှောက်ထားပြီး မျိုးသုန်းလုနီးပါး ရှားပါး တိရစ္ဆာန်မျိုးစိတ်များ ကိုပါ စနစ်တကျ ထိန်းသိန်းမွေးမြူပြသထားပါသည်။ ဒါကြောင့် ရုံးပိတ်ရက်နှင့် အားလပ်ရက်တွေမှာ ဗဟုသုတရချင်လို့ပဲ  ဖြစ်ဖြစ်၊ မိသားစု သူငယ်ချင်းများနှင့်  အပန်းဖြေချင်လို့ပဲ ဖြစ်ဖြစ် လာရောက်လည်ပတ်ဖို့ တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ)မှ လှိုက်လှဲပျူငှာစွာ ဖိတ်ခေါ်လိုက်ပါတယ်ရှင်😂😂😂

Copyright 2018. All rights reserved.