မျောက်လွှဲကျော်များအကြောင်း သိကောင်းစရာ (၁၀) ချက် (10 Facts About Gibbon)
(၁) မျောက်လွှဲကျော်များသည် ရေသောက်ချိန်၌သာ အောက်သို့ဆင်း၍ အချိန်အများစုကို သစ်ပင်ပေါ်၌သာ ကုန်ဆုံးလေ့ရှိကြပါတယ်။
(၂) မျောက်လွှဲကျော်များသည် ရေမကူးနိုင်ကြပါ။
(၃) မျောက်လွှဲကျော်များသည် အသီးအရွက်များကို အဓိကထား စားသုံးကြသော်လည်း၊ အင်းဆက်ပိုးမွှားများကိုလည်း စားသုံးတတ်ကြပါတယ်။
(၄) မျောက်လွှဲကျော်တို့သည် တစ်ကောင်နှင့် တစ်ကောင်ကို အသံဖြင့် ဆက်သွယ်လေ့ရှိကြပါသည်။
(၅) မျောက်လွှဲကျော်များသည် အမြှီးမပါရှိသည့် မျောက်မျိုးစိတ်များဖြစ်ကြပါသည်။
(၆) မျက်ခုံးဖြူမျောက်လွှဲကျော်များသည် တစ်လင်တစ်မယားစနစ်ကိုသာ ကျင့်သုံးကြပါသည်။
(၇) မျက်ခုံးဖြူ မျောက်လွှဲကျော်များသည် သစ်ပင်တပင်မှ တစ်ပင်သို့၊ သစ်ကိုင်းတစ်ကိုင်းမှ တစ်ကိုင်းသို့ ၎င်းတို့၏ လက်တံရှည်များကိုအသုံးပြုပြီးလွှဲ၍လွှဲ၍ ခုန်သွားလေ့ရှိပါသည်။
(၈) မျက်ခုံးဖြူမျောက်လွှဲကျော် အထီး၏ အမွေးအမှင်သည် အနက်ရောင်ရှိကြပြီး အမ၏ အမွေးအမှင်သည် အဖြူတွင် အဝါရောင်သန်းလျက်ရှိပါသည်။
(၉) မျောက်လွှဲကျော်လက်ဖြူများသည် ကမ္ဘာဟောင်းမျောက်မျိုးစိတ်များ ဖြစ်ကြပါသည်။
(၁၀) မျောက်လွှဲကျော်လက်ဖြူများသည် အရှေ့တောင်အာရှ နိုင်ငံများဖြစ်သော ထိုင်း၊ မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံနှင့် လာအိုနိုင်ငံတို့တွင် ရှင်သန်ကျက်စားနေထိုင်ကြသည်ကို တွေ့ရှိရပါသည်။
မျောက်လွှဲကျော်များရဲ့ သိကောင်းစရာ အချက်များကို ဗဟုသုတရအောင် မျှဝေပေးလိုက်ပါတယ်နော်။🤗
တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) အတွင်းရှိ မျောက်လွှဲကျော်များရဲ့နေထိုင်ပြုမူပုံများကို လာရောက်လေ့လာရုံမကပဲ အခြားရှားပါးထူးဆန်းတိရစ္ဆာန်များကိုပါ ကြည့်ရှုလေ့လာရင်း ဗဟုသုတလည်းရ၊ စိတ်အပန်းဖြေလည်ပါတ်နိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။
Copyright 2018. All rights reserved.