ဖျံမွေးချော / ဖျံဘဲလက်(Smooth Coated Otter)
မြန်မာအမည်-ဖျံမွေးချော / ဖျံဘဲလက်
အင်္ဂလိပ်အမည်-Smooth Coated Otter
သိပ္ပံအမည်-Lutrogale perspicillata
🌎 ကမ္ဘာကြီးဟာ 🌳 သစ်တောများ ၊ ⛰️ တောင်တန်းများ ၊ 🏞️ မြေပြန့်လွင်ပြင် ၊ 🏜️ကန္တာရ နှင့် ကမ်းရိုးတန်းဒေသ တို့အပြင် ကျယ်ပြောလှသော ပင်လယ်သမုဒ္ဒရာတို့နှင့်အတူ 🌻 လှပစွာဖွဲ့စည်းထားပြီး လူသားများအပြင် အခြားသောသက်ရှိ ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်ပေါက်ဖွားကျက်စားနေထိုင်ရာနေရာလည်း ဖြစ်ပါတယ်၊
🦦 သဘာဝဂေဟစနစ်ကြီးတွင် အလွန်အရေးကြီးသော အခန်းကဏ္ဍမှပါဝင်နေသည့် မျိုးစိတ်တစ်မျိုးမှာ ဖျံမျိုးစိတ်များ ဖြစ်ကြပါတယ်၊
🦦 ဖျံမျိုးစိတ်များဟာ ရေအရည်အသွေးနှင့် အခြားသောဇီဝမျိုးစုံမျိုးကွဲတို့ ပေါများခြင်း/ ရှားပါးခြင်း တို့၏ အမှတ်သင်္ကေတ လက္ခဏာကိုပြသပေးသည့်အတွက် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး လုပ်ငန်းများလုပ်ဆောင်သည့်အခါ အညွှန်းကိန်းပြ သင်္ကေတမျိုးစိတ် (Indicator species) အဖြစ် သတ်မှတ်ကြပါတယ်။
🦦 ဖျံများဟာ သွက်လက်သော ပင်ကိုယ်သဘာဝနှင့်အသိဉာဏ်မြင့်မားသော မျိုးစိတ်တစ်မျိုး ဖြစ်ပြီး မြစ်ချောင်းများတွင် နေထိုင်သော မြစ်ဖျံ (River Otter) နှင့် ပင်လယ်ထဲတွင် နေထိုင်သော ပင်လယ်ဖျံ (Sea Otter) ဟူ၍ (၂)မျိုးရှိပါတယ်၊
🦦 ဖျံများဟာ ၎င်းတို့၏ သွယ်လျရှည်လျားသော ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံကြောင့် ရေထဲတွင် လျင်မြန်စွာ သားကောင်ရှာဖွေနိုင်ကြပါတယ်၊
🦦 ဖျံများဟာ ရေထဲတွင် အမဲလိုက်ရာ၌ မျိုးစိတ်အပေါ်မူတည်၍ ၄င်းတို့၏ နှာခေါင်းနှင့် နားတို့ကို ပိတ်ထားနိုင်ပြီး ရေအောက်တွင် ၅မိနစ်မှ ၈မိနစ်ထိ အသက်မရှုဘဲ နေထိုင်နိုင်ပါတယ်၊
🦦 ဖျံမျိုးစိတ် (၁၃) မျိုးထဲမှ ( ၄ ) မျိုးတို့ဟာ Endangered (မျိုးသုဉ်းရန် အန္တရာယ်ရှိသော မျိုးစိတ်) အဖြစ်သတ်မှတ်ခြင်းခံရပြီးဖြစ်ပါတယ်၊
🦦 လူသားများနေထိုင်ရာ ကမ္ဘာကြီး၏ ဂေဟစနစ်ကို ထိန်းသိမ်းရာတွင် အရေးပါသော ဖျံမျိုးစိတ်များအား အချိန်မီ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် အထူးလိုအပ်လျက်ရှိပါတယ်၊
🦦 လူသားများအနေဖြင့် ထိရောက်စွာ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်မည်ဆိုပါက မျိုးသုဉ်းပျောက်ကွယ်မည့်အန္တရာယ်နဲ့ ရင်ဆိုင်နေရသော မျိုးစိတ်များ၏ အရေအတွက်ကို လျှော့ချနိုင်မည်ဖြစ်ပြီး မျိုးသုဉ်းမည့်အန္တရာယ်မှ ကင်းဝေးနိုင်မှာလည်းဖြစ်ပါတယ်၊
တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ)မှာ
နို့တိုက်သတ္တဝါ၊ တွားသွားသတ္တဝါ၊ ရေနေသတ္တဝါများနှင့် ကျေးငှက်မျိုးစိတ်များကို ထိန်းသိမ်းစောင့်ရှောက်လျက်ရှိတာမို့ မိသားစု၊ သူငယ်ချင်းများနဲ့အတူတူ အပန်းဖြေလည်ပတ်ဖို့ လှိုက်လှဲစွာဖိတ်ခေါ်လိုက်ပါတယ်။ 🤗🤗🤗
Copyright 2018. All rights reserved.