“ချစ်သူများနေ့ (Valentine's Day)”
မျက်စိနဲ့လည်းမမြင်နိုင်၊ ထိတွေ့ကြည့်လို့လည်းမရနိုင်သလို ထုထည်ကြီးမားပြီး တိုင်းတာ၍မရနိုင်သည်မှာလည်း ချစ်ခြင်းမေတ္တာတရားပင်ဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာတရားကို အနက်အဓိပ္ပာယ်အမျိုးမျိုးဖွင့်ကြသော်လည်း ချစ်ခြင်းမေတ္တာကို ဖွင့်ဟပြသနိုင်သောနေ့သည် ချစ်သူများနေ့ (Valentine's day) တစ်ရက်သာရှိပါတယ်။ 💕💕
ချစ်ခင်မြတ်နိုးရသူ အချင်းချင်း အပြန်အလှန် လက်ဆောင်အဖြစ် အရုပ်များ၊ ချောကလက်များကို သာမက ရှေးအစဉ်အလာအားဖြင့် ပန်းစည်းများနှင့်သကြားလုံးများကိုလည်း ပေးလေ့ရှိကြပါတယ်။မည်သည့်လက်ဆောင်ပဲဖြစ်ဖြစ် ချစ်ရသူ အမြတ်တနိုး တန်ဖိုးထား၍ ပေးသောစိတ်ရင်းကသာ အဓိကဖြစ်ပါတယ်။💝💝
ချစ်သူနှစ်ဦးအကြား အပြန်အလှန်နားလည်မှု၊ တန်ဖိုးထားလေးစားမှုနဲ့ ကတိကဝတ်တို့ကို အမှတ်ရစေနိုင်သော နေ့ထူးလည်းဖြစ်ပါတယ်။ ချစ်သူများနေ့ (Valentine Day) ဟာ အနောက်တိုင်း ရှေးယဉ်ကျေးမှု အစဉ်အလာနေ့ ဖြစ်ပြီး ယခုအခါ တစ်ကမ္ဘာလုံးမှ အသိအမှတ်ပြုသောနေ့တစ်ခု ဖြစ်ပါတယ်။ 💞💞
ချစ်သူများနေ့(Valentine's day) မှာ ချစ်ရသူလေးနဲ့ ယှဉ်တွဲ လျှောက်လှမ်းပြီး အနားယူအပန်းဖြေရင်း လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော် 🤗🤗
Copyright 2018. All rights reserved.