“ကမ္ဘာ့မြွေထိန်းသိမ်းရေးနေ့ (World Snake Day)” – Yadanarbon Zoo

"ကမ္ဘာ့မြွေထိန်းသိမ်းရေးနေ့ (World Snake Day)"

 

              နှစ်စဉ် ဇူလိုင်လ (၁၆) ရက်နေ့ကို ကမ္ဘာ့မြွေထိန်းသိမ်းရေးနေ့ (World Snake Day) အဖြစ် သတ်မှတ်ပြီး 🌏🌏ကမ္ဘာအနှံအပြားမှ တိရစ္ဆာန်ဥယျာဉ်များတွင် မြွေများနှင့်ပတ်သက်၍ လူထုအတွင်း ထိန်းသိမ်းစောင့်ရှောက်ရေးအသိအမြင်များ တိုးပွားလာစေရန် ရည်ရွယ်၍ ပညာပေးလှုပ်ရှားမှုများ ကျင်းပပြုလုပ်ကြပါသည်။

   👉👉မြွေများနှင့် ပတ်သက်၍ ဒဏ္ဍာရီများ၊ ရိုးရာပုံပြင်များတွင် လွဲမှားစွာဖော်ပြလေ့ရှိကြပြီး မြွေများ သည် Veranidae မျိုးရင်းဝင် 🐊🐊ဖွတ်အုပ်စုမှ ဆင်းသက်လာသည်ဟု ယုံကြည်ကြပါသည်။ Veranidae မျိုးရင်းဝင်ဖွတ်များသည် မြွေများနှင့်အနီးစပ်ဆုံး သက်ရှိဆွေမျိုးများ ဖြစ်ကြပြီး ဆင့်ကဲဖြစ်စဉ်များ အရ Veranidae မျိုးရင်းဝင်များသည် ခြေလက်များပျောက်ကွယ်သွားပြီး မြွေများအဖြစ်သို့ အသွင်ကူး ပြောင်းလာဟု သိရှိကြရပါသည်။ 🐍🐍

           🦎🐊တွားသွားသတ္တဝါ မြွေမျိုးစိတ်များသည် လွန်ခဲ့ သော နှစ်သန်းပေါင်းများစွာ ကတည်းက 🦖🦕ဒိုင်နိုဆော်များနှင့် အတူရှင်သန်ခဲ့ပြီး ဒိုင်နိုဆော်များ မျိုးသုဉ်းပျောက်ကွယ် သွားသော်လည်း ယနေ့ အထိတိုင် မြွေများသည် ကမ္ဘာပေါ်တွင် သက်ရှိထင်ရှား ရှင်ကျန်ရှိနေပါသည်။

        👉👉မြွေများသည် ခြေ၊ လက်၊ နား၊ မျက်ခွံမပါရှိပါ၊ ဆီးအိမ်မပါရှိသည့် တွားသွားသတ္တဝါမျိုးစိတ်ဖြစ်ပါသည်။  👬👭လူသားများ အနေဖြင့် မြွေများကိုတွေ့သည်နှင့် ၎င်းတို့အတွက် အန္တရာယ်ပေးနိုင်သည်ဟု တွေးထင်တက်ကြပါသည်။ သို့သော် မြွေမျိုးစိတ်ပေါင်း ၃၄၀၀ ကျော်ရှိသည့်အနက်မှ အဆိပ်ရှိသော မြွေမျိုးစိတ် (၃၀၀) ကျော်ရှိပြီး ထင်းတို့အထဲမှ မျိူစိတ်ထက်ဝက်ခန့်သာ ပြင်းထန်သောအဆိပ်ရှိပြီး အကိုက်ခံရပါက လူကိုသေစေနိုင်ပါသည်။ လူအများစုအနေဖြင့် မြွေများကို ကြောက်ရွံတက်ကြသော်လည်း တိရစ္ဆာန်ဥယျာဉ်များတွင်မူ မြွေများထိန်းသိမ်းထားရှိသောနေရာများသည် လူအများ စိတ်ဝင်စားဆုံး နေရာဖြစ်ပါသည်။  🐍🐍မြွေများသည် တစ်ကောင်တည်းနေထိုင်လေ့ရှိကြပြီး မိတ်လိုက်ချိန်မှသာ အုပ်စုလိုက်တွေ့ရှိ ရတက်ပါသည်။ ပင်လယ် မြွေများမှာမူ အုပ်စုလိုက် နေထိုင်လေ့ရှိပါသည်။ 

        👉👉မြွေများသည် ဂေဟစနစ်တွင်လည်း အရေးပါသော တွားသွားသတ္တဝါဖြစ်သည်။ မြွေများသည် 🦞🐌🐞🐜🐛သဘာဝပိုးမွှားထိန်းချုပ်မှုတာဝန်များကို ပရဟိတ လုပ်ဆောင်ပေးနေသော မျိုးစိတ်များ ဖြစ်ကြပါသည်။ မြွေများသည် နို့တိုက်သတ္တဝါငယ်များ၊ 🦜🦆🦢ငှက်များ နှင့် ကုန်းနေရေနေ သတ္တဝါငယ်များ ဖမ်းစားသောက်ခြင်းကြောင့် ဂေဟစနစ်အတွင်း သားကောင်များ၏ ကောင်ရေ တိုးပွားမှုကို  ထိန်းချုပ်ကာ သဘာဝဂေဟဗေဒချိန်ခွန်လျှာညီမျှစေရန် ထိန်းညှိပေးနေပြီး ဂေဟစနစ် အတွင်း ဟန်ချက်ညီအောင် ဆောင်ရွက်ပေးနေသော တာဝန်တစ်ရပ်ကို ထမ်းဆောင်နေသည့် မျိုးစိတ်များလည်းဖြစ်ကြပါသည်။ ယခုအခါ မြွေများသည် နေရင်းဒေသများ ဆုံးရှုံးလာခြင်း၊ ရာသီဥတုများပြောင်းလဲဖောက်ပြန် လာခြင်းနှင့် လူတို့၏အဆင်မခြင်း သတ်ဖြတ်ခြင်းတို့ကြောင့် မြွေကောင်ရေလျော့နည်းလာရခြင်း စသည့် အန္တရာယ်နှင့်ရင်ဆိုင်ကြုံတွေ့နေရသည့်အတွက် ဂေဟစနစ်တွင် လွန်စွာအရေးပါသော မြွေ များကို ကာကွယ်ပေးနိုင်ရန်ရည်ရွယ်၍ နှစ်စဉ် ဇူလိုင်လ (၁၆) ရက်နေ့တွင် ကျရောက်သော ကမ္ဘာမြွေ ထိန်းသိမ်းရေးနေ့တွင် ထိန်းသိမ်းရေးအသိအမြင်များ တိုးပွားလာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ မြွေချစ်သူများ အနေဖြင့်လည်း မြွေများအား စနစ်တကျ   မွေးမြူစောင့်ရှောက်ထားသော တိရစ္ဆာန်ဥယျာဉ်      (ရတနာပုံ) သို့ လာရောက်လည်ပတ်နိုင်စေရန် ဖိတ်ခေါ်လိုက်ပါရစေရှင် 😀😀😀 

Copyright 2018. All rights reserved.