တိချစ်သူတွေလာလာမေးနေကြတဲ့ Adoption Program လေးကို ရတနာပုံတိရစ္ဆာန်ဥယျာဉ်ကနေလည်း Adopt လုပ်လို့ရပြီးဆိုတဲ့အကြောင်း သတင်းကောင်းပါးပါရစေ။ ဒီအစီစဉ်လေးကတော့ မိမိတို့ချစ်ခင်မြတ်နိုးတဲ့ တိရစ္ဆာန်လေးတွေရဲ့ နေ့စဉ်အစာအာဟာရနှင့် လိုအပ်တဲ့ဆေးဝါး၊ ဖြည့်စွက်စာများကို ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်.Adoption လုပ်နိုင်မယ့်ကာလကတော့ ၁လ၊ ၃လ နှင့် ၆လ ဟူ၍သတ်မှတ်ထားပြီး မိမိအဆင်ပြေသော အချိန်ကာလအား ရွေးချယ်နိုင်ပါသည်။ ရတနာပုံတရစ္ဆာန်ဥယျာဉ်မှ တိချစ်သူလေးတို့၏ တိရစ္ဆာန်လေးများအား တစ်ဖက်တလမ်းမှ ကူညီစောက်ရှောက်ပေးမှုအား ကျေးဇူတင်သောအားဖြင့် အသိမှတ်ပြု Certificate ထုတ်ပေးခြင်း၊ ဥယျာဉ်သို့အခမဲ့ဝင်ရောက်နိုင်သော Coupon များပေးခြင်းနှင့် ကမ္ပည်းမှတ်တမ်းတင်ပေးခြင်းတို့အား ပြုလုပ်ပေးမည်ဖြစ်ပါသည်။အသေးစိတ်အား Chat box မှဖြစ်စေPhone 0977730111 နှင့် 09 255564324 တို့အားဆက်သွယ်မေးမြန်းနိုင်ပါသည်။
Copyright 2018. All rights reserved.