အစာအဟာရ အလှူတွင်ပါဝင်နိုင် – Yadanarbon Zoo
 

တိရစ္ဆာန်ချစ်သူတို့ရေ

Covid-19ကြောင့် Zoo ကြီးပိတ်ထားရတာလည်းကြာလှပေါ့ ဒီကချစ်စရာတိရစ္ဆာန်လေးတွေကလည်း လာရောက်လည်ပတ်သူတွေကိုမတွေ့ရလို့ အလွမ်းကြီးလွမ်းနေကြပါပြီး၊ လွမ်းတော့ပိုစားရ ပိုအိပ်ရနဲ့ ဝိတ်တွေတောင်တိုးလာလိုက်တာ တိချစ်သူတို့လည်း အလွမ်းပြေ ကုသိုလ်တွေလည်းအများကြီးရအောင် အစာအဟာရ အလှူလေးလာလုပ်ရင်းသတိရကြောင်းတွေ ပြောကြမယ်လေ

တစ်ခုတော့ရှိတာပေါ့ ကျန်းမာရေးဌာနကထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေလိုက်နာပြီးမှ လာရမယ်နော်၊ တနေ့တာ အာဟာရအလှူအတွက်ကုန်ကျစရိတ်တွေက

အရွက် ပဲစားပြီးလှချင်တိုင်းတွေလှနေတဲ့ ကိုကြီးဆင်တို့ မမရေမြင်းတို့အတွက်က ၂၀၀,၀၀၀ကျပ်၊

အသားတွေစားပြီးခန့်နေတဲ့ ကိုရွှေကျားတို့ ညီလေးငမိုးရိပ်မိချောင်းတို့ကတော့ ၄၀၀,၀၀၀ကျပ် ဥယျာဉ်ထဲကဘော်ဒါတွေအားလုံးအတွက်ဆို ၅၀၀,၀၀၀ကျပ်ပါ

အရမ်းစားတာပဲလို့ မပြောကြေးနော်၊ လာမယ်ဆို ဒီဖုန်းကိုအရင်ကြိုဆက်နော်

09977730111, 09255564324

Copyright 2018, Htoo Zoos and Gardens Business Unit. All rights reserved.