အာဖရိကခြင်္သေ့ – Yadanarbon Zoo

အာဖရိကခြင်္သေ့

အရွယ်ရောက်ချိန် ၄ နှစ်
ကိုယ်ဝန်ဆောင်ကာလ (၃ ) လခွဲ
မွေးဖွားနှုန်း ၃ကောင် မှ ၄ကောင်ထိ
သက်တမ်း ၂၀ နှစ်  မှ ၄၀ နှစ်ထိ
အာဖရိကခြင်္သေ့ (Panthera leo)

တွေ့ရှိရာဒေသ - အာဖရိကတိုက်တောင်ပိုင်းတွင် တွေ့ရသည်။ ဦးခေါင်းမှ ခန္ဓာကိုယ်အရှည် ၅ပေ - ၇ပေ ခန္ဓာကိုယ်အလေးချိန် ၃၀၀ပေါင် - ၅၀၀ပေါင် သွင်ပြင်လက္ခဏာ ခန္ဓာကိုယ်အရောင်မှာ အညိုရောင်အဆင်းရှိပြီး အထီးများတွင် လည်ဆံမွေးပါရှိကာ အမ များတွင် လုံးဝ မပါရှိပါ။

နေထိုင်မှုသဘာဝ - ကြောင်မျိုးနွယ်များတွင် ဒုတိယအကြီးဆုံးဖြစ်သည်။ ခြင်္သေ့များသည် ၁၅ကောင်ခန့် အုပ်စုလိုက် နေထိုင်ကျက်စားတတ်ပြီး အုပ်စုတစ်စုတွင် အမများနှင့် ကလေးငယ်များ ပါဝင်သည်။  တောဘုရင်ဟုဆိုသော်လည်း အမဲလိုက်ရာတွင် အမများက ဦးဆောင်လေ့ ရှိသည်။ မြက်ခင်းလွင်ပြင် ဒေသများတွင် နေထိုင်ကျက်စားလေ့ရှိပါသည်။

အစားအစာ - အသားစားသတ္တဝါဖြစ်ပြီး မြင်းကျား၊ သစ်ကုလားအုတ်၊ ကျွဲ၊ ဆင်၊ တောဝက်နှင့် တခါတရံ ကြံ့၊ ရေမြင်းနှင့် မိကျောင်းကဲ့သို့သော တိရစ္ဆာန်များကိုလည်း အမဲလိုက် ဖမ်းယူစား သောက်တတ်ပါသည်။ ထိန်းသိမ်းမှုအဆင့် သတ်မှတ်ချက် နေရင်းဒေသများဆုံးရှုံးမှု့ကြောင့်  အပြည်ပြည်ဆိုင်ရာ သဘာဝအရင်းအမြစ်များ ထိန်းသိမ်းရေးအဖွဲ့ IUCN Red List စာရင်းတွင် Vulnerable-VU  မျိုးသုဉ်းရန် အန္တရာယ်ကျရောက်လုနီးပါးမျိုးစိတ် အဆင့်သတ်မှတ်၍ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ထားပါသည်။

RELATED ANIMALS

Copyright 2018. All rights reserved.