ရွှေသမင် – Yadanarbon Zoo

ရွှေသမင်

ဦးခေါင်းမှ ခန္ဓာကိုယ် အရှည် ၅ပေ-၆ပေ
ခန္ဓာကိုယ် အလေးချိန် ၃၃ဝပေါင်
အရွယ်ရောက်ချိန် ၁နှစ်ခွဲ
ကိုယ်ဝန်ဆောင်ကာလ ၇လ-၈လ
မွေးဖွားနှုန်း ၁ကောင်
သက်တမ်း ၂၀ နှစ်
ရွှေသမင် (Rucervus eldii thamin)

သွင်ပြင်လက္ခဏာ - ရွေသမင်သည် ခွာစုံ နို့တိုက် သတ္တဝါ ဖြစ်သည်။ ခန္ဓာကိုယ်နှင့် ဦးချိုပုံသဏာန်ပေါ်မူတည်၍ ပုံသဏာန်အမျိုးမျိုး တွေ့ရသည်။ အထီးတွင် ဦးချိုပါရှိပြီး အမများတွင် မပါရှိပါ။ အထီးသည် နီညိုရောင်ဖြစ်ပြီး အမသည် အနက်ရောင်သန်းနေသည်။ အမြီးမှာ တုတ်သည်။

တွေ့ရှိရာဒေသ -  အရှေ့တောင်အာရှနိုင်ငံများတွင် တွေ့ရှိရသည်။ မြန်မာနိုင်ငံရှိ ချပ်သင်းဘေးမဲ့တောနှင့် ရွေစက်တော် ဘေးမဲ့တောတွင် သမင်ကောင်ရေ (၃ဝဝဝ)ခန့် ထိန်းသိမ်းစောင့်ရှောက်ထားသည်ကို တွေ့ရသည်။

နေထိုင်မှုသဘာဝ - ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၆၅ မှ ၁၃၁၂ အတွင်းရှိ  အင်တိုင်းတော၊ ရွက်ပြတ်တော နှင့် ဖုန်ဆိုးတောများအတွင်း နေထိုင်ကျက်စားကြသည်။ အထီးများသည် နွေရာသီတွင် ရွံ့လူးလေ့ရှိပြီး အမများထက် လှည့်လည်ကျက်စားမှု ဧရိယာ အလွန်ကျယ်သည်။ နွေရာသီတွင် အုပ်စုဖွဲ့နေလေ့ရှိသည်။ တစ်နှစ်တစ်ခါ ပုံမှန် ဦးချိုချလေ့ရှိပြီး ဦးချိုချလျှင် နှစ်ဖက်စုံချသည်။ သြဂုတ်လလယ်မှ စ၍ ဦးချိုချသည်။

အစားအစာ - မြက်၊ ဖန်ခါးသီး၊ ဇီးဖြူသီးနှင့် ပင်ပျော့များကို စားသောက်သည်။

ထိန်းသိမ်းမှုအဆင့်သတ်မှတ်ချက် - မျိုးပြုန်းမှုအန္တ္တရာယ်နှင့် အကြီးဆုံး ကြုံတွေ့နေရပြီး မြန်မာနိုင်ငံမှာ ရွေသမင် အကောင်ရေ ၃ဝဝဝခန့်သာ ကျန်ရှိနေတော့သည်ဟု ခန့်မှန်းရပါသည်။

RELATED ANIMALS

Copyright 2018. All rights reserved.