ဦးခေါင်းမှ ခန္ဓာကိုယ် အရှည် | အထီး ၅ပေ - ၆ ပေ၊ အမ ၅ ပေ |
ခန္ဓာကိုယ် အလေးချိန် | အထီး ၃၃၀၀ -၄၀၀၀ ပေါင်၊ အမ ၂၉၀၀ ပေါင် - ၃၃၀၀ ပေါင် |
အရွယ်ရောက်ချိန် | အထီး ၇ နှစ်၊ အမ ၅ နှစ် - ၆ နှစ် |
ကိုယ်ဝန်ဆောင်ကာလ | ၈ လ |
မွေးဖွားနှုန်း | ၁ကောင် -၂ ကောင်နှစ် |
သက်တမ်း | ၄၀ - ၅၀ နှစ် |
ထိန်းသိမ်းမှုအဆင့်သတ်မှတ်ချက် - ၂၀၀၆ ခုနှစ်တွင် IUCN Red List စာရင်းတင်သွင်းပြီး တရားမဝင် အမဲလိုက်ခြင်း မပြုရန်ကြေငြာထားသည်။
တွေ့ရှိရာဒေသ - အာဖရိကတိုက်၊ အီသီယိုးပီးယား၊ ဘောဇနီးယား၊ ဆူတန်၊ ကင်ညာ၊ တန်ဇန်နီယားနှင့် ဇင်ဘာဘွေတို့တွင်တွေ့ရှိရသည်။
သွင်ပြင်လက္ခဏာ - စည်ပိုင်းပုံကြီးမားသော ခန္ဓာကိုယ်ရှိသော်လည်း ခြေထောက်များမှာ တို၍ တုတ်သည်။ ကျယ်သောပါးစပ်တွင် ချွန်သောစွယ်သွားများရှိသည်။ ထူသော အရည်ပြားမှာ အနီရောင်အရည်များကို စစ်ထုတ်သော်လည်း ၎င်းတို့သည် ချွေး(သို့) သွေးများမဟုတ်ပါ။
နေထိုင်မှုသဘာဝ - အစာစားချိန်မှလွဲ၍ ရေစိမ်ခြင်းဖြင့် တနေကုန်အချိန်ဖြုန်းလေ့ရှိသည်။ ရေထဲ တွင် သားပေါက်ခြင်း၊ ကလေးနို့တိုက်ခြင်းကိုလည်း ပြုလုပ်လေ့ရှိသည်။ ရေထဲတွင် (၄) မိနစ်၊ (၅)မိနစ်ထိနေနိုင်ပြီး အိပ်ပျော်နေချိန်တွင်လည်း ရေပေါ်တက်ခြင်းနှင့် အသက်ရှုခြင်းကို မနိုးဘဲ ပြုလုပ်လေ့ရှိသည်။ ရေမြင်း သည်အလွန်စိတ်ဆိုးတတ်သောသတ္တဝါဖြစ်သည်။
အစားအစာ - ကန်စွန်းရွက်၊ ကနဖေါ့နှင့်မြက်များကို စားသုံးသည်။
Copyright 2018. All rights reserved.