မြန်မာတိုက်လိပ် – Yadanarbon Zoo

မြန်မာတိုက်လိပ်

မြန်မာတိုက်လိပ် (Batagur trivittata – Dumeril and Bibron ,1835)

ဝိသေသနလက္ခဏာများ  - ကျောခွံသည် ရှည်လျား၍ ခုံးပြီး အနောက်ဘက်တွင် အကျယ်ဆုံးဖြစ်သည်။ စူးရှသောအလယ်စောင့်မှာ အရွယ်ရောက်သောအခါ အလွန်အမင်း မသိသာတော့ပေ။ အထီးအမအလိုက် ကျော်ခွံ၏ အရောင်မှာ ကွာခြားသည်၊ အမမှာ အညို (သို့) မီးခိုးရောင်ဖြစ်ပြီး အထီး ထင်ရှားသော အမဲရောင်အစင်းကြီး ()ခုရှိသည်။ အရွယ်ရောက်လိပ်၏ ကျောခွံမှာ (၅၈) စင်တီမီတာထိရှိသည်။ ရင်ခွံမှာ အဝါရောင် (သို့) နို့နှစ်ရောင်ဖြစ်သည်။ ဦးခေါင်းနှင့်လည်ပင်းမှာ အညို (သို့) အစိမ်းရင့်ရောင်ဖြစ်သည် ဦးခေါင်းမှာ မကြီးမသေးဖြစ်ပြီး အနည်းငယ်ချွန်ထွက်နေသောနှာယောင်ရှိ သည်။ မေးရိုးဖျားမှာ ဖျော့သောအရောင်ရှိသည်။

ပေါက်ဖွားရှင်သန်ရာဒေသ - မြစ်ကြီးနား

ပျံ့နှံရာဒေသ - ယယင်က ဧရာဝတီမြစ် ချင်းတွင်းမြစ် စစ်တောင်းမြစ် နှင့်၎င်းတို့၏ မြစ်လက်တက်များတွင် တွေ့ရသည်။ ယခုအခါ ချင်းတွင်းမြစ်( ရှားပါးစွာတွေ့ရသည်။

အစားအစာ - အသီးအရွက်စားလိပ်ဖြစ်သည်            

ထိန်းသိမ်းစောင့်ရှောက်မှုအဆင့်သတ်မှတ်ချက် - အပြည်ပြည်ဆိုင်ရာ သဘာဝအရင်းအမြစ်များထိန်းသိမ်းရေးအဖွဲ့ IUCN Red List တွင် မျိုးသုဉ်းရန်အန္တရာယ်ရှိမျိုးစိတ်အဖြစ် ထည့်သွင်းထိန်းသိမ်းကာကွယ်ထားရှိပြီး၊ မြန်မာနိုင်ငံတွင် လုံဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များစာရင်းတွင် ထည့် သွင်း ထိန်းသိမ်းကာကွယ်စောင့်ရှောက်ထားပါသည်။

RELATED ANIMALS

Copyright 2018. All rights reserved.