ဦးခေါင်းမှ ခန္ဓာကိုယ်အရှည် | ၆ ပေ - ၈.၅ ပေ |
ခန္ဓာကိုယ်အလေးချိန် | ၄၄၀ ပေါင် - ၉၀၀ ပေါင် |
အရွယ်ရောက်ချိန် | အမ ၃နှစ်၊ အထီး (၅ - ၆)နှစ် |
ကိုယ်ဝန်ဆောင်ကာလ | ၁၂လ - ၁၃ လ |
မွေးဖွားနှုန်း | ၁ကောင် |
သက်တမ်း | ၂၀ - ၂၅ နှစ်။ |
သွင်ပြင်လက္ခဏာ - ခန္ခာကိုယ်ပေါ်ရှိ အဖြူအစင်းကြားများကို စုတ်တံပြားကြီးနှင့် ဆေးခြယ်ထား သကဲ့သို့ တွေ့ရသည်။ ထိုအစင်းကြောင်းများသည် လူလက်ဗွေကဲ့သို့ပင် တစ်ကောင်နှင့်တစ်ကောင် မတူညီပါ။ မြင်းကျားများတွင် အပေါ်သို့ ထောင်တက်နေသော ဇောင်းမွှေးများပါရှိပြီး ခန္ဒာကိုယ်ရှိအမွှေးများသည် နူးညံ့ပွယောင်းသည်။ မွေးကင်းစအကောင်ငယ်များသည် အဖြူနှင့်အညို ရောင်အစင်းများရှိသည်။
တွေ့ရှိရာဒေသ - အာဖရိကအရှေ့ပိုင်းဆူဒန်မှ ဇင်ဘာဘွေနိုင်ငံမြောက်ပိုင်းမြက်ခင်းလွင်ပြင် ဒေသ များတွင်တွေ့ရသည်။
နေထိုင်မှုသဘာဝ - အုပ်စုဖွဲ့နေထိုင်သောသတ္တဝါ ဖြစ်သည်။ မိသားစုလိုက်လည်းတွေ့ရပြီး အထီး ၁ကောင်၊ အမ (၁ ကောင် မှ ၆ ကောင်) နှင့် သားပေါက်များပါဝင် သည်။ အကယ်၍အထီး ထွက်သွားလျှင်(သို့) သေသွားပါက ၎င်းအုပ်စုသည် နောက်ထပ်အထီးတစ်ကောင်ထပ်မံရောက်ရှိသည့်အချိန်အထိ အတူတူနေ လေ့ရှိသည်။ အိပ်ချိန်တွင် အလှည့်ကျ ကင်းစောင်လေ့ရှိသည်။ အကာင်ငယ် များသည် မွေးပြီး မိနစ် ၂၀ အကြာတွင် လမ်းလျှောက်နိုင်၍ တစ်နာရီခန့် အကြာတွင် ပြေးနိုင်ပါသည်။ မတ်တပ်ရပ်အိပ်သောသတ္တဝါဖြစ်သည်။ အရွယ် ရောက်မြင်းကျားများသည် တစ်နာရီလျှင် ၃၅ မိုင်နှုန်း ပြေးနိုင်ပါသည်။ ရန်သူနှင့်ရင်ဆိုင်တွေ့ရသောအခါ မြွေလိမ်မြွေကောက်ပုံစံတူ ပြေးလွှား တတ်သောကြောင့် ဖမ်းဆီးရန် မလွယ်ကူချေ။
အစားအစာ - အဓိကအားဖြင့် အသီးအရွက်များကို စားသုံးသည်။ တစ်နေ့လျှင် ၂ ကြိမ် (သို့) ၃ ကြိမ် စားသည်။
ထိန်းသိမ်းမှုအဆင့်သတ်မှတ်ချက် - နေရင်းဒေသဆုံးရှုံးလာခြင်း၊ သားရေနှင့်အသားအတွက် အမဲလိုက်ခံ ရခြင်းတို့ကြောင့် မြင်းကျားအကောင်အရေအတွက်လျော့နည်းလာ သည်။မျိုးပြုန်းမှုအန္တရာယ် နည်းသေးသည့် သတ္တဝါဖြစ်သည်။
Copyright 2018. All rights reserved.