ဘင်္ဂလားကျား – Yadanarbon Zoo

ဘင်္ဂလားကျား

ဦးခေါင်းမှ ခန္ဓာကိုယ်အရှည် ၁.၉၇မီတာ - ၃.၆၉ပေ
ခန္ဓာကိုယ်အလေးချိန် ၉၁ ကီလိုဂရမ် - ၄၂၃ကီလိုဂရမ်
အရွယ်ရောက်ချိန် အထီး (၄ နှစ် - ၅ နှစ်) အမ(၃နှစ် - ၄နှစ်)
ကိုယ်ဝန်ဆောင်ကာလ ၁၀၃ရက်
မွေးဖွားနှုန်း ၁ကြိမ်လျှင် ၁ကောင်မှ၇ကောင်
သက်တမ်း ၁၆နှစ် - ၁၈နှစ်
ဘင်္ဂလားကျား (Panthera tigris tigris)

တွေ့ရှိရာဒေသ - အာရှတိုက်၊ တရုတ်ပြည်တောင်ပိုင်း၊ ကိုးရီးယား၊ အာဖဂန်နစ္စတန်မြောက်ပိုင်း၊ အိန္ဒိယ၊ အင်ဒိုချိုင်း နား၊ ဆူမားတြား၊ ဂျာဗားနှင့် မြန်မာနိုင်ငံတွင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် တွေ့နိုင်ပါသည်။

သွင်ပြင်လက္ခဏာ - အောက်ခံညိုဝါရောင် ပေါ်တွင်အနက်ရောင်အစင်းများထင်ရှားစွာပါရှိပြီး နားရွက်ပေါ်တွင် အဖြူ အစက်များပါရှိပါသည်။ သန်မာထွားကြိုင်းသောလက်ဖဝါးကြီးများရှိပြီး ခြေသည်း၊ လက်သည်း များသည် ချွန်ထက်၍ သန်မာပါသည်။

နေထိုင်မှုသဘာဝ - အပူပိုင်းအမြဲစိမ်းတော၊ ထင်းရူးတော၊ လမုတောများနှင့် ခြောက်သွေ့တောများတွင် လှည့်လည် ကျက်စားသည်။ မိတ်လိုက်ချိန်မှလွဲ၍ တစ်ကောင်တည်းနေလေ့ရှိသည်။ ညဘက်တွင် အစာရှာ ထွက်လေ့ရှိပြီး နေ့ဖက်တွင်အိပ်စက်လေ့ရှိသည်။ အချင်းချင်းအသံဖြင့်လည်းကောင်း၊ အနံ့ဖြင့် လည်းကောင်း ဆက်သွယ်လေ့ရှိသည်။

အစားအစာ ငှက်များ၊ သမင်၊ ဒရယ်၊ ပြောင်၊ မျောက်၊ ဆင်ပေါက်၊ ကြံ့ပေါက်ငယ်များကို ဖမ်းယူ စား သောက်သည်။ တစ်ခါတစ်ရံ အိမ်မွေးတိရစ္ဆာန်များ၊ မိကျောင်းများကိုပင် အမဲလိုက်တတ်ပါသည်။

ထိန်းသိမ်းမှုအဆင့် သတ်မှတ်ချက် အပြည်ပြည်ဆိုင်ရာ သဘာဝအရင်းအမြစ်များထိန်းသိမ်းရေးအဖွဲ့ IUCN Red List တွင် မျိုးသုဉ်းရန်အန္တရာယ်ရှိမျိုးစိတ်အဖြစ် ထည့်သွင်းထိန်းသိမ်းကာကွယ်ထားရှိပြီး၊ မြန်မာနိုင်ငံတွင် လုံဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များစာရင်းတွင် ထည့် သွင်း ထိန်းသိမ်းကာကွယ်စောင့်ရှောက်ထားပါသည်။

ကမ္ဘာပေါ်တွင် ရှင်သန်နေထိုင်သည့် ကျားမျိုးစိတ် (၉) မျိုးနှင့် ယင်းတို့အထဲမှ မျိုးသုဉ်းပျောက်ကွယ်သွားပြီးဖြစ်သည့် ကျားမျိုးစိတ်စာရင်း

(၁) Bali tiger (၁၉၃၀ ခုနှစ်တွင်မျိုးတုန်းသည်)

(၂) Caspian tiger (၁၉၇၀ ခုနှစ်တွင်မျိုးတုန်းသည်)

(၃) Java tiger (၁၉၈၀ ခုနှစ်တွင်မျိုးသုဉ်းသည်)

(၄) South China tiger

(၅) Bengal tiger

(၆) Sumatran tiger

(၇) Indochinese tiger

(၈) Malayan tiger

(၉) Siberian tiger

မှတ်ချက်။ ယနေ့ကမ္ဘာပေါ်တွင် ခန့်မှန်းကျားကောင်ရေ ၃၀၀၀ ခန့်သာကျန်ရှိပြီး မျိုးသုဉ်းမှုအန္တရာယ်နှင့် ရင်ဆိုင်ကြုံ တွေ့နေရသောသတ္တဝါဖြစ်ပါသည်။

RELATED ANIMALS

Copyright 2018. All rights reserved.