ဦးခေါင်းမှ ခန္ဓကိုယ်အရှည် | ၈ ပေ - ၁၀ ပေ။ |
ခန္ဓကိုယ်အလေးချိန် | ၁၁၀၀၀ ပေါင်။ |
အရွယ်ရောက်ချိန် | ၁၀ နှစ် |
ကိုယ်ဝန်ဆောင်ကာလ | ၁ နှစ် ၁၀ လ |
မွေးဖွားနှုန်း | ၁ကောင် |
သက်တမ်း | ၈၀နှစ် |
ထိန်းသိမ်းမှုအဆင့်သတ်မှတ်ချက် - အလွန်အကျွံ့အမဲလိုက်ခြင်း၊ နေရင်းဒေသများပျက်စီးယိုယွင်းလာခြင်းတို့ကြောင့် အပြည် ပြည်ဆိုင်ရာ သဘာဝအရင်းအမြစ်များထိန်းသိမ်းရေးအဖွဲ့IUCN မှ မျိုးသုဉ်းရန်အန္တရာယ်ရှိ မျိုးစိတ်အဖြစ်ထည့်သွင်း ထိန်းသိမ်းကာကွယ်ထားပါသည်။ မြန်မာနိုင်ငံတွင်လည်း လုံးဝ ကာကွယ်ထားသည့် စာရင်းတွင်ထည့်သွင်း၍ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ထားပါ သည်။
တွေ့ရှိရာဒေသ - အာရှတိုက်၌ အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မြန်မာနှင့် လာအိုနိုင်ငံတို့တွင် တွေ့ရသည်။ မြန်မာနိုင်ငံတွင် မေယုသစ်တောကြိုးဝိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းရိုးမ၊ ပဲခူးရိုးမ၊ ရခိုင်ပြည်နယ်တို့တွင် တွေ့ရပါသည်။
သွင်ပြင်လက္ခဏာ - အာရှဆင်ထီးများတွင်အစွယ်များပါရှိပြီး အမများတွင် အစွယ်မပါရှိပေ။ ချောမွတ် သွယ်တန်းပြီး ရှည်လျားသောနှာမောင်းရှိသည်။ ၎င်းတို့၏ ဦးနှောက် အလေးချိန်မှာ ၁၁ ပေါင်မျှသာရှိသော်လည်းမှတ်ဉာဏ်စွမ်းရည်မှာ ၅ နှစ် အရွယ်ကလေးတစ်ယောက်၏ မှတ်ဉာဏ်နှင့်တူညီပါသည်။ ညိုမဲရောင် သို့မဟုတ် ညိုမွဲရောင်အသားရှိပြီး ခြောက်သွေ့ နေပါက ခန္ဓာကိုယ်အရောင်ဖျော့၍ ရေစိုစွတ်နေပါက အနက်ရောင်ဖြစ်ပေါ်နေပါသည်။ ဦးခေါင်းမှာတုတ်ခိုင်၍ နားရွက်မှာ တြိဂံပုံရှိပါသည်။ အရေပြားထူသော်လည်း ဦးခေါင်းပိုင်း နှင့် တင်ပါးပိုင်းတွင်ရှိသောအရေပြားမှာ ပါးပါသည်။
နေထိုင်မှုသဘာဝ - ဆင်များသည်(၅)ကောင်မှ အကောင်(၂၀)ထိ အုပ်စုလိုက် နေထိုင်ကျက်စားပါသည်။ နေ့ရော ညပါကျက်စားသောသတ္တဝါများဖြစ်ကြပါသည်။ ရေကူးအထူးကျွမ်းကျင်ပါသည်။ အမြင်အာရုံအားနည်းသော်လည်း အနံ့ခံမှုနှင့် အကြားအာရုံလွန်စွာကောင်းပါသည်။ အမြင် အာရုံအားနည်းရခြင်းမှာ ၎င်းတို့တွင် ထူကဲရှည်လျားသော မျက်တောင်မွှေးများရှိခြင်း ကြောင့်ဖြစ်ပါသည်။ တစ်ခါအိပ်လျှင် (၂) နာရီ (၃) နာရီမျှသာအိပ်ပြီး အိပ်ချိန်အလွန် နည်းပါးပါသည်။ တစ်နေ့လျှင် အစာပေါင် (၅၀၀) ခန့်စားနိုင်ပြီး အစာမခြေနိုင်သည့် အတွက် စားထားသောအစာ၏ တစ်ဝက်ခန့်ကို မစင်အဖြစ်ပြန်လည် စွန့်ပစ်ပါသည်။ ရေ (၁၈) ဂါလံမှ (၂၃) ဂါလံထိသောက်နိုင်ပြီး တစ်နေ့လျှင် (၁၅) ကြိမ်မှ (၂၀) ကြိမ် ကျင်ငယ် စွန့်ပါသည်။ ကျန်းမာသန်စွမ်းသည့် ဆင်ထီးတိုင်းတွင် နှစ်စဉ် မုန်ကျတတ်ပါသည်။ တစ်ကြိမ်မုန်ကျလျှင် (၂) ပတ်ခန့်ကြာမြင့်တတ်ပြီး ထိုအချိန်တွင် ရန်မူတတ်ပါသည်။
အစားအစာ - ကြံ၊ သစ်သီး၊ ဝါး၊ မြက်နုရှည်မျိုး၊ နွယ်ပင်နှင့် ချုံပင်အမျိုးမျိုး၊ သစ်သီးသစ်ရွက်များကို စားသုံးကြသည်။
Copyright 2018. All rights reserved.