ဆင်လိမ္မာလေးရတနာရွှေ – Yadanarbon Zoo

ဆင်လိမ္မာလေးရတနာရွှေ

ဆင်လိမ်မာလေးရတနာရွှေကို သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းကျေးရွာမှရရှိခဲ့ခြင်းဖြစ်ပြီး တောဆင်ရိုင်းအုပ်များသွားရာ လမ်းကြောင်းအနီး သစ်တောဦးစီးဌာနမှတွေ့ရှိသောကြောင့် ဖမ်းယူထိန်းသိမ်းစောင့်ရှောက်ခဲ့ပါတယ်။ ဥယျာဉ်သို့ရောက်ရှိစဉ် အချိန်မှာ လသားအရွယ်ခန့်သာရှိခဲ့ပြီး ယခုအခါ အသက်အားဖြင့်  (၁၅) နှစ်ကျော်ခန့် ရှိနေပြီးဖြစ်ပါသည်။ တိရစ္ဆာန် ဥယျာဉ်(ရန်ကုန်)ရှိ ဆင်မကြီးမိုမိုကဲ့သို့ အသိညဏ်ရှိပြီး ဥယျာဉ်သို့ အပန်းဖြေလာရောက်လည်ပတ်သော ဧည့်သည်များအား  ဘာဂျာမှုတ်ခြင်း ၊ ကပြဖျော်ဖြေ ခြင်းနှင့် ရှိခိုးဦးချခြင်းတို့ကို ကောင်းစွာလုပ်ပြတတ်သော ဆင်မလေးတစ်ကောင်ဖြစ်ပါသည်။ သို့သော်  Animal Welfare Act (AWA) နှင့်အညီ တိရစ္ဆာန်များကပြခြင်းကိုမပြုလုပ်တော့သော်လည်း ဆင်များကိုအစာကျွေးရင်း နာမည်ခေါ်ပါက  ပြန်လည်အော်သံပြု၍တုန့်ပြန်တတ်သည့်ဆင်မလေးကို အံသြသင့်စရာကောင်းလောက်အောင် မြင်တွေ့ရမည်ဖြစ်ပါသည်။

Copyright 2018. All rights reserved.