ယနေ့တွင် Htoo Zoos & Gardens Business Unit မှ ကြီးမှူး၍ တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) မှ အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်)သို့ စီးနင်းယှဉ်ပြိုင်ကြသည့် (MTB) စက်ဘီးစီးပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
✨️🎊(MTB) လူသစ်တန်း စက်ဘီးစီးပြိုင်ပွဲကြီးကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါပြီ 🚴♂️💨
အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲဝင် စုစုပေါင်း(၄၉၁) ဦးစာရင်းပေးသွင်းပြီး အမျိုးသားပြိုင်ပွဲဝင်(၄၆၁)ဦးနှင့်အမျိုးသမီးပြိုင်ပွဲဝင်(၃၀)ဦးတို့မှ ပါဝင်ဆင်နွှဲခဲ့ကြပြီး စိတ်ဓါတ်ခွန်အားအပြည့်ဖြင့် ပန်းတိုင်အထိ အရောက်လှမ်းနိုင်ခဲ့ကြပါသည်။ ဆုတံဆိပ်များကိုလည်းအသီးသီး ဆွတ်ခူးရရှိခဲ့ကြသူများမှာ -
🏆 အမျိုးသား (MTB) ဆုရရှိသူ များမှာ
၁။ ပထမဆု ငွေသား (၁,၅၀၀,၀၀၀ )သိန်းကျပ် (အမှတ်စဉ်- ၀၀၆၃) မောင်ကျော်သူဆွေ
၂။ ဒုတိယဆု ငွေသား (၁,၂၀၀,၀၀၀ ) သိန်းကျပ် (အမှတ်စဉ်-၀၁၆၈) မောင်သန်းမြင့်ခိုင်
၃။ တတိယဆု ငွေသား (၁,၀၀၀,၀၀၀)သိန်းကျပ် (အမှတ်စဉ်- ၀၅၃၂ ) မောင်အောင်ခန့်ဟိန်း
🏆 အမျိုးသမီး (MTB) ဆုရရှိသူ များမှာ
၁။ ပထမဆု _ ငွေသား (၁,၅၀၀,၀၀၀ )သိန်းကျပ် (အမှတ်စဉ်- ၀၂၀၂) မဇီဇဝါစိုး
၂။ ဒုတိယဆု _ ငွေသား (၁,၂၀၀,၀၀၀ )သိန်းကျပ် (အမှတ်စဉ်- ၀၁၅၂ ) မခိုင်ဝါ
၃။ တတိယဆု - ငွေသား (၁,၀၀၀,၀၀၀ )သိန်းကျပ် (အမှတ်စဉ်- ၀၂၀၀ ) မအိသူဇာ တို့မှဆွတ်ခူးရရှိခဲ့ပါတယ်ရှင်
ထို့အပြင် ပြိုင်ပွဲဝင် အမျိုးသား/ အမျိုးသမီး အမှတ်စဉ် (၄ မှ ၁၃) အထိ ပန်းဝင်လာသည့် အားကစားသမားများအားငွေကျပ်(၂၀၀,၀၀၀)ကျပ်စီ၊အမှတ်စဉ် (၁၄ မှ ၂၃) အထိ ပန်းဝင်လာသည့် အားကစားသမားများအားငွေကျပ်(၁၀၀,၀၀၀) ကျပ်စီနှင့်အတူ အသက် (၆၀) နှစ်အထက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် အားကစားသမားကြီးများအားငွေကျပ်( ၁၅၀,၀၀၀)ကျပ်ကို အထူးဆုများအနေဖြင့် အသီးသီး ပေးအပ်ချီးမြှင့်ပေးခဲ့ပါသည်။
ကံစမ်းမဲအစီအစဉ် အနေဖြင့် Kandawgyi Hill Resort တွင် (၁) ည တည်းခိုခွင့်ကို ကံထူးသူ (၁၀) ဦးတိတိ မဲဖောက်ပေးခဲ့ပါတယ်ရှင်။ 🏨✨
ကံထူးရှင်များသည် (၂) လအတွင်း တည်းခိုခွင့်ရရှိမှာဖြစ်ပါတယ်ရှင်
🙏 ကျေးဇူးတင်လွှာအနေဖြင့် ယနေ့ ကျင်းပပြုလုပ်ခဲ့သည့် (MTB) စက်ဘီးပြိုင်ပွဲ ဖြစ်မြောက်ရေးအတွက် လမ်းညွှန်ပြသပေးခဲ့သော မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ သစ်တောဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန တို့ကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါသည်။
ထို့အပြင် ပိုမိုပြည့်စုံမှုရှိစေရန် ပံ့ပိုးကူညီပေးခဲ့ကြသည့် -
🔹 FNI Insurance (General)
🔹 Royal-D
🔹 MAMA ခေါက်ဆွဲ
🔹 FM Bagan
တို့ကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
🏅🚴♂️အားကစားစိတ်ဓာတ်အပြည့်၊ ဇွဲ၊ လုံ့လ၊ အားမာန်တို့ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော ပြိုင်ပွဲဝင်အားလုံးကို ဂုဏ်ယူစွာ မှတ်တမ်းတင်အပ်ပါသည်။
ဆက်လက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲတိုင်းမှာလည်း အောင်မြင်မှုများနှင့်အတူ မိမိတို့၏ အိပ်မက်များကို အကောင်အထည်ဖော်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ✨️🎊🌟💪
#YadanabonZoo #NationalKandawgyiGardens #NationalLandmarksGarden #MTBMyanmar #CyclingLife #SportsMyanmar
#Congratulations